တောင်ငူ နိုဝင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ နိုဝင်ဘာလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာအုပ်စု
ကျွဲဘူးကျေးရွာ၌ ရာဂီမုန်တိုင်းကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် မွေးမြူရေးလုပ်ငန်းရှင် ဒေါ်ခင်နှင်းဦးအား ဥစားကြက်နှင့် ဒေသကြက်ကောင်ရေ (၁၂၀၀၀)အား ပြန်လည်အစားထိုးပေးအပ်ခဲ့ပြီး ကြက်ခြံများအတွင်း လှည့်ကြည့်ရှုအားပေးခဲ့ကာ ဘဲမွေးမြူရေးလုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်သွားရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှစ်ဆောင်မြိုင်-ရွာတန်းရှည်လမ်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် သန်း(၁၉၀)ဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် Kanbawza Pathfinder Industries Ltd မှ တောင်ငူ-ရေတာရှည်လမ်းပိုင်းတွင် ရေကျော်ခဲ့သည့် မိုင်တိုင်အမှတ်(၁၆၀/၀)မှ (၁၆၃/၇)အထိ (၂၄)ပေအကျယ် (၁)ပေအမြင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ယာဉ် ကြောပိတ်ဆို့မှု မရှိစေရေး၊ ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရေး သတိပေးဆိုင်းဘုတ်များ၊ ရောင်ပြန်များ တပ်ဆင်ထားရှိရန်နှင့် သက်ဆိုင်ရာလမ်းလုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာအုပ်စု၌ တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် သီးထပ်ဧကတိုးတက်စေရေး ချောင်းဖြူချောင်းတူးဖော်ပေးခဲ့မှုကြောင့် တစ်ကွင်း တစ်ဆက်တည်း နွေစပါး(၂)သီး စံပြကွက်ဧက(၂၀၀) စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တောင်ငူမြို့၊ ထီးလှိုင်ပန်းခြံဆောက်လုပ်နေမှုနှင့် ကေတုမတီရှေးဟောင်းကျုံး မြောက်ဘက်မြို့ရိုး ဖော်ထုတ်ရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တောင်ငူမြို့၊ အမှတ်(၁)လမ်း၌ MSME ဒေသထုတ်ကုန်များအရောင်းစင်တာဖွင့်လှစ်မည့် ဆိုင်နေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ခပေါင်းတိန်ကျေးရွာ တစ်ကွင်းတစ်ဆက်တည်း မတ်ပဲစံပြစိုက်ခင်း ဧက(၂၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး နွေနှမ်းအား ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ သီးထပ် ဧကများ တိုးတက်စေရေး စိုက်ပျိုးရေရှိနိုင်မည့်နည်းလမ်းနှင့် ရေအရင်းအမြစ်အား ကွင်းဆင်းစိစစ် တင်ပြ ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့သည် သီတဂူဗုဒုဒ္ဓ တက္ကသိုလ်(တောင်ငူ)သို့ သွားရောက်ခဲ့ပြီး သီတဂူဗုဒုဒ္ဓ တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဦးတိက္ခအား သွားရောက်ဖူးမြော်ခဲ့ကာ ကုသိုလ်ဖြစ်ဆေးရုံတည်ဆောက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။