ပဲခူး မတ် ၉ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးမိုးလုံလေလုံအားကစားခန်းမ၌ မတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားသည် နိုင်ငံတော်ကို ချစ်သည့်စိတ်နှင့် စည်းလုံးညီညွတ်မှုကိုဖြစ်ပေါ်စေပြီး အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်ပေးခြင်းဖြစ်ကြောင်း၊ နွေရာသီအခြေခံအားကစားသင်တန်းမှ အစပြုပြီး ဗီဇရင့်သန်သည့် အလား အလာရှိသောရွက်ပုန်းသီးမျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာနိုင်စေရေး၊ ကျောင်းသား/ သူများ နွေရာသီအားလပ်ရက်အချိန်များကို အကျိုးရှိစွာ အသုံးချတတ်လာနိုင်စေရေးပင်ဖြစ်ကြောင်း၊ မိဘ အုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ရင်သွေးငယ်များကို နိုင်ငံတော်အတွက် တန်ဖိုးရှိသော လူတော်လူကောင်း များဖြစ်လာစေရန် ဆက်လက်ပြီး စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားမည့် နွေ၊ မိုး၊ ဆောင်း နှစ်လုံးပေါက် အားကစားသင်တန်းများကို တက်ရောက်သင်ကြားနိုင်ရေး အားပေးပံ့ပိုးပေးသွားစေလိုကြောင်း၊ နွေရာသီ အခြေခံအားကစားသင်တန်းမှရရှိလာသည့် နည်းစနစ်နှင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website