နောက်ဆုံးရသတင်းများ

ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်ကြီး အဗျားတံတားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ဝေါ ဒီဇင်ဘာ ၁၄ ===================           ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်း မိုင်တိုင်(၇၅/၀ မှ ၇၅/၁)ကြားရှိ အဗျားတံတားအား ဒီဇင်ဘာ လ(၁၄)ရက်နေ့၊ နံနက်ပိုင်းက အဆိုပါတံတားနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ယနေ့ဖွင့်လှစ်ပေးလိုက်သည့် အဗျားတံတား သည် ယခင်ကစစ်တောင်းတူးမြောင်းလက်တက် ဆည်းမြောင်းရေလွှဲပေါက်ပေါ်မှာ တည်ဆောက်ထားသည့် တံတားဖြစ်ပြီး အဝေးပြေးခရီးသည်တင်ယာဉ်ကြီးများ၊ ကုန်တင်ယာဉ်ကြီးများ နေ့/ညမပြတ်ဖြတ်သန်း သွားလာမှုကြောင့် ပျက်စီးလာသဖြင့် ယာဉ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ အပြန်လမ်းတံတားအဖြစ် အသုံးပြုနိုင်စေရန် တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ တံတားများ တည်ဆောက်ပေးခြင်းကြောင့် ရန်ကုန်မြို့မှတဆင့် မြန်မာနိုင်ငံ၏တောင်ဘက်စွန်းမြို့များသို့ တစ်ဆက်တည်း အချိန်တိုအတွင်း သွားလာနိုင်မှာဖြစ်ပြီး ဒေသထွက်ကုန်များလည်း ထိုင်းနိုင်ငံနယ်စပ်ဂိတ် များသို့ ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် ဘက်စုံကဏ္ဍစုံဟန်ချက်ညီညီ ဖွံဖြိုးတိုးတက်စေရန် …

Read More »

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၊ ဘုရင့်နောင်ရုပ်ထုနှင့် ရင်ပြင်ပန်းခြံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၂ ============            (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာလ(၁၂) ရက်နေ့ ညနေပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊ ပဲခူးတက္ကသိုလ်အနီး၊ ရန်ကုန်-မန္တလေးလမ်းနှင့် ပဲခူးမြို့ရှောင်လမ်းအကြားတွင် ဘုရင့်နောင်ရုပ်ထုနှင့် ရင်ပြင်ပန်းခြံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်အနက်မှ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဟူသော ဦးတည်ချက်နှင့်အညီ ယနေ့ခေတ်လူငယ်များ ဇာတိသွေး ဇာတိမာန်တက်ကြွစေရန်နှင့် အမိနိုင်ငံတော်အား ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ (၁၆)ရာစု အရှေ့တောင်အာရှသမိုင်းတွင် ကျော်ကြားသော ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီး ဟံသာဝတီ(ပဲခူး)တွင် ကမ္ဘောဇသာဒီနန်းတော်၌ နန်းစိုက်ခဲ့သော ဘုရင်ဧကရာဇ် တစ်ဦးဖြစ်သူ ဘုရင့်နောင်ကျော်ထင်အနော်ရထာ (ဘုရင့်နောင်မင်းတရားကြီး)၏ ရုပ်တုအား ထုလုပ်ထားရှိ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဟံသာဝတီ(ပဲခူး)သည် …

Read More »

ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား/ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၀ ==========            (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။           အဆိုပါ အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ် မှ အမျိုးသား အားကစားသမား(၉၁၅)ဦး၊ အမျိုးသမီး အားကစားသမား(၃၁၂)ဦး၊ စုစုပေါင်း (၁၂၂၇)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး အမျိုးသားမီနီမာရသွန်ပြိုင်ပွဲအား ပဲခူးမြို့အဝင်(တိုးဂိတ်)မှ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးအားကစားကွင်းအရှေ့အထိလည်းကောင်း၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား ပဲခူးတက္ကသိုလ် အနီး၊ မြို့ရှောင်လမ်း၊ ဘုရင့်နောင်ရုပ်ထုရှေ့မှ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီး အားကစားကွင်း အရှေ့အထိလည်းကောင်း ယှဉ်ပြိုင်ပြေးကြရာ တိုင်းဒေသကြီး ဥပဒေချုပ်မှ ခရာမှုတ်၍ စတင်တာလွှတ် ပေးခဲ့သည်။           မီနီမာရသွန်ပြိုင်ပွဲဝင်ကြသည့် အားကစားသမားများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ …

Read More »

ပဲခူးမြို့(၃၆)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာမေးပွဲဖြေကြသည့် သံဃာတော်များနှင့် သီလရှင်များ အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ပဲခူး ဒီဇင်ဘာ ၉ ==========           ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီးမှကြီးမှူး၍ (၃၆)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာမေးပွဲကြီးကို ဒီဇင်ဘာလ(၇)ရက်နေ့မှ (၉)ရက်နေ့အထိ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံနှင့် မြင်းကျားဓမ္မာရုံ တို့တွင် ကျင်းပပြုလုပ်လျှက်ရှိသည်။           အဆိုပါ (၃၆)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာမေးပွဲကြီးအား ကြီးကြပ်လျက်ရှိသည့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများ၊ စာဖြေသံဃာများနှင့် သီလရှင်များအား ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန် တော်ကြီး၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများမှ ဒီဇင်ဘာလ(၉)ရက်နေ့တွင် နေ့ဆွမ်း၊ အအေးနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မွန်းလွဲပိုင်း၌ စာမေးပွဲ ဖြေဆိုနေသည့် စာဖြေသံဃာတော်များ၊ သီလရှင်များအား သွားရောက်ကြည်ညိုခဲ့သည်။       ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် (၃၆)ကြိမ်မြောက် သာသနာလင်္ကာရအကျော်စာမေးပွဲကြီးသို့ မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စာမေးပွဲဖြေဆိုရန် ရဟန်း၊ ရှင်သာမဏေနှင့် သီလရှင် …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၈ ============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓော ဘုရားလမ်းရှိ ဟင်္သာတင်းနစ် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှု့အားပေး ချီးမြှင့်ပေးခဲ့သည်။           ရှေးဦးစွာ အမျိုးသားအသင်းလိုက် ဗိုလ်လုပွဲစဉ်အဖြစ် ဒိုက်ဦးကလပ်(A)အသင်းနှင့် ဟင်္သာကလပ်(A) အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တင်းနစ်အားကစားဝါသနာရှင်များက ကြည့်ရှု့အားပေးကြသည်။           ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော ဟင်္သာကလပ်(B)အသင်း၊ ဒိုက်ဦးကလပ်(B)အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ် နှင့် ငွေသားဆု(၃)သိန်းကျပ်စီကို သယံဇာတရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့မှလည်းကောင်း၊ အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲတွင် …

Read More »