တောင်ငူ ဖေဖော်ဝါရီ ၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ လ ၃ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ပြည်ပပို့ကုန် တန်ဖိုးမြင့်ပေါ်ဆန်းစပါးမျိုးများ တိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ထန်းတောကျေးရွာ အုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ပြည်ပပို့ကုန် တန်ဖိုးမြင့်ပေါ် ဆန်းမွှေးစပါးများ သတ်မှတ်ဧကအတိုင်း ပြည့်မီစွာစိုက်ပျိုးရေး ကြိုတင်ပျိုးထောင်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီးနောက် တောင်ငူ မြို့ရှောင် ရထားလမ်းဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ရာ စီမံကိန်းရှင်းလင်းဆောင်၌ မြန်မာ့ မီးရထားအင်ဂျင်နီယာဌာန တာဝန်ရှိသူတစ်ဦးက အကြိုအင်ဂျင်နီယာလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ တာဘောင်မြေကြီးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဘဏ္ဍာရေးနှစ်အလိုက် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website