ပဲခူး ဒီဇင်ဘာ ၁၉ ပဲခူးမြို့၊ ညောင်အင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းက (၈၈)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာ ဒုံးအဖွဲ့က “တောင်ပေါ်ရိုးရာအိုးစည်” သီချင်းဖြင့် အကဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ မတူကွဲပြားကြသော်လည်း တိုင်းရင်းသားများ အားလုံး မိသားစုစိတ်ဓာတ်မွေးမြူပြီး တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားလေးစား၍ အတူတကွ နေထိုင်လာခဲ့ကြကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းရင်းသားများနဲ့ သက်ဆိုင်တဲ့ စာပေ၊ ဘာသာစကားစသည်တို့ ဖွံ့ဖြိုးတိုးတက်စေဖို့ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများ ခန့်ထားပေးခြင်းနဲ့ ကျောင်းချိန်ပြင်ပ နွေရာသီမွမ်းမံသင်တန်းများကိုလည်း နှစ်စဉ် ပြုလုပ်ပေးခဲ့ပြီး တိုင်းရင်းသားများအနေနဲ့ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website