Home / 2026

Yearly Archives: 2026

ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး

သာယာဝတီ မတ် ၄           ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွဲသတ်ကျေးရွာနှင့် ကျွန်းကုန်းကျေးရွာတို့၌ ရေဆင်းပေါ်ဆန်းစပါး ခေါင်နှံပျိုး၍ ကောက်စိုက်လုံမပျို များဖြင့် စိုက်ပျိုးခြင်း၊ ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ်ထားသည့် လူစီးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြသမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ရေဆင်းပေါ်ဆန်းစပါးမျိုးသည် သက်တမ်းစပါးမျိုးဖြစ်၍ ရာသီမရွေးစိုက်ပျိုးနိုင်ခြင်း၊ တန်ဖိုးမြှင့်စပါးမျိုးဖြစ်၍ ဈေးနှုန်းတွက်ခြေကိုက်မှုရှိခြင်းတို့ကြောင့် တောင်သူ များကိုယ်တိုင် မျိုးသန့်စင်ခြင်း၊ မျိုးစေ့ထုတ်စိုက်ပျိုးခြင်းများအပြင် ဒေသနှင့်ကိုက်ညီသည့် တန်ဖိုးမြှင့် စပါးမျိုးများအား ဩဂဲနစ်စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စု၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် …

Read More »

ပဲခူးမြို့၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူး မတ် ၃           ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအား စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ပျိုး ထုတ်လုပ်မှု ထူးချွန်ဆုရရှိသည့် ပြည်မြို့နယ်မှ တောင်သူ ဦးတင်ထွဋ်၊ နွေစပါးစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုရ ရှိသည့် ပြည်မြို့နယ်မှ တောင်သူ ဦးတင်မောင်ဆန်း၊ သီးထပ်စွမ်းအားနှင့်သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ထူးချွန်ခရိုင်(ပထမဆု)ရရှိသည့် နတ္တလင်းခရိုင်၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များ အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မတ် ၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်ကြီး၌ မတ်လ(၂) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့က ကြွရောက်လာသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်၊ ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များနှင့် သီလရှင် တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။         ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဒုတိယပိုင်းအား ဆက်လက် ကျင်းပပြုလုပ်ရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရွှေတံဆိပ်များဆုရှင် အဆိုတော် မထက်ထက်မော်က …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမံပြပွဲ၊ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်

ပဲခူး မတ် ၂           ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ မတ်လ(၁) ရက်နေ့ ညနေပိုင်းက ၂၀၂၆ ခုနှစ်၊ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ပဲခူးတိုင်း ဒေသကြီး ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမံပြပွဲပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ဂုဏ်ပြုဘင်ခရာတီးဝိုင်းနှင့် ဂုဏ်ပြုပန်းပွားအက အဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် …

Read More »

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁)သန်း တိုးတက်ဝင်ရောက်ခဲ့

ပဲခူး ဖေဖော်ဝါရီ ၂၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး  ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၆) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်တွင်း/ပြည်ပ အကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းအမျိုးအစား (၈)ခုရှိပြီး စက်မှုကဏ္ဍတိုးတက်မှုနှင့်အတူ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာ ကဏ္ဍများလည်း ရင်းနှီးမြှုပ်နှံမှုတိုးတက်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများ သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်းနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်မှသာ ထိုက်သင့်သည့် လုပ်ခလစာရရှိမှာဖြစ်၍ အသက်မွေးပညာသင်တန်းကျောင်းများ ဖွင့်လှစ်ပေးခြင်းများ အားပေးမြှင့်တင် ပေးသွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်တိုး(၁)ခု၊ ကုန်ချောပစ္စည်း (၅)မျိုး တိုးမြှင့်ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း/ပြည်ပ …

Read More »

တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုတို့၏ လှူဒါန်းပူဇော်မှုဖြင့် ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် စကျင်ကျောက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှတ်တမ်း လွှဲပြောင်းပေးအပ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၇           ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏  ဂေါပကရုံး၌ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက်ပိုင်းက ရင်ပြင်တော်ပေါ်တွင် နေပူခံစကျင်ကေျာက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှတ်တမ်း လွှဲပြောင်း ပေးအပ်ခြင်း မင်္ဂလာအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အခမ်းအနား တက်ရောက်လာကြသူ များက “နမောတဿ” သုံးကြိတ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီးသည် ပဲခူးမြို့၏ကျက်သရေဆောင်တစ်ခုဖြစ်ပြီး ပဲခူးမြို့နှင့် ရွှေမော်ဓောစေတီတော်သည် ခွဲခြား၍မရကြောင်း၊ မြန်မာနိုင်ငံတွင် ဉာဏ်တော်အမြင့်ဆုံးစေတီတော်ကြီးတစ်ခုဖြစ်ကာ ဘုရားဖူးလာပြည်သူများဖြင့် နေ့စဉ် မပြတ်စည်ကားလျက်ရှိကြောင်း၊ ယခင်ကာလများတွင် နေ့ခင်းဘက်၌ ဘုရားဖူးလာပြည်သူများအနေဖြင့် ရင်ပြင်တော်ပေါ်ရှိ ကြွေပြားများကြောင့် အပူဒဏ်ကိုခံစားခဲ့ရပြီး ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် တပ်မတော် ကြည်း၊ ရေ၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများအတွက်  “ကွန်ပျူတာအခြေခံသင်တန်း”ဖွင့်ပွဲကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၇        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ ဆရာမများအတွက် “ ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ” အခမ်းအနားကို ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းရင်းသားဘာသာ စာပေသင်ကြားနေကြသည့် ဆရာ/ဆရာမများ အနေနှင့် ခေတ်နှင့် လျော်ညီစွာ ကွန်ပျူတာအခြေခံများ တတ်မြောက်ထားခြင်းအားဖြင့် တိုင်းရင်းသား မျိုးဆက်သစ်များအား ကွန်ပျူတာပညာရပ်များကို လက်ဆင့်ကမ်းသင်ကြားပေးနိုင်ရန်၊ တာဝန်ထမ်းဆောင်ရာနေရာများမှာ လက်တွေ့အသုံးချနိုင်စေရန်၊ တိုင်းရင်းသားများ၏ ပညာရေးကဏ္ဍနဲ့ ပတ်သက်တဲ့ နည်းပညာရပ်များ တိုးတက်စေရန် ရည်ရွယ်ပြီး မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများမှ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ ဆရာမများအတွက် ပထမဦးဆုံးအကြိမ် ဖွင့်လှစ်ပေးတဲ့ ကွန်ပျူတာအခြေခံသင်တန်းဖြစ်ကြောင်း၊ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/မများအနေဖြင့် ကွန်ပျူတာအခြေခံဘာသာရပ်များကို သင်ယူ ခြင်းအားဖြင့် ကွန်ပျူတာနှင့် ဆက်စပ်သည့် နည်းပညာအသုံးပြုနည်းများကို …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၂၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ညနေပိုင်းက တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တတိယအကြိမ် ပဲခူးတိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးကျင်းပပြုလုပ်မည့် အစည်းအဝေးခန်းမကြီးသို့ ရောက်ရှိခဲ့ရာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦးက လွှတ်တော်ကိုယ်စားလှယ်များ နေရာချထားမှု၊ အသံစနစ်များ၊ မဲပေးသည့်စနစ်များနှင့် လုံခြုံရေးကင်မရာများ တပ်ဆင်ထားရှိမှု၊ သက်ဆိုင်ရာ ရေးရာကော်မတီများအလိုက် အစည်းအဝေးခန်းများ ပြင်ဆင်ထားရှိမှုနှင့် လွှတ်တော်ကိုယ်စားလှယ် အိပ်ဆောင်များ အဆင်သင့်ပြင်ဆင်ထားရှိမှုနှင့် မတ်လ (၂၀)ရက်နေ့တွင် စတင်ကျင်းပမည့် တတိယအကြိမ် ပဲခူးတိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၉)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဖေဖော်ဝါရီ ၂၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၉)ကြိမ်မြောက် လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နံနက်ပိုင်း က ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူတို့သည် ပဲခူးမြို့ ခုတင်(၅၀၀) ဆံ့  အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူနေကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊  ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေး နေမှုနှင့် ရေသန့်၊ ကော်ဖီနှင့် အာဟာရမုန့်များ အခမဲ့တိုက်ကျွေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး …

Read More »

ပဲခူးတိုင်းဒေသကြီးလယ်ယာသုံးစက်ကိရိယာ လုပ်ငန်းရှင်များအသင်းဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လယ်ယာသုံးစက်ကိရိယာ လုပ်ငန်းရှင်များအသင်းဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြု လုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ခြင်းကို အထူး ဦးစားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းထုတ်လယ်ယာသုံး စက်ကိရိယာများ ထပ်မံတီထွင်ထုတ်လုပ်နိုင်ရေး၊ နည်းပညာနှင့် အရင်းအနှီးမတည်ငွေများ တိုးတက်ရရှိရေး တို့အတွက် ပဲခူးတိုင်းဒေသကြီးလယ်ယာသုံးစက်ကိရိယာ လုပ်ငန်းရှင်များအသင်းအား ဖွဲ့စည်းပေးနိုင်ရေး ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံလယ်ယာသုံးစက်ကိရိယာ လုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်၍ အသေးစား၊ အလတ်စား လယ်ယာသုံးစက်ကိရိယာမှ အကြီးစားလယ်ယာ သုံးစက်ကိရိယာများ ထုတ်လုပ်နိုင်ရေး စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် စွန့်ဦးတီထွင်လိုစိတ် ပြင်းပြစွာရှိရန်လိုအပ်မှာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် နည်းပညာ၊ အရင်းအနှီးနှင့် အခြားလိုအပ်ချက်များကို ဘက်ပေါင်းစုံမှ …

Read More »