Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အပတ်စဉ်(၂/၂၀၂၄)သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အပတ်စဉ်(၂/၂၀၂၄)သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပြည် ဩဂုတ် ၂၁

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း အပတ်စဉ်(၂/၂၀၂၄)ဖွင့်ပွဲအား ယမန်နေ့၊ နံနက်ပိုင်းက ပြည်မြို့၊ ဇီးအုပ်တောင်သူ လယ်သမား သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်ဆောင်ရွက်နေသူများဖြစ်ကြောင်း၊ ယခုဖွင့်လှစ်ပေးသည့် သင်တန်းသည် ကျေးလက်နေတောင်သူလယ်သမားများ၏ လူ့မှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ သိသင့်သိထိုက်သည်များကို တောင်သူဦးကြီးများ နားလည်နိုင်သည့် အသုံးအနှုန်းများဖြင့် ကိုယ်တိုင်လုပ်ကိုင်နိုင်သည်အထိ စာတွေ့/ လက်တွေ့ သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ပံ့ပိုးဆောင်ရွက်ပေး နေသလို စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရေးအတွက်လည်း ယခုလို သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်၍ တက်ရောက်လာသည့် သင်တန်းသားများအနေဖြင့် သင်တန်း စည်းကမ်းနှင့်အညီ သင်တန်းကိုပြီးဆုံးအောင်တက်ရောက်ပြီး သင်တန်းမှ ပို့ချပေးလိုက်သည့် နည်းပညာ ဗဟုသုတများကို စံနမူနာပြအဖြစ် လက်တွေ့ လိုက်နာကျင့်သုံးကြရန်နှင့် မိမိတို့ရပ်ရွာရှိ တောင်သူ လယ်သမားများထံ ဆက်လက်ဖြန့်ဝေပေးကြစေလို ကြောင်း လမ်းညွှန်မှကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စီးပွားရေးရာ ဝန်ကြီး ဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်တို့က တက်ရောက်လာသည့် တောင်သူများထံ စားဖိုးဆောင် သီးနှံ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းတက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

          အဆိုပါ တောင်သူလယ်သမားဖွံ့ဖြိုးရေးသင်တန်းအပတ်စဉ်(၂/၂၀၂၄)အား ပြည်ခရိုင်နှင့် နတ်တလင်း ခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံတောင်သူ(၄၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်း၌ သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများ၊ စပါးသီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေး အပင်သက်တမ်းအလိုက် ပြုစုစောင့်ရှောက်ခြင်း၊ ကြံသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေး နည်းစနစ်များ၊ အခြေခံ ငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်ဆောင်ရွက်ခြင်း၊ လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေရိုင်းဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေးနည်း စနစ်များ၊ မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်းနှင့် မျိုးစေ့ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ပီလောပီနံ စနစ်တကျစိုက်ပျိုးရေး၊ မြေဆီလွှာအာဟာရဓာတ်ပြည့်ဝစေရေးအတွက် သဘာဝမြေဩဇာပြုလုပ်သုံးစွဲ နည်း၊ စပါးသီးနှံတွင် ကျရောက်တတ်သော ဖျက်ပိုး/ရောဂါကာကွယ်နှိမ်နင်း နည်းလမ်းများ၊ ဝက်မွေးမြူ ထုတ်လုပ်ခြင်း လက်ဆွဲကောက်စိုက်စက်အသုံးပြုခြင်းနှင့် ပျိုးထောင်ခြင်း၊ ဆည်မြောင်းဥပဒေဆိုင်ရာ သိကောင်းစရာနှင့် စိုက်ပျိုးရေ အကျိုးရှိစွာသုံးစွဲနည်းနှင့် လက်တွေ့ကွင်းဆင်းလေ့လာခြင်းများ သင်ကြား ပေးသွားမှာဖြစ်ကြောင်း သတင်း ရရှိသည်။