Home / 2026 (page 2)

Yearly Archives: 2026

ပဲခူးတိုင်းဒေသကြီးအတွင်း တန်ဖိုးမြင့် ဒေသမျိုးရင်း စပါးမျိုးများ ပြန်လည်ဖော်ထုတ်

ပဲခူး ဩဂုတ် ၂၅           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း တန်ဖိုးမြင့် ဒေသမျိုးရင်း စပါးမျိုးများ ပြန်လည်ဖော်ထုတ်၍ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီးကျေးရွာ၌ တန်ဖိုးမြင့် ဒေသမျိုးရင်း စပါးဖြစ်သည့် တောင်ပျံမွှေး မျိုးစေ့ထုတ်စိုက်ခင်း ဧက(၅၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် စုပေါင်းမြေဩဇာကြဲပတ် နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက် တန်ဖိုးမြင့်စပါးမျိုးများသည်  ပြည်တွင်းစားသုံးမှု အတွက် ဈေးကွက်ရရှိထားပြီး ပြည်ပပို့ကုန်အထိ တိုးမြှင့် တင်ပို့နိုင်ရေးအတွက် မျိုးစေ့ထုတ်စိုက်ခင်းများတွင် ခေါင်နှံစနစ်ဖြင့် မျိုးသန့်ခြင်း၊ မျိုးပွားခြင်းများကို ဆောင်ရွက်သွားရန်နှင့် တစ်ကွင်းတစ်ဆက်တည်း အကွက်ကျယ်ဧကကွက်များဖြင့် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။           ထို့နောက် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပြည် ဩဂုတ် ၂၄           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေတောင်မြို့၊ ကြာနီကန် ရပ်ကွက်ရှိ MSME လုပ်ငန်းရှင် ဒေါ်ချိုချိုဝင်း၏ “ချိုချိုစံ” ယက္ကန်းအလုပ်ရုံနှင့် စည်းလုံချည်အမျိုးမျိုး ထုတ်လုပ်ရောင်းချနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရွှေတောင်ဒေသသည် အထည်အလိပ် လုပ်ငန်းများ ရေခံမြေခံကောင်းမွန်ခဲ့သော ဒေသဖြစ်၍ ဒေသထွက်ဝါကုန်ကြမ်းများဖြင့် ကုန်ချောအဆင့်ထိ နိုင်ငံတကာအဆင့်မီ ဒီဇိုင်းဆန်းများရေး ထုတ်လုပ်ရောင်းချရန်နှင့် ချည်ထည်များအား သေသပ်လှပသော နိုင်ငံတကာအဆင့်မီ ထုတ်ပိုးမှုပုံစံများဖြင့် ရောင်းချနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေတောင်မြို့၊ တည်ကုန်း …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်သို့ ရာနှုန်းပြည့် ကူးပြောင်းနိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်

ပြည် ဩဂုတ် ၂၄           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်သို့ ရာနှုန်းပြည့် ကူးပြောင်းနိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ ကြို့ရသာကျေးရွာ၌ ဦးအောင်ဇင်မင်း၏ “A One” လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်၍ Mobile ပဲအမျိုးမျိုးခြွေလှေ့စက်နှင့် ပဲရိတ်သိမ်းစက် ထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ ပြီး တောင်သူများတစ်ပိုင်တစ်နိုင် ဝယ်ယူအသုံးပြုနိုင်သည့် ဘက်စုံသုံးလယ်ယာသုံးစက်ကိရိယာများ ဆက်လက်ထုတ်လုပ်ရန်နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးမှ မှာယူထားသည့် လယ်ယာသုံးစက် ကိရိယာများ အချိန်မီထုတ်လုပ်ပေးနိုင်ရေးအတွက် ကုန်ကြမ်းပစ္စည်းများလွယ်ကူစွာရရှိရေး တာဝန်ရှိသူ များနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် စက်သုံးဆီလျော့ချသုံးစွဲနိုင်ရန် ပြည်မြို့၊ ရွှေဝါထွန်း လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးထွန်းထွန်းဦးမှ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပြည် ဩဂုတ် ၂၃           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့  မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့၊ မွေးမြူရေးဇုံသို့ သွားရောက်ခဲ့ရာ ရှင်းလင်းဆောင်၌ တိရစ္ဆာန်မွေးမြူမှုထားရှိမှု အခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စဉ်ဆက်မပြတ် မွေးမြူထုတ်လုပ်နိုင်ရေး၊ တိရစ္ဆာန်အစာအား ဒေသထွက်အစာများဖြင့် မွေးမြူနိုင်ရေး၊ သောက်သုံးရေပြည့်ဝစွာရရှိရေး၊ စိမ်းလန်းစိုပြေစေရေး သစ်ပင်များစိုက်ပျိုးသွားရန်နှင့် ဝင်/ထွက်လမ်းများ ကောင်းမွန်စေရေး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မွေးမြူရေးဇုံအတွင်း၌ မွေးမြူထား ရှိသည့် ဒေသနွား၊ ဒေသကြက်၊ ဒေသဆိတ်နှင့် အသားစားကြက် မွေးမြူထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ ပြီး …

Read More »

ပြည်ခရိုင်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေး

ပြည် ဩဂုတ် ၂၁           ပြည်မြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းက MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေး ပဲခူးတိုင်းဒေသကြီး MSME အေဂျင်စီနှင့် ပြည်ခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ခရိုင်သည် MSME လုပ်ငန်းများ အားကောင်းသည့် ခရိုင်တစ်ခုဖြစ်သလို လယ်ယာသုံးစက်ကိရိယာ၊ ဒေသထွက် လူသုံးကုန်နှင့် စားသုံးကုန် အမယ်မျိုးစုံထွက်ရှိပြီး ခရီးသွားလုပ်ငန်း အလာအလာရှိသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအနေဖြင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုကို အားပေးမြှင့်တင်ခြင်း၊ သွင်းကုန်အစားထိုး ထုတ်လုပ်ခြင်း နှင့် ပို့ကုန်တိုးမြှင့် ပေးနိုင်ရေးတို့အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို ဒေသထွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်ရရှိ ရေးတို့ကို နည်းလမ်းပေါင်းစုံဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ပြည် ဩဂုတ် ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းက ပြည်မြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ ၆ထပ် ဆေးကုသဆောင်သစ်၌ ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး သွားရောက်ကြည့်ရှု အားပေးခဲ့သည်။      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများသည် ပြည်မြို့၊ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ လစဉ်ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူနေကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကဏ္ဍအလိုက် အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစစ်ဆေးပေး ခြင်း၊ ကုသပေးခြင်း၊ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းတို့ ဆောင်ရွက်ပေးနေမှုတို့အား လှည့်လည် ကြည့်ရှုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး လိုက်လံအားပေးစကား ပြောကြားခဲ့သည်။        ထိုနောက် ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှု …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) မိုးစပါး စတင်ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၂၀          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ ၂၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) မိုးစပါး စတင်ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။            ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းမြို့နယ်၊ ကုန်းသာ ကျေးရွာအုပ်စု၌ ဒေသခံ မိုးစပါးစိုက် တောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ် ၂ သီး စိုက်ပျိုးသည့် နေရာများတွင် တန်ဖိုးမြှင့် ပေါ်ဆန်းစပါး စိုက်ပျိုးရန်၊ မိုးစပါးစိုက်ပျိုးပြီးပါက သီးထပ်သီးနှံအား ဆီထွက်ပဲပုပ်စိုက်ပျိုးရန် စိုက်ပျိုးရေအား အကျိုးရှိရှိသုံးစွဲကြရန်၊ သဘာဝမြေဩဇာအား ကျယ်ကျယ် ပြန့်ပြန့် ထုတ်လုပ်သုံးစွဲရန် ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက စိုက်နည်းစနစ်နှင့် စိုက်ပျိုးသီးနှံအလိုက် ပြုစုပျိုးထောင်ခြင်ဆိုင်ရာ နည်းလမ်းများအား ရှင်းလင်း ပြောကြားခဲ့သည်။               ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၉)နှစ် အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၁၉       ၂၀၂၆ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၉)နှစ် အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ်လ(၁၉)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်း‌ဒေသကြီးအားကစားဥယျာဉ်၌ ကျင်းပပြုလုပ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများက ပဲခူးခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။          ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးများအား ဂုဏ်ပြုငွေကျပ် (၁၀)သိန်း ပေးအပ်ပြီး ပထမဆုရရှိသော တောင်ငူခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ …

Read More »

ပဲခူးမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်ရောက်ချီးမြှင့်

ပဲခူး ဩဂုတ် ၁၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် တိုင်းဒေသကြီးအဆင့် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာရေးကဏ္ဍတွင် နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် သက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးအတွက် ပြည်သူ့လူထု ကို တိုက်ရိုက်အကျိုးပြုမည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဖော်ဆောင်ပေး လျက်ရှိကြောင်း၊ ပြည်သူလူထုအားလုံး ဘဝတစ်လျှောက်လုံး အာဟာရပြည့်ဝမျှတစွာ စားသောက်နေထိုင် နိုင်ရေး၊ မိခင်နှင့်ကလေး ကျန်းမာရေးတိုးတက်ကောင်းမွန်လာစေရေး၊ ကလေးများ ကာယ၊ ဉာဏဘက်စုံ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးပေး ဖြည့်ဆည်းဆောင်ရွက်သွားကြပေး …

Read More »

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့မှ ဂုဏ်ပြုကြိုဆို

ပဲခူး ဩဂုတ် ၁၇ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများ ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားအား ဩဂုတ်လ ၁၇ ရက်နေ့၊ နံနက်ပိုင်းက အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိ၊အရာခံ၊ အကြပ်စစ်သည်များ၊ တပ်မတော်မိသားစု ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ကျောင်းသား/သူများ၊ တိုင်းရင်းသားလူငယ်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။           တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင် လုပ်ကိုင်စားသောက်နိုင်ရေး၊ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေ အေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာအသီးသီးမှ မိဝေးဖဝေး …

Read More »