Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကဆုန်လပြည့်၊ ဗုဒ္ဓနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် အနေကဇာတင် ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ညောင်ရေသွန်းလောင်းခြင်းနှင့် ဓမ္မသဘင်အခမ်းအနားများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်

ကဆုန်လပြည့်၊ ဗုဒ္ဓနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် အနေကဇာတင် ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ညောင်ရေသွန်းလောင်းခြင်းနှင့် ဓမ္မသဘင်အခမ်းအနားများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်

ပဲခူး ဧပြီ ၂၇

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဧပြီလ(၂၆)ရက်နေ့၊ မွန်းလွဲ ပိုင်းက ကဆုန်လပြည့်၊ ဗုဒ္ဓနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် အနေကဇာတင်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ညောင်ရေသွန်းလောင်းခြင်းနှင့် ဓမ္မသဘင် အခမ်း အနားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မေလ(၃)ရက်နေ့၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ သည် ဘာသာရေးနှင့်ပတ်သက်သည့် နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ပြီး ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ် ကြီးတွင် ပထမဆုံးအနေဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် သံဃာအပါး(၁၀၀၀)ဖြင့် အနေကဇာတင်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ အစဉ်အလာတစ်ခုအနေဖြင့် နှစ်စဉ်ကျင်းပ သွားရန်လိုအပ်ကြောင်း၊ နံနက်ပိုင်းတွင် သဃာတော်အပါး(၁၀၀၀)နှင့် သီလရှင်အပါး (၁၀၀)အား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းမည်ဖြစ်၍ သီခြားဆွမ်းစားဓမ္မာရုံများ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ သံဃာ တော်များနှင့်သီလရှင်များ ကြို/ပို့ခြင်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ဘုရားဖူးလာပြည်သူများအား စတုဒီသာကျွေးမွေးခြင်းများလည်း ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူ မည့် ဌာနဆိုင်ရာများ၊ အလှူရှင်များအနေဖြင့် လှူဖွယ်ပစ္စည်းများအား မေလ(၂)ရက်နေ့နောက်ဆုံးထားပြီး ရွှေမော်ဓောစေတီတော်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ သတ်မှတ်နေရာအသီးသီးသို့ အပြီးပို့ဆောင်ထားရန်လို အပ်ကြောင်း၊ အစားအစာနှင့်ကျန်းမာရေးအတွက် ဘုရားပေါ်တွင် ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်း သီးသန့်ထားရှိရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ် ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးဦးစီးကော်မတီ၊ အခမ်း အနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ အာရုံဆွမ်းဆက်ကပ်ခြင်းနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ သံဃဝေယျာဝစ္စနှင့် ဆွမ်းဆန်တော်လောင်းလှူရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုပင့်ဆောင် နေရာချထားရေးလုပ်ငန်းကော်မတီ၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေး လုပ်ငန်းကော်မတီ၊ ညောရေသွန်းလောင်းရေးလုပ်ငန်းကော်မတီ၊ တရားပွဲကျင်းပရေးလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာရေးကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိ မှုအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် တက်ရောက်လာသည့် မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သာသနာတော်ဆိုင်ရာ အခမ်း အနားတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းဖြေကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကော်မတီတစ်ခုချင်းအလိုက် ပေးအပ်ထားသည့် လုပ်ငန်းတာဝန် များပေါ် အကြံပြုဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။