ပြည် ဧပြီ ၂၇

ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သိရီရတနာခန်းမ၌ ဧပြီလ(၂၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်) KG နှင့် Grade 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်း စနစ် ချိတ်ဆက်ဆောင်ရွက် နိုင်ရေးအတွက် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တို်ငးဒေသကြီးအဆင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ ခြင်းသည် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးအရှိဆုံးသော ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် အတွက် ပညာရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ကြောင်း၊ ပညာရေးအညွှန်းကိန်းများဖြစ်သော ကျောင်းဝင်နှုန်း၊ ကျောင်းနေနှုန်း၊ အတန်းပြီးမြောက်နှုန်း၊ အတန်းကူးပြောင်းနှုန်း၊ အဆင့်ကူးပြောင်းနှုန်းများ တိုးတက်မြင့်မားလာဖို့ ကြိုးပမ်းဆောင်ရွက်သွားကြရ မှာဖြစ်ကြောင်း၊ ကျောင်းနေရွယ်ကလေးများ ကျောင်းနေပျော်ဖို့၊ ကျောင်းနေမြဲဖို့အတွက် အစဦးဆုံးကာလ ဖြစ်သော မူကြိုအရွယ်နှင့် သူငယ်တန်းဝင်စ အရွယ်သည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ အစောပိုင်းကလေး ဘဝ၏ အာရုံငါးပါး ဟန်ချက်ညီ ဖွံ့ဖြိုးမှုမှသည် ပတ်ဝန်းကျင်၊ ရပ်ရွာ၊ နိုင်ငံတော်အတွက် ရေရှည်တည်တံ့ ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် လူသားအရင်းအမြစ်များ ရရှိနိုင်မှာဖြစ်ကာ သုတေသနပြုချက်များအရ မူကြိုအတွေ့အကြုံရှိသော ကလေးများသည် မူကြိုအတွေ့အကြုံမရှိသော ကလေးများထက်ပို၍ သင်ယူ ရန် အဆင်သင့်ဖြစ်ကြောင်း တွေ့ရှိရသဖြင့် အခြေခံဖြစ်သော မူကြိုပညာရေးနှင့် KG , Grade 1 ပညာရေး ကိုချိတ်ဆက်သင်ကြားခြင်းဖြင့် ကလေးများပညာသင်ယူရာတွင် အဆင်ပြေချောမွေ့နိုင်ခြင်း၊ လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်းတို့ကြောင့် ဆရာ/ဆရာမများအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိ သဖြင့် လေ့ကျင့်လေ့လာသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကျောင်းသား/သူများက “ဇာတိမာန်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြ ရာ ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က သင်တန်းအတွက် ငွေကျပ်သိန်း(၃၀)နှင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် သင်တန်းသား ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် ပြည် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် ရွှေကူရပ်ကွက်နှင့် ခေတ္တရာရပ်ကွက် မူလတန်းကြို ကျောင်းများသို့ သွားရောက်၍ မူလတန်းကြိုတက်ရောက်နေသည့် သားငယ်/သမီးငယ်များအား အာဟာရ မုန့်၊ ပဲနို့နှင့် မူလတန်းကြိုကျောင်းများအတွက် တစ်ကျောင်းလျှင် ငွေကျပ်သိန်း(၂၀)စီ ထောက်ပံ့ပေးအပ်ခဲ့ မူလတန်းကြိုကျောင်းအတွင် အရိပ်ရအပင်များစိုက်ပျိုးရန်နှင့် ခေတ်မီကလေးကစားကွင်းများ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website