Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များ Database သို့ သတ်မှတ်ချိန်အတွင်း အချိန်မီထည့်သွင်းပြီးစီးနိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များ Database သို့ သတ်မှတ်ချိန်အတွင်း အချိန်မီထည့်သွင်းပြီးစီးနိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဇူလိုင် ၁၇

==================

          ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက Online System ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆)များ Database သို့ သတ်မှတ်ချိန်အတွင်း အချိန်မီ ထည့်သွင်းပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် ပန်းခင်းစီမံချက်နှင့် နိုင်-၄ စာရင်းများ ရေးသွင်းခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များကို ပထမဆုံးပြီးစီးခဲ့သည့် တိုင်းဒေသကြီးတစ်ခု ဖြစ် ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ ရိုက်သွင်းခြင်းနှင့် ပြန်လည် စစ်ဆေးခြင်းလုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်မှသာ လွပ်လပ် ပြီး တရားမျှတသော ရွေးကောက်ပွဲအတွက် စနစ်ကျပြီး တိကျသော မဲစာရင်းများ ထွက်ရှိလာနိုင်မှာဖြစ်ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ များ Software Program အတွင်း ထည့်သွင်းခြင်း လုပ်ငန်းလမ်းညွှန် သင်တန်းများ တက်ရောက်ပြီးဖြစ်၍ ထပ်ဆင့် ဆင့်ပွားသင်တန်းများ အချိန်မီပေးနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ခရိုင်အတွင်းရှိ မြို့နယ်အလိုက် ကွန်ပျူတာနှင့် လူအင်အားများ သေချာစုဖွဲ့ထားရန်၊ စက်ပစ္စည်းအရံနှင့် လူအရံအင်အားလည်း ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်ပြီး မိမိတို့ အစိုးရအဖွဲ့ မှလည်း လိုအပ်သည်များ ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတို်ငးဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ များ Software Program အတွင်း ထည့်သွင်းနိုင်ရေး မြို့နယ်အလိုက် ကွန်ပျူတာနှင့် လူအင်အား စုဖွဲ့ထားရှိမှု အခြေအနေကိုလည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်က အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ ထည့်သွင်း ခြင်းလုပ်ငန်းအတွက် ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ဌာနဆိုင်ရာနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေကိုလည်းကောင်း၊ ပဲခူးတို်ငးဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဆင့်ပွားသင်တန်း သင်ကြားမည့်အခြေအနေနှင့် သီးခြား လိုအပ်ချက်များ တင်ပြခဲ့ရာ တို်ငးဒေသကြီး ဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်(၆)ခု၊ မြို့နယ်(၂၈)မြို့နယ်ရှိပြီး အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ များ Software Program အတွင်း (၁၁၀၆၃၆၈)ခု ထည့်သွင်းရမည်ဖြစ်ကြောင်း သတင်းရရှိသည်။