နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၄)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှုအားပေး   

 ပဲခူး နိုဝင်ဘာ ၂၁           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၄)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှု အားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့  အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်း များအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး …

Read More »

ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၁)သင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေး

ပဲခူး နိုဝင်ဘာ ၂၀           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက အခြေခံပညာ Grade-11 နှင့်  Grade-12 ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၁)သင်တန်းသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မျိုးဆက်သစ်လူငယ်များသည် နောင် တစ်ချိန်တွင် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာကြီး(၃)ရပ်ကို ပုခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်၍ အခြေခံပညာအဆင့်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားလူငယ်တိုင်း ဥပဒေကိုသိရှိဖို့၊ ဥပဒေနှင့်အကျွမ်းတဝင်ဖြစ်ရန် လိုအပ်မှာဖြစ်ကြောင်း၊ ယခု သင်တန်းသည် Grade-11 နှင့် Grade-12 တွင် ပညာသင်ကြားနေသော ကျောင်းသား/သူများကို ဥပဒေ ပညာသင်ကြားပေးမည့် ဆရာ/ဆရာမများကို ဆရာဖြစ်သင်တန်း သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး ဆရာ/ ဆရာမများအနေဖြင့် မိမိတို့၏ ကျောင်းသား/သူများကို သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းနှင့်အညီ ပြန်လည်သင်ကြားပေးသွားရမှာဖြစ်သည့်အတွက် မိမိတို့ကိုယ်တိုင် …

Read More »

သာယာဝတီခရိုင်အတွင်း ထူးချွန်တောင်သူများ၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

သာယာဝတီ နိုဝင်ဘာ ၂၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ခုနှစ်၊ သာယာဝတီခရိုင်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပန်းတိုင် အထွက်နှုန်းကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ထူးချွန်တောင်သူများ၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ်ပြီး စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတိုးတက်မြင့်မားအောင် အဓိက ဆောင်ရွက်သွားရမှာဖြစ်သလို ဂုဏ်ပြုချီးမြှင့်ထိုက်သူကိုလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်သွားရမှာ၍ ယခုလို ခရိုင်အလိုက် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ဂုဏ်ပြုချီးမြှင့်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေးအတွက် ပန်းတိုင်အထွက် နှုန်း ကျော်လွန်ထွက်ရှိနိုင်သည့် မျိုးကောင်းမျိုးသန့်များကို ရှာဖွေဖြန့်ဖြူးပေးခဲ့သလို စိုက်ပျိုးရေ ရရှိရေးကို နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးမြေများ မြေဆီလွှာအာဟာရ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့၌ “ပညာအားမာန်” စာကြည့်တိုက် တက်ရောက်ဖွင့်လှစ်ပေး

ရွှေတောင် နိုဝင်ဘာ ၁၉           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညို ကျေးရွာ၌ “ပညာအားမာန်” စာကြည့်တိုက် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်တို့က “ပညာအားမာန်” စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ က စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ပညာအားမာန်” စာကြည့်တိုက်အတွင်း စာအုပ်/ စာစောင်များ ခင်းကျင်းထားရှိမှုနှင့် စာပေဖတ်ရှု့လေ့လာနေသည့် ကျောင်းသား/သူများအား လိုက်လံကြည့်ရှု အားပေးခဲ့ပြီး …

Read More »

ပြည်မြို့၊ လေးဆူဓာတ်ပျော်ရွှေဆံတော်မြတ်ကြီး၏ (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အား (၁၀)ရက် တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့

ပြည် နိုဝင်ဘာ ၁၈         ပြည်မြို့၊ လေးဆူဓာတ်ပျော်ရွှေဆံတော်မြတ်ကြီး၏ (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အား နိုဝင်ဘာ လ(၈)ရက်နေ့မှ နိုဝင်ဘာလ(၁၇)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ သည်။           ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပချိန်တွင် ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်အပူဇော်ခံပွဲနှင့် နှစ်စဉ်ယှဉ်တွဲ ကျင်းပခဲ့ပြီး ပြည်မြို့သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားလာပြည်သူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် MSMEs ဒေသထွက်ကုန် အရောင်း ဆိုင်များ၊ လူသုံးကုန်နှင့် စားသုံးကုန် အရောင်းဆိုင်များ၊ ပျော်ပွဲရွှင်ပွဲများ၊ ကလေးကစားကွင်းများ၊ ဈေးဝယ်သူများ/ဈေးရောင်းချသူများနှင့် ညစဉ်အထူးစည်ကားလျက်ရှိပြီး ဒေသခံပြည်သူများ၏ ပူးပေါင်း ပါဝင်မှု၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၏ စည်းကမ်းရှိမှု တည်ငြိမ်အေးချမ်းခြင်း ကိုလိုလားမှုနှင့် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့မှုကြောင့် အေးချမ်းအောင်မြင်စွာ ကျင်းပ နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »