ပဲခူး ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ဖေဖော်ဝါရီလ (၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အခြေခံပညာ အထက်တန်းကျောင်း(စာကလေးကွင်း)၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းအားဖြင့် သန့်ရှင်းရေး ပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ အများနှင့် သက်ဆိုင်သော ပန်းခြံများနှင့် သောက်သုံးရေကန်များတို့တွင် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ပေါင်းစုအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်းနှင့် သန့်ရှင်းရေးပြုလုပ်ကြသူများအား စေတနာရှင် ပြည်သူများက ကောက်ညှင်းပေါင်း၊ အကြော်၊ လက္ဘ်ရည်များ ဖြင့် ပြန်လည်ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။