Home / 2026 / February / 20

Daily Archives: February 20, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

ဖေဖော်ဝါရီ ၂၀           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ဒိုက်ဦးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာ၌ ဦးမြင့်လွင်၏ အစေ့ထုတ်ပြောင်း မျိုးစေ့ထုတ်စမ်းသပ်စိုက်ခင်းနှင့် တစ်ကွင်းတစ်ဆက်တည်း ပဲတီစိမ်း ဧက(၂၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး သီးနှံပေါ်ချိန်တွင် စိုက်ပျိုး သီနှံများ ထိုက်သင့်သည့်ဈေးနှုန်းရရှိရေးနှင့် သီးနှံများအလိုက် ရိတ်သိမ်းချိန်လေလွင့်မှု မရှိစေရေး တာဝန်ရှိသူ များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေအင်ဒုံကျေးရွာ၌ တောင်သူ ဦးဝင်းမောင်၏ သဘာဝရွက်ဖျန်းမြေဩဇာ အောင်မြင်ဖြစ်ထွန်းနေသည့် ပဲလွန်းစိုက်ခင်းနှင့် ဖအောင်ဝဲ ကျေးရွာရှိ တောင်သူ ဦးတင်ဌေး၏ သဘာဝရွက်ဖျန်းမြေဩဇာ အောင်မြင်ဖြစ်ထွန်းနေသည့် မြေပဲစိုက်ခင်း တို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သဘာဝရွက်ဖျန်းမြေဩဇာသည် …

Read More »