ပဲခူး ဧပြီ ၁၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမသို့ ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စာနာထောက်ထားမှုအပြည့်ဖြင့် လာရောက်လှူဒါန်းကြသည့် စေတနာရှင် အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ ဧပြီလ(၉)ရက်နေ့တွင် Hansae Bago Co., Ltd မှ အမေရိကန်ဒေါ်လာ (၁၅၀,၀၀၀) တန်ဖိုးရှိ အဝတ်အထည်များနှင့် သီးခြားအလှူငွေကျပ်သိန်း (၁၀၀၀)နှင့် ဧပြီလ(၁၀)ရက်နေ့တွင် ဂမုန်းပွင့်ကုမ္ပဏီမှ အလှူငွေကျပ် သိန်း(၁၀၀၀)၊ မော်ကွန်းရွှေကုမ္ပဏီ + Healthy First Organic Group မှ ငွေကျပ်သိန်း(၁၁၀) တို့အားပေးအပ် လှူဒါန်းခဲ့ရာ ဂုဏ်ပြု မှတ်တမ်းလွှာ များ အသီးသီးပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website