Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်မြို့၌ (၁၁)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ကြည်ညို ကျင်းပပြုလုပ်

ပြည်မြို့၌ (၁၁)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ကြည်ညို ကျင်းပပြုလုပ်

ပြည် ဩဂုတ် ၁၈

          ပြည်မြို့၊ ဝင်္ဂဘာတောရစာသင်တိုက်၌ (၁၁)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား ဩဂုတ်လ(၁၈)ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ကြည်ညိုခဲ့သည်။

          ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက  စူဠဘွဲ့နှငါးသဘင်ဖြစ်မြောက်ရေး ဩဝါဒါစရိယ ဆရာတော် ပြည်မြို့၊ ဇောတိကာရုံ ပါဠိတက္ကသိုလ် တိုက်ကြပ်နာယက “အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ”ဘဒ္ဒန္တသုမင်္ဂလ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ ဖတ်ကြား လျှောက်ထားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စူဠဘွဲ့နှင်းသဘင် အခမ်းအနားအတွက် အလှူငွေကျပ်(၈၅)သိန်း အပါအဝင် အလှူငွေကျပ် စုစုပေါင်းကျပ်သိန်း(၂၁၀)အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ပန်းတောင်းမြို့တပ်နယ်မှူး ဗိုလ်မှူးချုပ် လှိုင်တင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌတို့ကအဘဏ္ဍာငွေရှာဖွေရေးနှင့် အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ အသီးသီး ပေးအပ်လှူဒါန်းပေးခဲ့ကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်ခဲ့ကြ သည့် စာအောင်သံဃာတော်၊ သီလရှင်များအား အဆောင်အယောင်နှင့် ဘွဲ့တံဆိပ်တော်များ ချီးကျူး ဂုဏ်ပြုဆက်ကပ် ပူဇော်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးနှင့် တာဝန်ရှိသူများက ကြွရောက်လာသည့် အကြည်ညိုခံ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြရာ စူဠဘွဲ့နှင်းသဘင် ဖြစ်မြောက်ရေးအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ပြည်မြို့ ဝင်္ဂဘာတောရ စာသင်တိုက် ဦးစီးပဓာနနာယက “မဟာသဒ္ဓမ္မဇောတိကဓဇ” ဒေါက်တာ ဘဒ္ဒန္တသြဘာသ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဠတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြကြောင်းသိရှိရသည်။

          ပြည်မြို့၊ ၂၀၂၃ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ အဘိဓမ္မာ နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ၌ ဓမ္မာစရိယတန်းအောင် ရဟန်း/ သာမဏေ (၄၃)ပါး၊ သီလရှင်(၃)ပါး၊ပထမကြီးတန်းအောင် ရဟန်း/ သာမဏေ (၂၄)ပါး၊ သီလရှင်(၇)ပါး၊ ပထမလတ်တန်းအောင် ရဟန်း/ သာမဏေ (၁၉)ပါး၊ သီလရှင်(၁)ပါး၊ ပထမငယ်တန်းအောင် ရဟန်း/ သာမဏေ (၁၁၃)ပါး၊ သီလရှင်(၂၄)ပါး၊ အခြေပြုမူတန်းအောင် ရဟန်း/ သာမဏေ (၁၂၅)ပါး၊ သီလရှင်(၉)ပါး၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲအောင် လူပုဂ္ဂိုလ်(၆၄)ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။