Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စီးပွားရေး တိုးတက်စေရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စီးပွားရေး တိုးတက်စေရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၃

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက် ပိုင်းက စီးပွားရေး တိုးတက်စေရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဇူလိုင်လ(၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး၏ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးတို့အား လုပ်ဆောင်ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အားကောင်းမှသာ ကုန်ထုတ်လုပ်မှုများ တိုးတက် လာမှာဖြစ်ပြီး ကုန်ဈေးနှုန်းများ ကျဆင်းလာမှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိ ရေးနှင့် သီးထပ်စွမ်းအား တိုးတက်အောင် ဆောင်ရွက်ခြင်းတို့သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု များစွာ အထောက်အကူဖြစ်စေနိုင်မှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျှော်မှန်းဆောင်ရွက်လျက်ရှိရာ လိုအပ်သည်များကို ကဏ္ဍပေါင်းစုံမှ ပံ့ပိုးဖြည့် ဆည်းဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ မိုးသီးနှံ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးဖြစ်ထွန်းနိုင် သည့် ပြည်ပပို့ကုန်ဖြစ်သော သရက်နှင့်ဒူရင်း သီးနှံဇုန်များ ဖော်ဆောင်ရန်နှင့် စားဖိုဆောင်သီးနှံများအား သတ်မှတ်ဧကအပြည့်အဝ စိုက်ပျိုးရမှာဖြစ်ကြောင်း၊ တောင်သူတိုင်း Drum Seeder ပိုင်ဆိုင်နိုင်ရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေ ရေး ဆောင်ရွက်ရာတွင် လအလိုက်စီမံချက်ပါအတိုင်း တိုးချဲ့မွေးမြူနိုင်ရေး မြေပြင်ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တာဝန်ရှိသူ အားလုံး ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

              ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌများက ဒေသတွင်း စီးပွားရေး တိုးတက်စေရေး အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်စွာ ဆောင်ရွက်သွားမည့် လုပ်ငန်း စီမံချက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်တင်ပြခဲ့ကြရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက ကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြသည်။

               ယင်းနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ဗိုလ်မှူးကြီး အောင်သောင်းထိုက်က ခရိုင်အလိုက် တင်ပြချက်များအပေါ် ပြန်လည်သုံးသပ် အကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ် တစ်ခုချင်းအလိုက် စီးပွားရေး တိုးတက်စေရေး ဆောင်ရွက်ရန်လို အပ်ချက်များအား ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။