နောက်ဆုံးရသတင်းများ

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

နိုဝင်ဘာ ၂၄ (ပဲခူး) ——————————- ပဲခူးမြို့ တောင်ငူလမ်း၊ ရန်ကုန်-မန္တလေးကားလမ်းမဘေးရှိ ပဲခူးတိုင်းဒေသကြီး မွေး‌မြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အဆောက်အဦးသစ်ဖွင့်ပွဲ အခမ်းအနားအား နိုဝင်ဘာလ(၂၄)ရက်နေ့ နံနက်(၈)နာရီအချိန်က ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် မွေး‌မြူရေးနှင့်ကု သရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင့်သူ နှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များက ရေလယ်ကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှအတမ်းပေးဝေကြသည်။ ထို့နောက် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မွေး‌မြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး‌ ဒေါက်တာဝင့်သူက အဆောက်အဦးသစ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မွေး‌မြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အဆောက်အဦးသစ်အား …

Read More »

နိုဝင်ဘာလ(၂၃)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၂၃ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၃-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၆၁)ခု၌ နိုင်ငံသား(၂၃၈၀)ဦး၊ သံသယလူနာ(၅၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၇၆၆)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၂)ခု၌ နိုင်ငံသား(၈၅၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၆၃)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၅၈)ခု၌ နိုင်ငံသား(၈၉၀)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၄၀)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၄၁၈)ခု၌ နိုင်ငံသား(၂၀၃၆)ဦးပြီး၊ သံသယလူနာ(၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၂၆)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၉၆၉)ခု၌ နိုင်ငံသား(၆၁၆၅)ဦးရှိပြီး သံသယလူနာ(၅၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၁၉၅)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ Covid-19 ကာကွယ်ရေးအတွက် အလှူငွေလာရောက်လှူဒါန်း

နိုဝင်ဘာ ၂၃ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ နိုဝင်ဘာလ(၂၃)ရက်နေ့၊ မွန်းလွဲဲ(၂)နာရီအချိန်က Covid-19 ကာကွယ်ရေးအတွက် အလှူငွေ လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဦးကျော်အေးနှင့် သား ကိုရဲမင်းထွန်း(No-1) အုတ်စက်မိသားစုမှ ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်းလုပ်ငန်းများတွင် လိုအပ်သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဝယ်ယူရန်အတွက် အလှူငွေကျပ်သိန်း(၁၀၀)အား လှူဒါန်းခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ၊ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ ဦးကျော်အေး(No-1)အုတ်စက်ပိုင်ရှင်နှင့် အလှူရှင်မိသားစုများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

နိုဝင်ဘာ ၂၂ (ရေတာရှည်) ————————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၂၂)ရက်နေ့ မွန်းလွဲပိုင်းအချိန်က တာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ကျွဲရိုင်းပြင်ကျေးရွာ အုပ်စုအတွင်းရှိ အုန်းပင်‌ကွေ့ကျေးရွာ တွင် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာ‌ရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ၁၁ကေဗွီလိုင်း(၁)မိုင်နှင့် ၁၁.၀၄ကေဗွီ(၂၀၀)ကေဗွီအေ ထရန်စဖော်မာ(၁)လုံး တပ်ဆင် တည်ဆောက် သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုကြပြီး လုပ်ငန်းများ အမြန်ပြီးစီး‌ရေးနှင့် စံချိန်စံညွှန်းမီအောင် စေတနာထားလုပ်ဆောင်ပေးကြရန် သက်ဆိုင်ရာတာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာနှစ် သဘာဝဘေး ရန်ပုံငွေကျပ်သန်း(၉၀)ဖြင့် တည်ဆောက်လျှက်ရှိသည့် ရေတာရှည်- မျက်နှာပြင်- အုန်းပင်ကွေ့လမ်းပေါ်ရှိ (၄၀×၁၆)ပေသံကူကွန်ကရစ် တံတား(၁)စင်းနှင့် (၂၀×၁၆)ပေ သံကူကွန်ကရစ်တံတား(၁)စင်းတို့ တည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပေါင်းအိုးအင်း …

Read More »

နိုဝင်ဘာလ(၂၂)ရက်နေ့ သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၂၂ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၂-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၅၆)ခု၌ နိုင်ငံသား(၂၄၃၁)ဦး၊ သံသယလူနာ(၅၄)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၇၃၈)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၃)ခု၌ နိုင်ငံသား(၈၂၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၈၃)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၅၄)ခု၌ နိုင်ငံသား(၈၇၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၃၃)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၄၀၄)ခု၌ နိုင်ငံသား(၂၀၈၈)ဦးပြီး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၇၈)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၉၄၇)ခု၌ နိုင်ငံသား(၆၂၂၁)ဦးရှိပြီး သံသယလူနာ(၅၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၁၃၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »