ပဲခူး ဇန်နဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ စတုတ္ထအကြိမ်မြောက် ဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ အောင်ပွဲ အခမ်းအနားအား ဇန်နဝါရီလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်း ဓမ္မာရုံ၌ စတုတ္ထအကြိမ်မြောက် ဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်ပွဲ အောင်ပွဲအခမ်းအနားအား “နမောတဿ” သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဧည့်ပရိသတ်အပေါင်းကရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဖြစ်တော်မူသော နိုင်ငံတော်ဩဝါဒါစရိယ၊ ပဲခူးမြို့၊ မြို့မစာသင်တိုက်ကြီး၏ ပဓာန နာယက ဘဒ္ဒန္တဂန္ဓမာထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြွရောက်လာသည့် ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဆေးပစ္စည်းအလှူတော်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဧည့်ပရိသတ်အပေါင်းက ရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဖြစ်တော်မူသော ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက်ကြီး၏ ပဓာန နာယက ဒေါက်တာဘဒ္ဒန္တသူရိယ မဟာထေရ် ဆရာတော်အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။ ၎င်းနောက် ပဲခူးမြို့၊ ရတနာသီရိန်ကျောင်းတိုက်၊ တိုက်အုပ်ဆရာတော် ပဋ္ဌာနဘာဏက ဖြစ်တော်မူသော ဆရာတော် ဘဒ္ဒန္တဝိနယ အရှင်သူမြတ်က နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပြီး အခမ်းအနားအောင်ပွဲအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက ကြွရောက်လာသည့် သံဃာတော်နှင့် သီလရှင် (၈၁)ပါးတို့အား ဆေးပစ္စည်းများ စုပေါင်းလောင်းလှူခဲ့ကြပြီး ဆေးနှင့်လှူဖွယ်ပစ္စည်းများလောင်းလှူ ပူဇော်ကြပြီး ကြွရောက်လာသည့် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များအားနေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်းနှင့် ဘုရားဖူးလာပြည်သူများအား စတုဒီသာကျွေးမွေးခြင်း၊ ဆေးဝါးအခမဲ့ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင် ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပဲခူးမြို့ကျက်သရေဆောင် ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်ရင်ပြင်တော်ပေါ်ရှိ ရွှေကျောင်းတော်ကျောက်ပန်းတောင်းဓမ္မာရုံ၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိ (၇) ရက်တိုင်တိုင် ရဟန်း၊ ရှင်၊ လူ ပြည်သူအပေါင်း အသက်ရှည်စွာအနာ မရှိကြဘဲ ရောဂါဘေးဘယာများ ဝေးကွာစေခြင်း၊ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး နှစ်ပေါင်းများစွာ ရှည်ကြာတည်တံ့စေနိုင်ရေး မျှော်ရည်မှန်း၍ သံဃာတော်အရှင်သူမြတ်များက ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော် ခဲ့ကြောင်း သိရသည်။