နတ်တလင်လင်း ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တူ ဧပြီလ(၂၆) ရက်နေ့၊နံနက်ပိုင်းက နတ်တလင်းခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းမြို့နယ်၊ ရွာသာကုန်း ကျေးရွာအုပ်စု၌ ရေဆင်းပေါ်ဆန်း(၁) မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း (၄၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း နေမှု၊ ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ စုပေါင်းကြဲပတ်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သဘာဝမြေဩဇာ ကိုယ်တိုင်ပြုလုပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲရန်၊ ဒေသနွားမွေးမြူရေးနှင့် သဘာဝရွက်ဖြန်းမြေဩဇာသုံးစွဲနိုင်ရေးနှင့် လာမည့်မိုးစပါးရာသီတွင် တန်ဖိုးမြှင့် ပေါ်ဆန်းစပါး ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နတ်တလင်းမြို့၊ ရွှေလင်းခန်းမ ဘက်စုံ အဆင့်မြှင့်တင်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူနှင့်သက်ဆိုင်သည့် အခမ်း အနားများ ဆောင်ရွက်ရန်၊ ခန်းမနှင့် ခန်းမအတွင်းရှိပစ္စည်း ရေရှည်အသုံးပြုနိုင်ရေး ထိန်းသိမ်းပြုပြင် ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် နတ်တလင်းမြို့နယ်၊ ကံသာကျေးရွာ၌ EM ဘိုကာချီမြေဆွေး ပြုလုပ်ရောင်းချနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ မြို့နယ်အလိုက် သဘာဝမြေဩဇာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်၍ သက်သာသောနှုန်းထားဖြင့် ရောင်းချနိုင်ရေး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းမြို့နယ်ရှိ မင်းခန့်ကျော်လယ်ယာသုံး စက်ကိရိယာ ထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်၍ နေပြည်တော၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန် ပြပွဲ/ပြိုင်ပွဲတွင် စျေးကွက်ရရှိခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ မှာယူနေ သည့်အတွက် သီးနှံမျိုးစုံချွေလှေ့စက် ထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ကာ လယ်ယာသုံးစက်ကိရိယာ များအား သက်သာသောနှုန်းထားဖြင့် ဆက်လက်ထုတ်လုပ်ရန်နှင့် ဆန်းသစ်တီထွင်ထုတ်လုပ်မှုများ ဆောင်ရွက်နိုင်ရေး နည်းပညာနှင့် ချေးငွေရရှိရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website