ပြည် ဩဂုတ် ၂

ပြည်မြို့၊ ကမ်းနားလမ်း၊ နဝဒေးပန်းခြံအနီး၊ ဧရာဝတီမြစ်ကမ်း၌ အမြန်သွားရေယာဉ် (Fiber Glass Boat)အား ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝယ်ယူထားသည့် အမြန်သွားရေယာဉ် (Fiber Glass Boat)လွှဲပြောင်းပေးအပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမြန်သွား ရေယာဉ် (Fiber Glass Boat) အားလွှဲပြောင်းပေးအပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်မျိုးထူးက လက်ခံရယူခဲ့ပြီး အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွတ်တော် ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဧရာဝတီမြစ်အတွင်း အမြန်သွားရေယာဉ် (Fiber Glass Boat)၏ စမ်းသပ်မောင်းနှင်မှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ အမြန်သွားရေယာဉ် (Fiber Glass Boat)သည် ငွေကျပ် သိန်း(၁၈၀၀)ကျော် တန်ဖိုးရှိပြီး ဧရာဝတီမြစ်အတွင်း တရားမဝင်ပစ္စည်းများ ဖမ်းဆီးရမိ စေရေး၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် အတွက် အမြန်သွားရေယာဉ် (Fiber Glass Boat)၊ အလျား(၂၇)ပေ၊ အနံ(၉)ပေ၊ အမြင့်(၄)ပေ(၆)လက်မ၊ ရေစူး(၁)ပေ၊ အင်ဂျင်အမျိုးအစား Suzuki DF-200A (2003F-244843) (Japan)အား လွှဲပြောင်းပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website