Home / 2026 (page 5)

Yearly Archives: 2026

ပဲခူးမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၇           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ခုနှစ် ပညာရေး စုံညီပွဲတော်အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တို့ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလျန်းချိုနှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။           ထို့နောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက”စုံညီပွဲတော် ဒို့နွဲပျော်” တေးသီချင်း ဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။           ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတစ်ခု ဒေသတစ်ခု ဖွံ့ဖြိုး တိုးတက်ဖို့ ပညာရေးကဏ္ဍသည် အလွန်အရေးကြီးပြီး ကျောင်းသား/သူများကို တီထွင်ဖန်တီးတတ်သူများ၊ တာဝန်ယူ တာဝန်ခံတတ်သူများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများ၊ ပြည်သူ့နီတိကို နားလည်ပြီး ဘဝတွင် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ကဝ ဒီဇင်ဘာ ၆           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူး- သနပ်ပင်- ခရမ်း- သံလျင်လမ်း မိုင်တိုင်အမှတ် (၁၃/၆-၁၃/၇)ကြား စိန်နားကပ်တံတား တည်ဆောက်ရေးရှင်းလင်းဆောင်၌ တံတား တည်ဆောက်ရေးစီမံကိန်းဆိုင်ရာ အချက်အလက်များအား တံတားအထူးအဖွဲ့(၉) တာဝန်ရှိသူက ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူး- သနပ်ပင်- ခရမ်း- သံလျင်လမ်းသည် သီလဝါဆိပ်ကမ်းနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် လမ်းဖြစ်ပြီး နောင်တစ်ချိန် ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကအသုံးပြု သွားမှာဖြစ်၍ တံတားတည်ဆောက်ခြင်းအပြင် တံတားချည်းကပ်လမ်းများ ကောင်းမွန်မှုရှိစေရေး ထည့်သွင်း ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည်   ကဝမြို့နယ်၊ အုန်းနှဲစံပြကျေးရွာ၊ အခြေခံပညာ အထက်တန်း၌ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဇန်နဝါရီ ၅              ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ(၅)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ အောက်စုရပ်ကွက်၌ တစ်ကွင်းတစ်ဆက်တည်း နွေစပါး(၂)သီးစိုက် ဧက(၁၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပြည်ပစျေးကွက်ဝင် တန်ဖိုးမြင့်ပေါ်ဆန်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး၊ ဒေသနွားနှင့် ဒေသကြက် တိုးချဲ့ မွေးမြူရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ဒေသနွားအား မေထုန်မဲ့သားစပ်ခြင်း၊ မျိုးမြှင့်တင်ပေးခြင်း အသိပညာပေးပြောကြားခဲ့ပြီး ဒေသခံတောင်သူများအား သွင်းအားစုများ ပေးအပ်ခဲ့သည်။            ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမှ၌ …

Read More »

ပဲခူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာလ(၄)ရက်နေ့၊ ညပိုင်းအချိန်က (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲသို့ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ (၇၈)နှစ်မြောက် ရည်တစ်ပြင်တည်း သုံးဆောင်ခဲ့ကြသည်။           ထို့နောက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲအား မြန်မာသံတေးဂီတဖြင့် ဧည့်ခံ သီဆိုဖျော်ဖြေခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က အမှတ်တရဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြု လက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၄             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၄:၂၀) နာရီအချိန်က (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပပြုလုပ်သည်။           အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားလူမျိုးများ၊ အမှတ်(၇၇)‌ခြေမြန်တပ်မဌာနချုပ် အလံတင် တပ်ဖွဲ့နှင့် စစ်တီးဝိုင်းအဖွဲ့တို့ တက်ရောက်ကြပြီး အလံတင်တပ်ဖွဲ့မှ ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလံတိုင်ထိပ်သို့လွှင့်တင်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချို ဦးဆောင်သော အခမ်းအနား တက်ရောက် လာကြသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။           ဆက်လက်၍ နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (တတိယ နေ့ည)ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၄        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (တတိယနေ့ည)ကို ဇန်နဝါရီလ(၃)ရက်နေ့ ညပိုင်းအချိန်က ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်နာကြားခဲ့သည်။       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး အမှူးပြုသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတရားနာပရိတ်သတ်များက ပဲခူးမြို့ သာသနာ့ဇောတိက စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတ (သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။          ထို့နောက် ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတ (သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)က “ဘဝစာမျက်နှာများ” တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်းသိ‌ကောင်းစရာ တရား‌ဒေသနာ‌တော်မြတ်ကို ဟောကြားတော်မူပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်္ကန်းခြင်းနှင့် ဓမ္မပူဇာအလှူငွေတို့အား ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)နှင့်အပိုင်း(၃) ရာနှုန်းပြည့်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)နှင့်အပိုင်း(၃) ရာနှုန်းပြည့်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လာရောက်မဲ ပေးနိုင်ရေး၊ မဲပေးရာတွင်လည်း အချိန်ကုန်သက်သာလျင်မြန်စွာ ဆန္ဒမဲပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက် ပေးသွားရမှာဖြစ်ကြောင်း၊ ပြည်သူများအတွက် လွယ်ကူစွာမဲပေးနိုင်ရေးအတွက် တတိယအကြိမ် ထုတ်ပြန် ခဲ့သည့် မဲစာရင်းတွင်ပါရှိသည့် မဲရုံအမှတ်၊ မဲစာရင်းအမှတ်စဉ်များ ကြိုတင်သိရှိနိုင်ရေး ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ မဲရုံများအား မနက်(၆)နာရီတွင် စတင်ဖွင့်လှစ်သော်လည်း အခြားအုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ် များအား မဲရုံအတွင်း၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရခြင်းအပြင် ဆန္ဒမဲရရှိမှု ရေတွက်ခြင်းအား ညမိုးချုပ်သည့် တိုင် ဆောင်ရွက်ရသဖြင့် မဲရုံတိုင်းမီးလင်းနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်သွားရမှာဖြစ်ကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် …

Read More »

ပဲခူးမြို့၌ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (ဒုတိယနေ့ည)ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (ဒုတိယနေ့ည)ကို ဇန်နဝါရီလ(၂)ရက်နေ့ ည(၇)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်နာကြားခဲ့သည်။       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးအမှူးပြုသော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတရားနာပရိတ်သတ်များက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင်၊  ပဲခူးမြို့ ဥဿာသီရိစာသင်တိုက်၊ ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တသူရိယ (သာသနဓဇဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ)ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။          ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊  ပဲခူးမြို့ ဥဿာသီရိစာသင်တိုက်၊ ပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တသူရိယ (သာသနဓဇဓမ္မာစရိယ၊အဂ္ဂမဟာပဏ္ဍိတ)က “ပုံမှန်ကျင့်လျှင် နိဗ္ဗာန်ဝင်” တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်းသိ‌ကောင်းစရာ တရား‌ဒေသနာ‌တော်မြတ်ကို ဟောကြားတော်မူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ဓမ္မပူဇာအလှူငွေများနှင့် သင်္ကန်းခြင်းတို့အား ဆက်ကပ်လှူဒါန်း ခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှအတမ်း ပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (ပထမနေ့ည) ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (ပထမ‌နေ့ည)ကို ဇန်နဝါရီလ(၁)ရက်နေ့ ညပိုင်းအချိန်က ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းအမှူးပြုသော အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတရားနာပရိတ်သတ်များက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပဲခူးမြို့ သာသနာမဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော် ဘဒ္ဒန္တ သုန္ဒရသာသန ဓဇဓမ္မာ စရိယ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။          ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပဲခူးမြို့ သာသနာမဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော် ဘဒ္ဒန္တသုန္ဒရသာသနဓဇဓမ္မာစရိယ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတက မြင်း(၄)ကောင် နှင့် လူ(၄)ယောက်တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်းသိကောင်းစရာတရားတော်မြတ်ကို ဟောကြား တော်မူပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လှူဖွယ်ဝတ္ထုပစ္စည်းနှင့် ဓမ္မပူဇာ  အလှူငေွ တို့အား ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတမ်း ပေးဝေခဲ့ကြကြောင်း …

Read More »