Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဘုရား၌ (၃၅)ကြိမ် မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဘုရား၌ (၃၅)ကြိမ် မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၅

          ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဒီဇင်ဘာလ(၁၅)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဘုရား၌ (၃၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့ သည်။

          ရှေးဦးစွာ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ ဩဝါဒါစရိယဆရာတော်ကြီးများ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။

          ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အလှူတော်မင်္ဂလာကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင် များမှ သံဃာအပါး(၁၃၀)နှင့် သီလရှင်အပါး(၁၅၀)တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လောင်းလှူပူဇော်ကြသည်။

            ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးစီစဉ်ကျင်းပပြုလုပ်သည့် ပဲခူးမြို့‌ ဆုတောင်းပြည့် ရွှေသာလျောင်းဗုဒ္ဓရုပ်ပွား‌တော်မြတ်ကြီး၏ (၉၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ် နတ်တော် လဆန်း(၉)ရက်၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ နတ်တော်လပြည့်‌ကျော်(၁)ရက်၊ ဒီဇင်ဘာလ(၁၆) ရက်နေ့ အထိ(၈)ရက်တိုင်တိုင် ပဌာန်းပွဲများ၊  ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ၊ ဆွမ်းတော်ကြီးကပ်လှူပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး ဘုရားပွဲစျေးတန်းတွင် အနယ်နယ် အရပ်ရပ်မှ လာရောက်ရောင်းချသည့် စျေးဆိုင်ခန်းပေါင်း(၂၀၀)ကျော်ရှိကာ ဘုရားဖူးလာပြည်သူများနှင့် အထူးစည်ကားလျက်ရှိကြောင်းနှင့် ပဲခူးမြို့ရှိ ဆုတောင်းပြည့်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမော်ဓောစေတီ တော်မြတ်ကြီး၊ ရွှေဂူလေးဘုရား၊ ရွှေဂူကြီးဘုရား၊ မဟာစေတီတော်မြတ်ကြီး၊ ကျိုက်ပွန်ဘုရား၊ ဆုတောင်း ပြည့် ကျိုက်ပညာယျစေတီတော်မြတ်ကြီးနှင့် အခြားဘုရားစေတီပုထိုးများတွင် ပြည်တွင်း/ပြည်ပ ဘုရားဖူး လာကြသူများနှင့် စည်းကားလျက်ရှိကြောင်း သတင်းရရှိသည်။