ပြည် ဧပြီ ၂၄ ================== ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၌ ဧပြီလ(၂၄)ရက်နေ့၊ နံနက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ် သည့် လေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၃)သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းများရှိသည့် မြို့များအပြင် လားရှိုး၊ ကျိုင်းတုံ၊ တောင်ကြီး၊ မော်လမြိုင်၊ ပြည်အပါအဝင် သင်တန်းစခန်းစုစုပေါင်း(၁၇)ခုကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်း၊ သင်တန်းသားမောင်/မယ်များအနေဖြင့် လေကြောင်းလူငယ်သင်တန်း တက်ရောက်ခြင်းအားဖြင့် လေကြောင်းဆိုင်ရာပညာရပ်များ အခြေခံအဆင့် ကျွမ်းကျင်တတ်မြောက်ခြင်း၊ စိတ်ဓါတ်၊ စည်းကမ်း ကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်စွာဖြင့် စုပေါင်းဆောင်ရွက်တန်မှု အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ လေကြောင်းနှင့်အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှု ပိုမိုတိုးပွားလာပြီး နိုင်ငံတော်အတွက် အနာဂတ်ကာလမှာ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမြင့်မားသည့် အင်အားသစ်လူငယ်များ ပေါ်ထွက်လာစေ ရေး ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ ယခုသင်ကြားပေးသည့် …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တိုင်းမှူးတို့ တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့
တောင်ငူ စက်တင်ဘာ ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌ…
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းမှူးတို့ တောင်ငူမြို့နှင့် ရေတာရှည်မြို့များရှိ ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့
တောင်ငူ စက်တင်ဘာ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတို…
ပဲခူးတက္ကသိုလ်၌ အခြေခံပညာ / အဆင့်မြင့်ပညာ ကျောင်းသားများနှင့် လူငယ်များအတွက် ဥပဒေ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁၁ ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံမှုရှိစေရေး မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲကျင်းပပြုလုပ်
တောင်ငူ စက်တင်ဘာ ၁၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်
တောင်ငူ စက်တင်ဘာ ၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာလ(၉)ရက်နေ့၊ န…
ပဲခူးမြို့၌ ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ဟံသာဝတီဖလား အသက်(၂၁)နှစ်အောက် အလွတ်တန်း အမျိုးသားဖိတ်ခေါ်ဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
ပဲခူး စက်တင်ဘာ ၆ တိုင်းဒေသကြီးအတွင်း မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့…
စတုတ္ထအကြိမ်မြောက် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့် စျေးသူ/စျေးသားများမှ စားသောက်ဖွယ်ရာများ မေတ္တာဖြင့်ထပ်မံပေးပို့လှူဒါန်း
ပဲခူး စက်တင်ဘာ ၅ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
စက်တင်ဘာ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၄) ရက်…
ပဲခူးတိုင်းဒေသကြီး(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့် ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံအဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
သာယာဝတီ ဧပြီ ၂၂ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဧပြီလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံအဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်နှစ်(၃)သီး စိုက်ပျိုးနေသည့် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စုရှိ တောင်သူဦးကျော်စိုး၏ တစ်ဧကစပါး (၁၁၂)တင်းထွက်ရှိသည့် ရက်(၉၀)မျိုး နွေစပါးရိတ်သိမ်းနေမှုနှင့် မင်းလှမြို့နယ်၊ ညောင်နီကုန်းကျေးရွာအုပ်စုရှိ တောင်သူ ဦးထွန်းဇော်မင်း ရက်(၉၀)နွေစပါး Drum Seeder ဖြင့် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုတို့အား ကြည့်ရှု အားပေးခဲ့ပြီး စိုက်ပျိုးရေများ လေလွင့်မှုမရှိစေရေး စနစ်တကျသုံးစွဲရန်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် မင်းလှမြို့နယ်၊ သရောဂျီကျေးရွာရှိ ဦးအောင်စိုး၏ …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လစဉ် အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်း ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)သို့ တက်ရောက်
ပဲခူး ဧပြီ ၂၁ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ရောက်ရှိခဲ့ရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပြီး ဆေးဝါးများလုံလောက်မှုရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိုင်ငံ့ ဝန်ထမ်း အငြိမ်းစားများအား သက်သာသောနှုန်းထားဖြင့် အခြေခံစားကုန် ဆန်နှင့်ဆီအား လစဉ်ရောင်းချ ပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လစဉ် (၂၁)ရက်နေ့ ပင်စင်ထုတ်ရက်ရောက်တိုင်း နိုင်ငံ့ဝန်ထမ်းများအပြင် သက်ကြီးရွယ်အို အဘိုး/အဘွားများ၊ ရဟန်းသံဃာများ၊ သီလရှင်များကိုလည်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး လူနာတစ်ဦးလျှင် ဆေးဝါး(၁) လစာ လစဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။ ထို့နောက် …
Read More »နွေရာသီ လူငယ်ကင်းထောက်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ထောက်ပံ့ချီးမြှင့်
ဧပြီ ၁၉ ပဲခူး ================== ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဧပြီလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက နွေရာသီ လူငယ်ကင်းထောက်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ထောက်ပံ့ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သမိုင်းမှတ်တမ်းများအရ ကမ္ဘာပေါ်တွင် လူငယ်(၅၇)သန်းကျော်သော ကင်းထောက်လူငယ်များသည် ကမ္ဘာ့ပညာရေး၏ ရှေ့ဆောင်လမ်းပြအနေဖြင့် နိုင်ငံပေါင်း(၂၀၀)ကျော်တွင် လူငယ်လှုပ်ရှားမှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အများ အားဖြင့် အသက်(၁၁)နှစ်မှ အသက်(၁၈)နှစ်အထိ ပါဝင်နေတာကို တွေ့မြင်နေရကြောင်း၊ သင်တန်းတက် ရောက်မည့် ကင်းထောက်မောင်မယ်များအနေဖြင့် မိမိတို့နေထိုင်သည့် တိုင်းပြည်အပေါ် သစ္စာရှိဖို့၊ တိုင်းပြည်က အားထားရသည့် လူငယ်များဖြစ်လာစေရန်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ် စေရန်နှင့် မိမိကိုယ်ကို ယုံကြည်တဲ့ စိတ်ဓါတ်ခိုင်မာသူများဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ် ကြောင်း၊ အခြေခံအားဖြင့် နိုင်ငံချစ်စိတ်၊ ကိုယ့်လူမျိုးကို ချစ်တတ်တဲ့စိတ်၊ ကိုယ့်တိုင်းပြည်၏ ရေ၊ …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့မည့် အစီအစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်
ဧပြီ ၁၈ ပဲခူး ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဧပြီလ(၁၈)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့မည့် အစီအစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်မှ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ တိုးချဲ့လုပ်ကိုင်နိုင်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်(၈)ဘီလီယံဖြင့် ထပ်မံ ဆောင်ရွက်ပေးမည်ဖြစ်၍ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေအား သတ်မှတ်ထားသည့် မူဝါဒများ၊ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာနယ်မြေအလိုက် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်း၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်သူများကိုသာ …
Read More »