သာယာဝတီ မတ် ၄ ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွဲသတ်ကျေးရွာနှင့် ကျွန်းကုန်းကျေးရွာတို့၌ ရေဆင်းပေါ်ဆန်းစပါး ခေါင်နှံပျိုး၍ ကောက်စိုက်လုံမပျို များဖြင့် စိုက်ပျိုးခြင်း၊ ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ်ထားသည့် လူစီးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြသမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ရေဆင်းပေါ်ဆန်းစပါးမျိုးသည် သက်တမ်းစပါးမျိုးဖြစ်၍ ရာသီမရွေးစိုက်ပျိုးနိုင်ခြင်း၊ တန်ဖိုးမြှင့်စပါးမျိုးဖြစ်၍ ဈေးနှုန်းတွက်ခြေကိုက်မှုရှိခြင်းတို့ကြောင့် တောင်သူ များကိုယ်တိုင် မျိုးသန့်စင်ခြင်း၊ မျိုးစေ့ထုတ်စိုက်ပျိုးခြင်းများအပြင် ဒေသနှင့်ကိုက်ညီသည့် တန်ဖိုးမြှင့် စပါးမျိုးများအား ဩဂဲနစ်စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စု၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် …
Read More »Daily Archives: March 4, 2026
ပဲခူးမြို့၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး မတ် ၃ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအား စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ပျိုး ထုတ်လုပ်မှု ထူးချွန်ဆုရရှိသည့် ပြည်မြို့နယ်မှ တောင်သူ ဦးတင်ထွဋ်၊ နွေစပါးစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုရ ရှိသည့် ပြည်မြို့နယ်မှ တောင်သူ ဦးတင်မောင်ဆန်း၊ သီးထပ်စွမ်းအားနှင့်သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ထူးချွန်ခရိုင်(ပထမဆု)ရရှိသည့် နတ္တလင်းခရိုင်၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website