တောင်ငူ အောက်တိုဘာ ၃

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တောင်ငူမြို့၊ (၂)ရပ်ကွက်ရှိ ဦးရဲလင်း၏ အေးမေတ္တာဆန်စက်နှင့် စပါးခွံလောင်စာတောင့် ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးတွေဝင်းသည် တောင်ငူမြို့၊ ထီးလှိုင်ရပ်ကွက်ရှိ ဦးဇော်မင်းထက်၏ သဇင်ဝါမုန့်လုပ်ငန်းသို့ သွားရောက်၍ အလုပ်ရုံအတွင်း စက်များပြင်ဆင်စမ်းသပ် လည်ပတ်နေမှုအား လှည့်လည်ကြည့်ရှုခဲ့ပြီး ထုပ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်ပေးနိုင်ရေး တာဝန်ရှိသူများ နှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူ ကွန်ပျူတာတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး ရှင်းလင်းဆောင်၌ တောင်ငူကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးက ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အားကစား ပစ္စည်း ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၏ Server Room ၊ စာကြည့်တိုက်တို့အား လှည့်လည်ကြည်ရှုခဲ့ပြီး သုတ/ရသ စာအုပ်များ ဝယ်ယူနိုင်ရေး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ကေတုမတီ မြို့သစ်ရှိ လုပ်ငန်းရှင် ဦးစိုင်းဇာနည်၏ Pioneer ကော်ဖီမှုန့်လုပ်ငန်းနှင့် ဒေသထွက်စားသောက် ကုန်လုပ်ငန်း ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ တာဝန်ရှိသူများ နှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website