Home / 2026 / February / 27

Daily Archives: February 27, 2026

တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုတို့၏ လှူဒါန်းပူဇော်မှုဖြင့် ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် စကျင်ကျောက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှတ်တမ်း လွှဲပြောင်းပေးအပ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၇           ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏  ဂေါပကရုံး၌ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက်ပိုင်းက ရင်ပြင်တော်ပေါ်တွင် နေပူခံစကျင်ကေျာက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှတ်တမ်း လွှဲပြောင်း ပေးအပ်ခြင်း မင်္ဂလာအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အခမ်းအနား တက်ရောက်လာကြသူ များက “နမောတဿ” သုံးကြိတ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီးသည် ပဲခူးမြို့၏ကျက်သရေဆောင်တစ်ခုဖြစ်ပြီး ပဲခူးမြို့နှင့် ရွှေမော်ဓောစေတီတော်သည် ခွဲခြား၍မရကြောင်း၊ မြန်မာနိုင်ငံတွင် ဉာဏ်တော်အမြင့်ဆုံးစေတီတော်ကြီးတစ်ခုဖြစ်ကာ ဘုရားဖူးလာပြည်သူများဖြင့် နေ့စဉ် မပြတ်စည်ကားလျက်ရှိကြောင်း၊ ယခင်ကာလများတွင် နေ့ခင်းဘက်၌ ဘုရားဖူးလာပြည်သူများအနေဖြင့် ရင်ပြင်တော်ပေါ်ရှိ ကြွေပြားများကြောင့် အပူဒဏ်ကိုခံစားခဲ့ရပြီး ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် တပ်မတော် ကြည်း၊ ရေ၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများအတွက်  “ကွန်ပျူတာအခြေခံသင်တန်း”ဖွင့်ပွဲကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၇        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ ဆရာမများအတွက် “ ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ” အခမ်းအနားကို ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းရင်းသားဘာသာ စာပေသင်ကြားနေကြသည့် ဆရာ/ဆရာမများ အနေနှင့် ခေတ်နှင့် လျော်ညီစွာ ကွန်ပျူတာအခြေခံများ တတ်မြောက်ထားခြင်းအားဖြင့် တိုင်းရင်းသား မျိုးဆက်သစ်များအား ကွန်ပျူတာပညာရပ်များကို လက်ဆင့်ကမ်းသင်ကြားပေးနိုင်ရန်၊ တာဝန်ထမ်းဆောင်ရာနေရာများမှာ လက်တွေ့အသုံးချနိုင်စေရန်၊ တိုင်းရင်းသားများ၏ ပညာရေးကဏ္ဍနဲ့ ပတ်သက်တဲ့ နည်းပညာရပ်များ တိုးတက်စေရန် ရည်ရွယ်ပြီး မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများမှ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ ဆရာမများအတွက် ပထမဦးဆုံးအကြိမ် ဖွင့်လှစ်ပေးတဲ့ ကွန်ပျူတာအခြေခံသင်တန်းဖြစ်ကြောင်း၊ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/မများအနေဖြင့် ကွန်ပျူတာအခြေခံဘာသာရပ်များကို သင်ယူ ခြင်းအားဖြင့် ကွန်ပျူတာနှင့် ဆက်စပ်သည့် နည်းပညာအသုံးပြုနည်းများကို …

Read More »