Home / 2025 / December (page 4)

Monthly Archives: December 2025

တောင်ငူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များ ရောင်းချခြင်း

တောင်ငူ ဒီဇင်ဘာ ၂၂ တောင်ငူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်/ သက်တမ်းတိုးစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်ရေး အသိပေး ကြေညာအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်—————-

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် (၃၇)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပြည် ဒီဇင်ဘာ ၂၂           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်အတူ ဒီဇင်ဘာလ(၂၂)ရက်နေ့ နံနက်ပိုင်းက ပြည်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၇)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့ ခုတင်(၅၀၀)ဆံ့  အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေး နေမှုအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားကာ  လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား …

Read More »

(၈၈)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး ဒီဇင်ဘာ ၁၉           ပဲခူးမြို့၊ ညောင်အင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းက (၈၈)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာ ဒုံးအဖွဲ့က “တောင်ပေါ်ရိုးရာအိုးစည်” သီချင်းဖြင့် အကဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ မတူကွဲပြားကြသော်လည်း တိုင်းရင်းသားများ အားလုံး မိသားစုစိတ်ဓာတ်မွေးမြူပြီး တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားလေးစား၍ အတူတကွ နေထိုင်လာခဲ့ကြကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းရင်းသားများနဲ့ သက်ဆိုင်တဲ့ စာပေ၊ ဘာသာစကားစသည်တို့ ဖွံ့ဖြိုးတိုးတက်စေဖို့ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများ ခန့်ထားပေးခြင်းနဲ့ ကျောင်းချိန်ပြင်ပ နွေရာသီမွမ်းမံသင်တန်းများကိုလည်း နှစ်စဉ် ပြုလုပ်ပေးခဲ့ပြီး တိုင်းရင်းသားများအနေနဲ့ …

Read More »

ပဲခူးမြို့အား ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်နိုင်ရေးနှင့် ပဲခူးမြစ်ကမ်းနားတစ်လျောက် သန့်ရှင်းသာယာလှပ စေရေး တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဒီဇင်ဘာ ၁၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၁၈)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့အား ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်နိုင်ရေးနှင့် ပဲခူးမြစ်ကမ်းနားတစ်လျောက် သန့်ရှင်းသာယာလှပစေရေး တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့မဈေးအနီး၊ ပဲခူးတံတား အထက်ဘက်အခြမ်းနှင့် အောက်ဘက်ခြမ်း ဝဲယာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် Bored Pile အခြေပြု ကျောက်/ကွန်ကရစ် မြေထိန်းနံရံတည်ဆောက်နေမှုနှင့် ဇိုင်းဂနိုင်းမြောက်ပိုင်းပန်းခြံ တည်ဆောက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း များ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရေကြီးရေလျှံမှုမဖြစ်စေရေးနှင့် ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပဲခူးမြို့အတွင်းသို့ ဝင်ရောက်နိုင်သည့် အနိမ့်ပိုင်းမှ ချောင်းများကိုလည်း‌ ရေတံခါးတပ်ဆင်နိုင်ရေး ကွင်းဆင်းတိုင်းတာတွက်ချက်တင်ပြရန်၊ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒုတိယအကြိမ် မဲစာရင်းကို အခြေခံပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိနိုင်ရေး Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးပြီးဖြစ်ကြောင်း၊ မဲရုံမှူးအပါအဝင် မဲရုံတာဝန်ကျဝန်ထမ်းများအား ထပ်မံ၍မွမ်းမံ သင်တန်းများပေးသွားရမှာဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတစ်ယောက်၏ မွေးရာပါအခွင့် အရေးတစ်ရပ်ဖြစ်၍ လုံခြုံအေးချမ်းလွတ်လပ်စွာ မဲပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ MEVM မဲပေးစက်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ သရုပ်ပြသခြင်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)တွင်ကျင်းပမည့် မြို့နယ်(၈)မြို့နယ်အပြင် အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် ဆက်လက်ကျင်းပသွားမည့် မြို့နယ်(၂၀)မြို့နယ် တို့တွင်လည်း ရွေးကောက်ပွဲဆိုင်ရာလိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် MEVM …

Read More »

ပဲခူးတိုင်းဒေသကြီး(အရှေ့) ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦမျိုးဆွေဝင်း တက်ရောက်ကြည်ညို

ပဲခူး ဒီဇင်ဘာ ၁၅           ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဒီဇင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အရှေ့)ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦမျိုးဆွေဝင်း တက်ရောက်ကြည်ညိုခဲ့သည်။           ရှေးဦးစွာ အခမ်းအနားအား ဆရာတော်/သံဃာတော်များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဧည့်ပရိသတ်များက “နမောတဿ” မဟာပဏာန ဘုရားရှိခိုး၍ ဖွင့်လှစ်တော်မူခဲ့ကြ သည်။           ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တသူရိယ မထေရ်မြတ်ထံမှ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့) ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်း အဖွင့်သာရဏီယကထာအား နာယူခဲ့ကြသည်။           ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက် ထားခဲ့သည်။ ၎င်းနောက် …

Read More »

ဒီဇင်ဘာအားကစားလ(ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပါဝင်ဆင်နွှဲ

ပဲခူး ဒီဇင်ဘာ ၁၃           ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင်ကျင်းပပြုလုပ်သည့် ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ သင်တန်းသား/ သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယ ပညာဦးစီးဌာနမှကျင်းပပြုလုပ်သည့် ဒီဇင်ဘာလ(ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ရောက်ရှိခဲ့ပြီး ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့မှစတင်၍ စုပေါင်းလမ်းလျှောက်ခဲ့ ကြပြီး ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ (၁)နှင့် အတွဲ(၂)တို့အား ပြုလုပ်ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာလွန်ဆွဲပြိုင်ပွဲ၊ အပျော်တမ်း ဘောလုံးဂိုးကျဉ်း သွင်းပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ခါးကွင်းလှည့်ပြိုင်ပွဲတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး ဒီဇင်ဘာ ၁၀           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ အုတ်ဖိုကျေးရွာအုပ်စု၊ ကျုံးရိုးကျေးရွာ၌ ပဲခူးမြစ်ကမ်းပြိုကျနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ကွေ့များပြားသည့် နေရာဖြစ်၍ ရေလမ်းကြောင်းဖြတ်ဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်သွားရန်၊ စိုက်ပျိုးမြေဆုံးရှုံးမှုအနည်းဆုံး ဖြစ်စေရေး Pilot Project ဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်း တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လျှပ်စစ်မီးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာအဝင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်သည့် လုပ်ငန်းခွင်သို့ရောက်ရှိခဲ့ပြီး ပွင့်လင်းရာသီအတွင်း အချိန်မီ ပြီးစီးရန်၊ လမ်းအရည်အသွေးပြည့်မီမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် လမ်းပုခုံးသားများအမာခံ ရရှိသည်အထိ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ …

Read More »

ပဲခူးမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး ဒီဇင်ဘာ ၈           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုဝင်ဘာလ(၂၅)ရက်နေ့ကို အပြည်ပြည် ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်ရေးနေ့အဖြစ် သတ်မှတ်ထားရှိပြီး နိုဝင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားရှိခြင်းကြောင့် နှစ်စဉ်ကျင်းပ ပေးခဲ့ကြောင်း၊ မျက်မှောက်ခေတ်တွင် ဒစ်ဂျစ်တယ်နည်းပညာ အရှိန်ပြင်းပြင်းဖြင့် တိုးတက်လာမှုပေါ် တလွဲအသုံးချကာ အင်အားနည်းပါးသူ၊ မသိနားမလည်သူများကို ပစ်မှတ်ထားပြီး လိုသလိုအသုံးပြုရန် အတွက် သားကောင်အဖြစ်ရှာဖွေလာကြကြောင်း၊ ကျား၊မအခြေပြု အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက် နိုင်ရေးအတွက် (၂၄)နာရီ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသလို ၂၀၂၂ ခုနှစ်မှစ၍ မည်သည့် …

Read More »

ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ ပါဝင်ဆင်နွှဲ

ပဲခူး ဒီဇင်ဘာ ၆           ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင်ကျင်းပပြုလုပ်သည့် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ သင်တန်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယ ပညာဦးစီးဌာနမှကျင်းပပြုလုပ်သည့် ဒီဇင်ဘာလ(ပထမအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ရောက်ရှိ ခဲ့ပြီး ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့မှစတင်၍ စုပေါင်းလမ်းလျှောက်ကြပြီး ဘောလုံးကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)နှင့် အတွဲ(၂) တို့အား ပြုလုပ်ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဌာနဆိုင်ရာလွန်ဆွဲပြိုင်ပွဲ၊ အပျော်တမ်း သံပုံးရိုက်ပြိုင်ပွဲ၊ ဘောလုံးဂိုးကျဉ်းသွင်းပြိုင်ပွဲနှင့် ဘက်စကတ်ဘောဂိုးသွင်းပြိုင်ပွဲတို့အား ကြည့်ရှုအားပေး ခဲ့ကြသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက စုပေါင်းလမ်းလျှောက်ပွဲ(ပထမပါတ်) …

Read More »