ပဲခူး ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက (၆၃)နှစ်မြာက် တောင်သူလယ်သမားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ဒေသ ဖြစ်ကာ မရှိမဖြစ်အခြေခံစားသုံးကုန်ဖြစ်သည့် ဆန်၊ ဆီထွက်သီးနှံနှင့် ပဲအမျိုးအမျိုးအား ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူလယ်သမားကြီးများကို ချီးကျူးဂုဏ်ပြုပေးနိုင်ရေးနှင့် တက်ရောက်လာသည့် အခြားတောင်သူများကိုလည်း မျိုး၊ မြေ၊ ရေ၊ နည်း အဓိကလမ်း(၄)သွယ်၏ အရေးပါပုံ များ၏ အတွေ့အကြုံကောင်းများကို တောင်သူအချင်းချင်း ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများလည်း ထည့်သွင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စပါး၊ ပြောင်း၊ နှမ်း၊ နေကြာ၊ ပဲနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်း များ၊ ခြံလှောင်စနစ်ဖြင့် နွား၊ ဒေသဝက်၊ ဒေသကြက်၊ ဆိတ်နှင့် ဥစားဘဲ မွေးမြူရေးခြံများ ထည့်သွင်းပြသ သွားမည်ဖြစ်ရာ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းများမှ ကျောင်းသား/ သူများနှင့် စိုက်ပျိုးရေးသိပ္ပံမှ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများကို ဖိတ်ကြားသွားရမှာဖြစ်ကြောင်း၊ ခရိုင်(၆)ခုအတွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံပြပွဲ ပြိုင်ပွဲများနှင့်ပတ်သက်၍ အမှတ်ပေးစည်းမျဉ်း စည်းကမ်းများကို ကြိုတင်ဖြန့်ဝေပေးထားရန်လိုအပ်ပြီး တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် လယ်ယာသုံး စက်ကိရိယာများကို တက်ရောက်လာသည့် တောင်သူများ ကြည့်ရှုလေ့လာဝယ်ယူနိုင်ရေး အရောင်းပြခန်း များနှင့် ဒေသထွက် MSME အရောင်းပြခန်းများ ထည့်သွင်းပေးသွားရမှာဖြစ်ကြောင်းနှင့် ဖွဲ့စည်းပေးထား သည့် လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပရေးဦးစီး ကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံရေးလုပ်ငန်းကော်မတီ၊ ဇာတ်သဘင်နှင့် ဖျော်ဖြေ ရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီ၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် ဘဏ္ဍာရေးလုပ်ငန်း ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီ၊ စာရင်းစစ်ဆေးရေးလုပ်ငန်းကော်မတီ၊ ပြခန်း ဟင်းသီးဟင်းရွက်နှင့် သစ်သီဝလံပန်းမန် အကဲဖြတ်ဒိုင်၊ MSMEs ဈေးရောင်းပွဲတော်နှင့်ပြခန်းများ ကျင်းပနိုင် ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တောင်သူလယ်သမားနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက ခရိုင်အလိုက် MSMEs ထုတ်ကုန်များနှင့် လယ်ယာသုံးစက်ကိရိယာများ ပြသရောင်းချနိုင်ရေး၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီဝလံပန်းမန်ပြပွဲ ပြိုင်ပွဲများ အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ အခမ်းအနားသို့ တက်ရောက်မည့် တောင်သူလယ်သမားများနှင့် ကျောင်းသား/သူများ၊ ဆရာ/ ဆရာမများ၏ အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ ၂၀၂၅ ခုနှစ်၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကဏ္ဍတစ်ခုချင်းအလိုက် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။