ဒိုက်ဦး ဖေဖော်ဝါရီ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၅ ရက်နေ့ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၌ သဘာဝရွက်ဖျန်းမြေဩဇာဖြင့် ပဲတီစိမ်းစံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး ခဲ့ပြီး သဘာဝမြေဩဇာနှင့် သဘာဝရွက်ဖျန်းမြေဩဇာသုံးစွဲခြင်းအားဖြင့် ထွက်ရှိလာသည့် စိုက်ပျိုးရေး ထွက်ကုန်များတွင် ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်မှုရှိခြင်း၊ ကောင်းမွန်သည့် ဈေးကွက်ရရှိနိုင်ခြင်း၊ တောင်သူ တိုင်း တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် လျော့ချပေးနိုင်ခြင်းအပြင် အစားအစာဘေးကင်းလုံခြုံမှု ရှိသဖြင့် တောင်သူတိုင်း သဘာဝရွက်ဖျန်းမြေဩဇာထုတ်လုပ်သုံးစွဲနိုင်ရေး စဉ်ဆက်အပြတ် အသိပညာပေး ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website