ပဲခူး ဩဂုတ် ၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဩဂုတ်လ(၁)ရက်နေ့၊ နံနက်ပိုင်းက ဗုဒ္ဓအသံဓမ္မဗိမာန်ရှိ သဘာဝဘေးကွပ်ကဲမှုရုံး၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးသဘာဝ ဘေးစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့အောက်ဘက်ရှိ ကျေးရွာများတွင် ရေဝင်ရောက်သဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ ရေကြီးနစ်မြှုပ်ခဲ့သည့် လမ်း/တံတားများ၏ ကြံ့ခိုင်မှုကို စစ်ဆေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များ တစ်ပါတည်း ပြင်ဆင်သွားရမှာဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာများ အတွင်း လျှပ်စစ်မီးအန္တရာယ်နှင့် ဝမ်းရောဂါဖြစ်ပွားမှုမရှိစေရေး အသိပညာပေး ခြင်းများ ဆောင်ရွက်သွားရန်နှင့် ရေဝပ်နေသည့်နေရာများတွင် ရေစုပ်စက်များဖြင့်စုပ်ထုတ်နိုင်ရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထို့နောက်တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူးနှင့် တိုင်းဒေသကြီး အဆင့် သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီဝင်များက ရေကြီးနစ်မြှုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့မှု အခြေအနေ များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုနှင့် ရေထွက်ပေါက်များ …
Read More »အထူးသတိပေး နှိုးဆော်ချက်
ပဲခူး ဧပြီ ၁ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း အပူလှိုင်းဖြတ်သန်းမည်ဖြစ်ပြီး လက်ရှိအချ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
နောက်ဆုံးရသတင်းများ
တရားသောစစ်အောင်မြင်စေရေးနှင့် ကိုယ်ကျိုးစွန့်ကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးနေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်း ဒေသကြီးမှ စားသောက်ဖွယ်ရာများပို့ဆောင်
ပဲခူး ဩဂုတ် ၁ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဩဂုတ်လ(၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့သည် တရားသော စစ်အောင်မြင်စေရေးနှင့် ကိုယ်ကျိုးစွန့်ကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးနေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်း ဒေသကြီးမှ စားသောက်ဖွယ်ရာများ ပို့ဆောင်နိုင်ရေး ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုအားပေး ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများမှ ထောက်ပံ့လှူဒါန်းသည့် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးနိုင်ရေး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များမှ စနစ်တကျ ထုပ်ပိုးနေမှုတို့ အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများမှ ထောက်ပံ့လှူဒါန်းသည့် စားသောက်ဖွယ်ရာများ တန်ဖိုးကျပ် သိန်း(၂၅၀)ကျော်ဖြစ်ကြောင်း သတင်းရရှိ …
Read More »ပဲခူးမြို့နယ်အတွင်း ရေကြီးမှုဖြစ်စဉ်ကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မရှိစေရေး အလေးထားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ပဲခူး ဇူလိုင် ၃၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၃၁)ရက်နေ့၊ နံနက်ပိုင်းက သဘာဝကွပ်ကဲမှုရုံး၌ တိုင်းဒေသကြီး သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧရာဝတီမြစ်ရေနှင့် မြစ်မခမြစ်ရေတို့သည် ပြန်လည်စတင်ကျဆင်းနေပြီဖြစ်၍ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် အများနှင့်သက်ဆိုင်သည့် နေရာများ တွင် သန့်ရှင်းရေးပြုလုပ်ပေးရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ပြန်လည်ဖွင့်လှစ်မည့် စာသင်ကျောင်းများရှိ ကျောင်းသား/သူများအား ကျောင်းပိတ်ရက် အစားထိုးသင်ကြားခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ရေပြန်လည်ကျဆင်းသွားသည့် ဒေသများရှိ သီးနှံစိုက်ခင်း အမျိုးအစားအလိုက် ရေနစ်မြှုပ်ဆဲဧက၊ ရေပြန်ပေါ်ဧက၊ ထိခိုက်ဧက၊ ပျက်စီး ဧကစာရင်းများ စနစ်တကျ ပြုစုထားရန်နှင့် ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင် ထားရမှာဖြစ်ကြောင်း၊ ရေကြီးနစ်မြှုပ်သည့် ဒေသများတွင် အခြေခံစားသုံးကုန်များ ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး ဖွဲ့စည်းထားပြီးဖြစ်သည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့များက …
Read More »ယာယီရေဘေးရှောင်စခန်းများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကူညီထောက်ပံ့
ပဲခူး ဇူလိုင် ၃၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများသို့ လိုအပ်သည်များ သွားရောက်ကူညီထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ဖွင့်လှစ်ထား သည့် သဘာဝဘေးကွပ်ကဲမှုရုံးတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး ယာယီရေဘေးရှောင်စခန်းများရှိ လူဦးရေနှင့် ထောက်ပံ့မှုစာရင်းများ စနစ်တကျပြုစုထားရှိရန်၊ ရေကြီးနစ်မြှုပ်သည့် ဘုန်းတော်ကြီးကျောင်းများရှိ သံဃာ တော်များ ဆွမ်းကိစ္စအဆင်ပြေစေရေး လိုအပ်သည်များ ထောက်ပံ့ကူညီပေးရန်၊ ရေများအမြန်ဆုံး ပြန်လည် ကျဆင်းစေရေး အဓိကရေထွက်ပေါက်များ ပိတ်ဆို့မှုမရှိစေရေး လိုက်လံစစ်ဆေးဆောင်ရွက်ရန်၊ ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်ပွားမှုမရှိစေရေး ကရိုရင်းဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ရေကြီးနစ်မြှုပ် ခဲ့သည့် လယ်မြေများအတွက် မျိုးစပါးများ ကြိုတင်စုဆောင်းဖြန့်ဝေပေးထားရန်နှင့် ရေကျဆင်းသွားပါက အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး …
Read More »ပဲခူးမြို့အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းမျး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ပဲခူး ဇူလိုင် ၂၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ် အတွင်း ရေကြီးနစ်မြှုပ်မှု လျော့နည်းသက်သာစေရေး၊ ရေများအမြန်ဆုံး ပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေးဘေးကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု၍ လိုအပ် သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ဖွင့်လှစ်ထား သည့် သဘာဝဘေးကွပ်ကဲမှုရုံးတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ယာယီရေဘေးရှောင်စခန်းများ၌ လိုအပ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ငါး၊ ခေါက်ဆွဲခြောက်၊ ရေသန့်စသည်တို့အား လိုအပ်မှုမရှိစေရေး စနစ်တကျပို့ဆောင်ပေးရန်နှင့် ချက်ပြုတ်သည့်အဖွဲ့များအား သန့်ရှင်းစွာချက်ပြုတ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးရန်၊ ရေဝင်ရောက်သည့် ဒေသများအတွင်း ရေအမြန်ဆုံးပြန်လည်ကျဆင်းနိုင်ရန် ရေထွက်ပေါက်များ ပိတ်ဆို့မှုမရှိစေရေး ကွင်းဆင်း စစ်ဆေးရန်၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website