Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၀

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၁၀) ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၅) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးသီးနှံ အလိုက် ပန်းတိုင်အထွက် နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြည်စုံကောင်းမွန်ရန်လိုအပ်မှာဖြစ်ပြီး မွေးမြူရေးနှင့်ပတ်သက်၍ ဒေသနှင့် ကိုက်ညီပြီး ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်သည့် ဒေသတွင်း မျိုးကောင်းမျိုးသန့်များကို ရွေးချယ် မွေးမြူသွားရမှာဖြစ်ကြောင်း၊ ရေကြီးရေနက်ကွင်းရှိ လယ်မြေများအား ရေလျော့ထုတ်ပေးနိုင်ပါက မိုးကောင်း သောက်လယ်မြေများအဖြစ် ပြောင်းလဲနိုင်ပြီး သီးနှံထပ်စွမ်းအား တိုးတက်လာမှာဖြစ်ကြောင်း၊ ပြည်ပသို့တင်ပို့သည့်သီးနှံများတွင်သုံးစွဲသည့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ နှင့်ပတ်သက်၍ သေချာ ဆန်းစစ်သုံးစွဲရန်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ အစားအစာ ဘေးကင်းလုံခြုံစေရေး အသိပညာပေးခြင်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရ မှာဖြစ်ကြောင်း၊ သွင်းအားစုဓါတ်မြေဩဇာ များ လျော့ချသုံးစွဲနိုင်ရေးနှင့် သဘာဝအတိုင်း မြေဆီဩဇာ ပြန်လည်ကြွယ်ဝစေရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)အား ဒေသအလိုက်သတ်မှတ်ဧကအတိုင်း အပြည့်အဝစိုက်ပျိုးသွား ရမှာဖြစ်ကြောင်း၊ မကြာမီ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွား မှာဖြစ်ကြောင်း၊ ဒေသတွင်း အားကစားကဏ္ဍမြှင့်တင်ပေးနိုင်ရေးနှင့် မျိုးဆက်သစ် အားကစားသမားများ ဖော်ထုတ်နိုင်ရေး ခရိုင်/မြို့နယ်အလိုက် အားကစားနည်းအလိုက် အားကစားပွဲများ ကျင်းပသွားရန်နှင့် ထိုက်ထိုက်တန်တန်ချီးမြှင့်ခြင်းများ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေ များနှင့် အချိန်စေ့ချေးငွေများ အပြည့်အဝပြန်လည်ကောက်ခံရရှိရေး ကြိုးစားဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးများက ဒေသတွင်းလူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းအကြံပြုတင်ပြဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၏ တင်ပြချက်များနှင့် ပတ်သက်၍ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ဖွံ့ဖြိုးတိုးတက်စေရေး၊ စားရေရိက္ခာဖူလုံစေရေး လအလိုက်တိုးချဲ့ဆောင်ရွက်သွားရမည့် လိုအပ်ချက်များ အား အသေးစိတ် ဖြည့်စွက်ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။