ပဲခူး ဒီဇင်ဘာ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒုတိယအကြိမ် မဲစာရင်းကို အခြေခံပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိနိုင်ရေး Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးပြီးဖြစ်ကြောင်း၊ မဲရုံမှူးအပါအဝင် မဲရုံတာဝန်ကျဝန်ထမ်းများအား ထပ်မံ၍မွမ်းမံ သင်တန်းများပေးသွားရမှာဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတစ်ယောက်၏ မွေးရာပါအခွင့် အရေးတစ်ရပ်ဖြစ်၍ လုံခြုံအေးချမ်းလွတ်လပ်စွာ မဲပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ MEVM မဲပေးစက်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ သရုပ်ပြသခြင်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)တွင်ကျင်းပမည့် မြို့နယ်(၈)မြို့နယ်အပြင် အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် ဆက်လက်ကျင်းပသွားမည့် မြို့နယ်(၂၀)မြို့နယ် တို့တွင်လည်း ရွေးကောက်ပွဲဆိုင်ရာလိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် MEVM …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website