ပဲခူး မေ ၂၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ ၂၉ ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ အား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEs စီးပွားရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် မြို့နယ်အလိုက် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ မိုးရာသီရောက်ရှိပြီဖြစ်၍ သဘာဝဘေးန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများနှင့် ကူးစက် ရောဂါနှိမ်နင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ ပြည့်ဝ စွာရရှိရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက …
Read More »ပဲခူးမြို့၌ “၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့”အခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၁၂ “၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့” အခမ်းအနားအား ဩဂုတ်…
၂၃ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် MSME ထုတ်ကုန်များ သွားရောက်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၁၁ ရက…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန် ပြိုင်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၉ ပဲခူးမြို့၌ ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအား…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၇ ၂၀၂၆ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင် / မြို့နယ်ပေါင…
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၆ ရက်နေ့၊ မွန်းလွဲ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး ဩဂုတ် ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်…
ပဲခူးတိုင်းဒေသကြီး တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၄ ရက်နေ့၊ မွန်းလွဲ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင် အထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
တောင်ငူ ဩဂုတ် ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး…
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး ဩဂုတ် ၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဒုတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမြန်သွားရေယာဉ် (Fiber Glass Boat) လွှဲပြောင်းပေးအပ်
ပြည် ဩဂုတ် ၂ ပြည်မြို့၊ ကမ်းနားလမ်း၊ နဝဒေးပန်းခြံအနီး၊ ဧရာဝတီမြစ်ကမ်း၌ အမြန်သွားရေယာဉ် (Fi…
နောက်ဆုံးရသတင်းများ
ပဲခူးမြို့၌ MSMEs အေဂျင်စီမှ ကြီးမှူးကျင်းပသည့် ထုပ်ပိုးမှုဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မေ ၂၉ ပဲခူးတိုင်းဒေသကြီး MSMEs အေဂျင်စီမှ ကြီးမှူးကျင်းပသည့် ထုပ်ပိုးမှုဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲအခမ်းအနားအား မေလ ၂၉ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်း ပစ္စည်းများကို အခြေခံပြီး သွင်းကုန်အစားထိုး ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ဈေးကွက်ဝင်ဆံ့မှုရှိရန် အတွက် အရည်အသွေးပြည့်မီသည့် ထုပ်ပိုးမှုများဖြစ်ရန်လိုအပ်ကြောင်း၊ ထုပ်ပိုးမှုများ အဆင့်မြှင့်တင်ရာ တွင် ထုပ်ပိုးမှုအသွင်သဏ္ဍာန်သာမက ကုန်ပစ္စည်း၏ အရည်အသွေး၊ အမှတ်တံဆိပ်များ ပါရှိရန် အရေးကြီး ကြောင်း၊ နည်းပညာတိုးတက်လာသည်နှင့်အမျှ Smart Packaging ဖြစ်ရန်နှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေသည့် ထုပ်ပိုးမှုပုံစံများကို ရွေးချယ်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည့် စက်ပစ္စည်းများကို ရွေးချယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သက်ဆိုင်ရာကုမ္ပဏီများနှင့် ချိတ်ဆက်ဝယ်ယူပေးသွားမှာဖြစ် ကြောင်း ပြောကြားခဲ့သည်။ …
Read More »ရက်(၁၀၀)စီမံချက်ဖြင့် ပဲခူးမြို့၌ သဘာဝတိုင်းရင်းငါး ဆေးထိုးသားဖောက်ပြုစုမွေးမြူခြင်းသင်တန်း ဖွင့်လှစ်
ပဲခူး မေ ၂၇ ပဲခူးမြို့၊ တိုင်းဒေသကြီးငါးလုပ်ငန်းသင်တန်းကျောင်း၌ ရက် ၁၀၀ စီမံချက်ဖြင့် သဘာဝတိုင်းရင်းငါး ဆေးထိုးသားဖောက် ပြုစုမွေးမြူခြင်းသင်တန်း ဖွင့်လှစ်ပွဲအခမ်းအနားအား မေလ ၂၇ ရက်နေ့၊ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် မြစ်ချောင်း အင်းအိုင်ပေါများပြားပြီး သဘာဝငါးမျိုးစုံထွက်ရှိရာ တိုင်းဒေသကြီးတစ်ခုဖြစ်ကာ သဘာဝငါးသယံဇာတ များ စဉ်ဆက်မပြတ်မျိုးပွားစေရေးနှင့် ငါးစားသုံးမှုဖူလုံပိုလျှံစေရေးအတွက် ယခုလိုသင်တန်းအား ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသည့် သင်တန်းသား/သူများအနေဖြင့် ရေချိုသဘာဝငါးမျိုးစိတ် များအား ထိန်းသိမ်းကာ ကိုယ်တိုင်မျိုးပွားပြီး ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်အတိုင်း ထုတ်လုပ် ရောင်းချနိုင်ပါက ပြည်တွင်းစားသုံးမှုအပြင် ပြည်ပပို့ကုန်အဆင့်ထိ ဆောင်ရွက်နိုင်မှာဖြစ်၍ သင်ကြား ပေးမည့် သင်ခန်းစာအလိုက် ကြိုးစားလေ့လာ သင်ယူသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး မေ ၂၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် နတ်တလင်း ခရိုင်၊ သဲကုန်းမြို့နယ်၊ ဖလံကုန်းကျေးရွာအုပ်စု၌ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိ စေရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့ ကြဲပတ်စိုက်ပျိုးနေမှု အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပေါင်းတည်မြို့နယ်၊ နတ်ပုတီးကျေးရွာအုပ်စု၌ ရေဆင်းပေါ်ဆန်း(၁) မျိုးသန့်မျိုးပွားစံပြကွက်၌ မျိုးကွဲနှုတ်ပယ်ခြင်းအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇီးကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဦမျိုးလွင်ဦး၏ Winner သဘာဝမြေဩဇာထုတ်လုပ်ရေးအလုပ်ရုံသို့ …
Read More »၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး မေ ၂၆ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြ သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျောင်းအပ်နှံပေးခြင်းသည် သားသမီး များ၏ ဘဝတစ်သက်တာအတွက် အကောင်းဆုံးလက်ဆောင်တစ်ခုပေးခြင်းဖြစ်သလို အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးသာယာအေးချမ်းဖို့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပြုလုပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင် မည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာစေရေး “စာကိုလည်းသင်၊ လူကိုလည်းပြင်” ဆိုသည့် အတိုင်း နိုင်ငံတော်အစိုးရအဖွဲ့မှ ဖွင့်လှစ်ပေးနေသော အခြေခံပညာကျောင်းများကို ကျောင်းနေအရွယ် ကလေးအားလုံး အပ်နှံသွားရန်နှင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website