Home / 2026 / February / 26

Daily Archives: February 26, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၂၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ညနေပိုင်းက တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တတိယအကြိမ် ပဲခူးတိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးကျင်းပပြုလုပ်မည့် အစည်းအဝေးခန်းမကြီးသို့ ရောက်ရှိခဲ့ရာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦးက လွှတ်တော်ကိုယ်စားလှယ်များ နေရာချထားမှု၊ အသံစနစ်များ၊ မဲပေးသည့်စနစ်များနှင့် လုံခြုံရေးကင်မရာများ တပ်ဆင်ထားရှိမှု၊ သက်ဆိုင်ရာ ရေးရာကော်မတီများအလိုက် အစည်းအဝေးခန်းများ ပြင်ဆင်ထားရှိမှုနှင့် လွှတ်တော်ကိုယ်စားလှယ် အိပ်ဆောင်များ အဆင်သင့်ပြင်ဆင်ထားရှိမှုနှင့် မတ်လ (၂၀)ရက်နေ့တွင် စတင်ကျင်းပမည့် တတိယအကြိမ် ပဲခူးတိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် …

Read More »