Home / 2026

Yearly Archives: 2026

ပဲခူးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်

ပဲခူး ဩဂုတ် ၁၅          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌတို့သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းက လက်ပံတန်းမြို့နယ်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် လက်ပံတန်း မြို့နယ်၊အုန်းကုန်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်း‌ ရေတိုက်စားခြင်းအား  ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူက လုပ်ငန်းတည်ဆောက်ရေးဆိုင်ကိစ္စရပ်များ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့နှင့် မိုးညိုမြို့တို့အား ရေဘေးကာကွယ်ပေး ထားသည့် ဧရာဝတီမြစ်အရှေ့ဘက်ရှိ ရေဘေးကာကွယ်ရေးတာများအား စက်လှေများဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။             ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် …

Read More »

အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

ပဲခူး ဩဂုတ် ၁၄ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အသိပေးအပ်ပါသည်။ အပြည့်အစုံကြည့်ရှုရန်————————

Read More »

ပဲခူးမြို့၌ “၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့”အခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၁၂           “၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့” အခမ်းအနားအား ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့ခေတ် လူငယ်များဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း၊  လူငယ်များဟာ နိုင်ငံတော်၏ အနာဂတ်၊ နိုင်ငံတော်၏ အင်အား၊ နိုင်ငံတော်ကို တည်ဆောက်မည့်သူများဖြစ်တဲ့အတွက် လူငယ်ကဏ္ဍကို မြှင့်တင်ပေးရန်နှင့် ကျောင်းသား ကျောင်းသူများ အမှန်တကယ် ပညာပြည့်ဝအောင်၊ ဗလ(၅)တန်ဖွံ့ဖြိုးအောင်၊ လူတော်လူကောင်းများဖြစ် အောင် ဆောင်ရွက်ပေးရန် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဲ့ဒီနိုင်ငံရဲ့ အနာဂတ်တာဝန်များကို ပခုံးပြောင်း လွှဲယူနိုင်မယ့် လူငယ်များရဲ့ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဦးဆောင်နိုင်မှုနဲ့ စိတ်ဓာတ်ရေးရာ …

Read More »

၂၃ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် MSME ထုတ်ကုန်များ သွားရောက်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၁၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းက ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် MSME ထုတ်ကုန်များ သွားရောက် ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းအတွင်းမှ ထွက်ရှိသည့် ဒေသထွက်ကုန်များ အဆင့်အတန်းမီမီ ခင်းကျင်းပြသသွားရန်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် အခြား ဆက်စပ်သည့် ဒေသတွင်းစီးပွားရေးကိုလည်း အကျိုးဖြစ်ထွန်းစေသဖြင့် လာရောက်လည်ပတ်နိုင်သည့် အထင်ကရနေရာများ၊ သာယာလှပမှုများနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများကို စနစ်တကျဖော်ပြ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရေး စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ဖော်ဆောင်ပြသသွားရမှာ ဖြစ်ကြောင်းနှင့် ဆန်စပါးနှင့် ပဲအမျိုးမျိုး အဓိကထွက်ရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ တန်ဖိုးမြှင့်ဆန်နှင့် ပြည်ပပို့ကုန်အဆင့်မီသော တန်ဖိုးမြှင့် ပဲအမျိုးမျိုးကိုလည်း တိုက်ရိုက်ချိတ်ဆက် တင်ပို့ရောင်းချနိုင်ရေး Information …

Read More »

ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန် ပြိုင်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၉           ပဲခူးမြို့၌ ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန်ပြိုင်ပွဲကို ဩဂုတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အားပေး ချီးမြှင့်ပေးခဲ့သည်။         အဆိုပါ မီနီမာရသွန်ပြိုင်ပွဲတွင် အကြီးတန်းမီနီမာရသွန်ပြိုင်ပွဲနှင့် အငယ်တန်းမီနီမာရသွန်ပြိုင်ပွဲဟူ၍ နှစ်မျိုးပါဝင်ခွဲခြားထားပြီး အကြီးတန်းမီနီမာရသွန်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်(၁၉၀)ဦးတို့သည် တိုင်းဒေသကြီး လူငယ် စင်တာခန်းမရှေ့မှ ရန်ကုန်-မန္တလေးလမ်း၊ ဆည်မြောင်းလမ်းဆုံအထိ (၅.၅)မိုင်အားလည်းကောင်း၊ အငယ်တန်းမီနီမာရသွန်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်(၃၆၀)ဦးတို့သည် တိုင်းဒေသကြီးလူငယ်စင်တာရှေ့မှ ရန်ကုန်-မန္တလေးကားလမ်း၊ မဟာမြိုင်လမ်းဆုံအထိ (၄)မိုင်အားလည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရာသူကြီးချုပ်၊ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ကြိုဆိုအားပေးခဲ့ကြပြီး အားဖြည့်အချိုရည်နှင့်မုန့်များ ပေးဝေခဲ့ကြသည်။         ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၇       ၂၀၂၆ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင် / မြို့နယ်ပေါင်းစုံ အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ်လ ၇ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်က ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ်၌ ကျင်းပပြုလုပ်ရာ ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။         ရှေးဦးစွာ ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တာဝန်ရှိသူများသည် အမျိုးသား‌ လေးယောက်တွဲ ဗိုလ်လုပွဲအဖြစ် ပဲခူးမြို့နယ်အသင်းနှင့် ကြို့ပင်ကောက်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစား နေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒိုင်လူကြီးများအား ဂုဏ်ပြုငွေ‌ချီးမြှင့်ပြီး အမျိုးသား လေးယောက်တွဲပြိုင်ပွဲ ပထမဆုရရှိသော ကြို့ပင်ကောက်မြို့နယ်အသင်း အား တစ်ဦးချင်း …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၆ ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆေွဝင်းက ရေကြီးနစ်မြှုပ်မှုကြောင့် မိုးသီးနှံစိုက်ဧက များနှင့် သီးနှံအထွက်နှုန်း ထိခိုက်မှုမရှိစေရေး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရေရှားပါးနိုင်သည့် ဒေသများတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေ ပြတ်လပ်မှုမရှိစေရေး ရေအရင်းအမြစ်ရရှိနိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်စီမံ ထားရန်ဖြစ်ကြောင်း၊ မတ်ပဲနှင့် ပဲတီစိမ်းသည် ပြည်ပသို့တင်ပို့နေရပြီး ယှဉ်ပြိုင်ဈေးကွက်များ ရှိလာနိုင်သဖြင့် တောင်သူတွက်ချေကိုက်သည့် ဆီထွက်သီးနှံပဲပုတ်များကို နှစ်စဉ်ပြောင်းလဲအစားထိုး စိုက်ပျိုး နိုင်ရေး မြို့နယ်များအလိုက် စီမံသွားရန်နှင့် တန်ဖိုးမြှင့်ဆန်အား တစ်ကွင်းတစ်ဆက်တည်း အကွက်ကျယ် စံပြကွက် များ စိုက်ပျိုးနိုင်ရေးဖော်ဆောင်ရန်ဖြစ်ကြောင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး ဩဂုတ် ၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဩဂုတ်လ ၅ ရက်နေ့၊ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သို့ ရောက်ရှိခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်ဧကစိုက်ပျိုးစရိတ်သက်သာစေရေး သဘာဝမြေဩဇာနှင့် ရွက်ဖြန်းမြေဩဇာထုတ်လုပ်သုံးစွဲနိုင်ရေး ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတောင်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများအား ပေးအပ်ခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဝေါမြို့နယ်၊ အဗျား ဘိုတဲကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း အကွက်ကျယ်စံပြကွက်ဧက(၃၅၀) တန်ဖိုးမြှင့် တောင်ပျံ ပေါ်ဆန်းစပါး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု၊ စုပေါင်းမြေဩဇာကြဲပတ်နေမှုနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၄ ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံ လုံးတွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးဆောင်ရွက်တော့မည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ်တွင် ရှေးပြေးတိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခဲ့သည့် အတွေ့အကြုံပေါ်မူတည်ပြီး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ယခုအချိန်ကတည်းက တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရာတွင် အသုံးပြုရမည့် ပုံစံများရရှိပြီဖြစ်၍ စာရင်းကောက်ယူရေး နည်းပြသင်တန်းနှင့် ဆင့်ပွားသင်တန်းများ ဖွင့်လှစ် နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်ဖြစ်ကြောင်း၊ တိရစ္ဆာန်အကောင်ရေစာရင်းသည် လယ်ယာစိုက်ပျိုးရေးနှင့် ဒေသတွင်း စားရေရိက္ခာ ဖူလုံမှုအတွက် အကျိုးကျေးဇူးရရှိနိုင်မှာဖြစ်၍ စာရင်းဇယားမှန်ကန်ပြီး သတ်မှတ် ကာလအတွင်း …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင် အထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

တောင်ငူ ဩဂုတ် ၃             ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ ၃ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင် အထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက် ခဲ့သည်။            ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ပျောရိုးချောင်း ကျေးရွာ၌ လုပ်ငန်းရှင် ဦးနိုင်လင်းဇော်၏ စွန့်ပစ်ပစ္စည်းမှ သံရည်ကျို လုပ်ငန်းမှ သံထည်ပစ္စည်းများ ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။               ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တောင်ငူ မြို့နယ်၊ လဲဘူးကျေးရွာသို့ ရောက်ရှိခဲ့ရာ စပါးစိုက်ဧကများ ဓာတုပိုးသတ်ဆေးသုံးစွဲမှု လျော့ချစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ထရိုင်ဂိုရားမား ဥကပ်ပါးနဂျီ အသုံးပြုစိုက်ပျိုးနိုင်ရေး အသိပညာ ပေးပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့ပြီး ဒေသခံတောင်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ ၎င်းနောက် …

Read More »