Home / 2025 (page 2)

Yearly Archives: 2025

ပြည်မြို့နယ်အတွင်း အားကစားကဏ္ဍနှင့် သဲကုန်းမြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝများ ဘက်စုံမြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပြည် နိုဝင်ဘာ ၂၉           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်တို့သည် ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း အားကစား ကဏ္ဍဘက်စုံမြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဒုတိယဝန်ကြီးတို့သည် ပြည်မြို့၊ ကမ်းနားလမ်းဘေးရှိ ခေတ္တရာဧရာပန်းခြံ ဘက်စုံအဆင့်မြှင့်တင်နေမှု၊ ကမ်းနားလမ်းတိုးချဲ့ဆောင်ရွက်နေ မှု၊ နိုင်ငံတကာအဆင့်မီ Coffee Shop များ တည်ဆောက်နေမှုနှင့် ဘူးခါးရိုးချောင်းအား လူကူးကြိုးတံတား တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သညများ လမ်းညွှန်မှာကြားခဲ့ သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ပြည်မြို့၊ ရွှေဂူရပ်ကွက်ရှိ ခေတ္တရာပြည်သူ့ခန်းမ (ဘက်စုံသုံးအားကစားခန်းမ)နှင့်  မြို့နယ်အားကစားကွင်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်းဧရိယာအတွင်း ကျူးကျော်မှုများမရှိစေရေး၊ အားကစားနှင့်သက်ဆိုင် သည့် အဆောက်အဦများသာထားရှိရန်၊ ဘောလုံးကွင်းဧရိယာအား သန့်ရှင်းသပ်ရပ်မှုရှိစေရေး …

Read More »

ပဲခူးမြို့ရှောင်လမ်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့ဆက်သွယ်ထားသည့် လမ်းဖွင့်ပွဲကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၈           ပဲခူးမြို့၌ ပဲခူးမြို့ရှောင်လမ်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့ ဆက်သွယ်ထားသည့် လမ်းဖွင့်ပွဲ အခမ်းအနားအား နိုဝင်ဘာလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ ရောက်ရှိလာခဲ့ရာ ဘင်ခရာအဖွဲ့နှင့် ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာမှ ကရင်တိုင်းရင်းသား/သူများက ကရင်ဒုံးယိမ်းအက ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့တွင်းလမ်းပိုင်းများတွင် ယာဉ်ကြောရှုပ်ထွေးကြပ်တည်းမှုမဖြစ်စေရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းပြီး စိတ်အေး ချမ်းသာစွာဖြင့် ဆက်သွယ်သွားလာနိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် စတင်၍ ယခုလမ်းကို စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပဲခူးမြို့မှ ရန်ကုန်-မန္တလေး အမြန်လမ်းသို့ သွားရာတွင် ဘုရားကြီးမြို့မှ တစ်ဆင့်သွားလာခဲ့ရပြီး ပဲခူးဒေသသည် မိုးများသည့်ဒေသဖြစ်၍ နှစ်စဉ် …

Read More »

ပြည်မြို့၌ ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်တို့အတွက် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder) လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပပြုလုပ်

ပြည် နိုဝင်ဘာ ၂၈           ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်နှင့် နတ်တလင်း ခရိုင်တို့အတွက် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder) လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စပါးသီးနှံအပါအဝင် သီးနှံများစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဧရိယာတိုးချဲ့ခြင်းထက် ပိုမို လက်တွေ့ကျတဲ့ သီးနှံအလိုက် တစ်ဧကအထွက်နှုန်းတိုးတက်ရေး ၊ သီးထပ်စွမ်းအားနဲ့ သီးနှံစိုက်စွမ်းအား တိုးတက်ရေးတို့ကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စပါးသီးနှံ ပန်းတိုင် အထွက်နှုန်း ထွက်ရှိရေးအတွက် နည်းလမ်းကြံဆဆောင်ရွက်တဲ့နေရာမှာ စိုက်စနစ်မှန်ကန်ရေးက အလွန်အရေးကြီးပြီး တစ်ဧက သတ်မှတ် အပင်ဦးရေ မှန်ကန်၊ ပြည့်မီအောင် စိုက်ပျိုးနိုင်တဲ့ နည်းလမ်းများ ဖြစ်တဲ့ ပျိုးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ တိုက်ရိုက်မျိုးစေ့ချ ကိရိယာ(Drum Seeder)ဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ကွင်းဆင်းစစ်ဆေး

သာယာဝတီ နိုဝင်ဘာ ၂၇            ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ သုံးဆယ်မြို့၊ ဗေဒင်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဒုတိယအကြိမ်မဲစာရင်းထုတ်ပြန်ကြေညာမှုအား အများပြည်သူစိတ်ဝင်တစား လာရောက်ကြည့်ရှုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မဲစာရင်းလာရောက်ကြည့်ရှုကြသည့် ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။              ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နတ်တလင်းခရိုင်၊ ဇီးကုန်း စျေးအတွင်း ယခင်ပျံကျသားငါးစျေးရုံးအား တိုင်းဒေသကြီးအစိုးရအဖွဲ့  ခွင့်ပြုရန်ပုံငွေကျပ်(၁၁၅.၂)သန်း ဖြင့် အရှည်(၉၆)ပေ၊ အကျယ်(၄၀)ပေ၊ အမြင့် (၁၂)ပေရှိ ဆိုင်ခန်း(၉၀)ခန်းပါ စျေးရုံအသစ် တည်ဆောက် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စျေးရုံများအလိုက် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သဲကုန်းမြို့နယ်၊ အင်းမမြို့၊ မြို့လယ်ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး နိုဝင်ဘာ ၂၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူး မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (အင်းတကော်)သို့ ရောက်ရှိခဲ့ပြီး “ရာဘာနှင့်ကြားသီးနှံစိုက်ခင်း” ရိုဘက်စတာ(မြေနိမ့်ကော်ဖီ)နှင့် ကိုကိုးသီးနှံ ပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကော်ဖီပျိုးပင်အား စိုက်ပျိုးပေးခဲ့ကာ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင် ခရိုင်တို့မှ နှစ်ရှည်သီးနှံစိုက်ပျိုးသည့် ခြံပိုင်ရှင်များခေါ်ယူ၍ အသိပညာ ပေးရန်၊ ကော်ဖီပျိုးပင်များ ဖြန့်ဝေပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး နိုင်ငံအသီးသီးမှ စိုက်ပျိုး လျက်ရှိသည့် စက်မှုကုန်ကြမ်း သီးနှံရာဘာပင်များအား မျိုးကိုင်းပွားနည်းဖြင့် မျိုးထိန်းသိမ်း စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် ရှင်းလင်းဆောင်၌ ခြံတာဝန်ခံဦးတင့်လွင်ဦးက …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းပါရှိနိုင်ရေး ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြား

ပဲခူး နိုဝင်ဘာ ၂၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း MEVM မဲပေးစက်ဖြင့် မဲပေးခြင်းသရုပ်ပြသနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၌ ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ကြေညာထားရှိမှုနှင့် ပုညနိမ္မိတဓမ္မာရုံကြီး၌  MEVM မဲပေးစက်ဖြင့် မဲပေးခြင်းသရုပ်ပြသနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြို့နယ်/ဒေသ အလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းပါရှိနိုင်ရေး အထူးအလေးထား ဆောင်ရွက်သွားရန်နှင့် မဲရုံများ အလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်နှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၅) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်း ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် စပါး(၂)သီးစိုက်လယ်မြေများတွင် တန်ဖိုးမြှင့် ပေါ်ဆန်းစပါးမျိုးများ ဇုန်အလိုက်ဖော်ဆောင်စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက်ပန်းတိုင် အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံကောင်းမွန်စေရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိသလို ခိုင်မာသည့်ဈေးကွက်ရရှိရေးကိုလည်း ဖော်ဆောင်ပေးသွားရမှာဖြစ်ကြောင်း၊ မွေးမြူရေးနှင့် ပတ်သက်၍ ဒေသထွက်အစားအစာများဖြင့် မွေးမြူနိုင်သည့် ဒေသဝက်၊ ဒေသကြက်နှင့် ဒေသနွားများအား လအလိုက်ချမှတ်ထားသည့် စီမံချက်ပါအတိုင်း မွေးမြူသွားရမှာဖြစ်ကြောင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်ရရှိရေးနှင့် မိသားစုဝင်ငွေတိုးတက်ရရှိရေး သက်မွေးနည်းပညာသင်တန်းများ တိုးချဲ့ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေး စောင့်ရှောက်ဆောင်ရွက်ပေးခြင်း (၃)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်

ပဲခူး နိုဝင်ဘာ ၂၁           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် နိုဝင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၆)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေး စောင့်ရှောက်ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူ တို့သည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူ နေကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊  ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုတို့အား လိုက်လံကြည့်ရှုခဲ့ပြီး   အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စေတနာ၊ မေတ္တာ၊ ဂရုဏာထား၍ …

Read More »

ပဲခူးမြို့၌ (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့) ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၀­           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက (၃၆)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့) ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပဲခူးမြို့၊ မူလတန်းကြို(၂)မှ သားငယ်/သမီးငယ်လေးများက “ပြည်ထောင်စုကြီး ထာဝရ တည်တံ့စေသား” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကလေးသူငယ်များဟာ အနာဂတ်ကို ပုံဖော်ထုဆစ်မည့်သူများဖြစ်၍ နည်းမှန်လမ်းမှန်ဖြင့် ငယ်စဉ်ကတည်းက စနစ်တကျပြုစုစောင့်ရှောက်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း၊ ကလေးသူငယ်များကို နိုင်ငံတော်က အားထားရတဲ့ လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ကြီးပြင်းလာစေရန်အတွက် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင် ဆောင်ရွက်ခွင့်တို့ကို အပြည့်အဝရရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ကလေးသူငယ် များအတွက် ကျန်းမာရေးဆိုင်ရာအခွင့်အရေး၊ ပညာရေးဆိုင်ရာအခွင့်အရေး၊ ကလေးလူငယ်များ …

Read More »

ပဲခူးတိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၉              ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးသည် တိုင်းပြည်အတွက် အလွန်အရေးပါပြီး မဖြစ်မနေ အောင်မြင်အောင်ဆောင်ရွက်ပေး သွားရမှာဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတကာ အေးချမ်းလုံခြုံစွာ ပြည်သူများ မဲပေးနိုင်ရေးကိုလည်း ဘက်ပေါင်းစုံမှ စီမံဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ အဓိကအားဖြင့် မဲဆန္ဒရှင်ပြည်သူတိုင်း မဲပေးနိုင်ရေးနှင့် မဲစာရင်းတွင်ပါရှိနိုင်ရေး အထူး အလေးထား ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ လူပုဂ္ဂိုလ် လုံခြုံရေး၊ မဲရုံတာဝန်ကျ ဝန်ထမ်းများ၏ လုံခြုံရေး၊ မဲရုံလုံခြုံရေးများကိုလည်း ဆောင်ရွက်ထားရမှာဖြစ်ကြောင်း၊ မဲရုံတည်ဆောက်မည့် နေရာများအား သက်ဆိုင်ရာတာဝန် ရှိသူများက …

Read More »