ပဲခူး ဒီဇင်ဘာ ၃၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)အား အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဆက်လက်၍ အပိုင်း(၂)ကျင်းပချိန်တွင် လိုအပ်ချက်များမဖြစ်ပေါ်စေရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်သူများ ဆန္ဒမဲပေး ရာတွင် မြန်ဆန်ချောမွေ့စေရေးအတွက် တတိယအကြိမ်ထုတ်ပြန်ထားသည့် မဲစာရင်းမှ မဲစာရင်းအမှတ်စဉ် ကို ကြိုတင်သိရှိထားနိုင်ရေး လက်ဝယ်အရောက်ဖြန့်ဝေပေးထားရမှာဖြစ်သည့်အပြင် မဲရုံပြင်ပတွင်လည်း မဲစာရင်းရှာဖွေပေးနိုင်သည့် laptopများ၊ Mobile Phoneများဖြင့် ရှာဖွေပေးသွားရမှာဖြစ်ကြောင်း၊ ဆန္ဒမဲပေးသူများ အေးဆေးသက်သာစွာ မဲပေးနိုင်ရေး သက်ဆိုင်ရာမဲရုံများအလိုက် ယာယီနားခိုရန်နေရာ များ စနစ်တကျ ဆောင်ရွက်ထားရမှာဖြစ်ကြောင်း၊ မဲရုံမှူးများ၊ ဒုမဲရုံမှူးများနှင့် မဲရုံတာဝန်ကျ ဝန်ထမ်းများအား မဲရုံလုပ်ငန်း စဉ်အဆင့်ဆင့်အား …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website