ပဲခူး မေလ ၂၈ =========== ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်း၌ မေလ(၂၇)ရက်နေ့၊ ညနေပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာပရိသတ်များ ကြည့်ရှု့အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင်ဘောလုံးအသင်းနှင့် ညောင်ပင်ခရိုင်ဘောလုံးအသင်းတို့ ဖွင့်ပွဲ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးခဲ့သည်။ ၎င်းနောက် ပွဲစဉ်အတွင်း အကောင်းဆုံးဘောလုံးသမားဆု ရရှိသူ တောင်ငူခရိုင်အသင်းမှ ကျောနံပါတ်(၁၀) ရဲသူရကျော်အား လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား မေလ(၂၇) ရက်နေ့မှ ဇွန်လ(၇)ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး မေလ(၂၈)ရက်နေ့တွင် ပဲခူးခရိုင်အသင်းနှင့် ပြည်ခရိုင် အသင်း၊ …
Read More »၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၁၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုနှစ်၊…
ပဲခူးတိုင်းဒေသကြီး၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ခြင်းအခမ်းအနား ကျင်းပ
ပဲခူး စက်တင်ဘာ ၁၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူ…
ပဲခူးမြို့၌ (၂၇)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ…
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ပဲခူးတိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ် (၂၇)ကြိမ်မြောက်…
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆ…
ပဲခူးမြို့၌ ၂၀၂၆ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ နိုင်ငံတကာ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး စက်တင်ဘာ ၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝ…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၈/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း စက်တင်ဘာ ၇ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွ…
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စိုက်ပျိုးထုတ်လုပ်မှုတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်များ သို့ သွားရောက်ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး စက်တင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၃ ရ…
နောက်ဆုံးရသတင်းများ
(၁၀၇)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာ ရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
ပဲခူး မေ ၂၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက (၁၀၇)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ တည်ထောင်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်ပြုစုစောင့်ရှောက်ရေး၊ မိခင်ရော ကလေးပါကျန်းမာစွာ မွေးဖွားနိုင်ရေး၊ မိခင်နှင့်မွေးကင်းစကလေး ကျန်းမာရေးမြှင့်တင်ပေးမှုလုပ်ငန်းအတွက် သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း သူနာပြုနှင့် သားဖွားနှီးနွယ် သင်တန်းကျောင်း(၄)ခုရှိပြီး သူနာပြုနှင့် သားဖွား ဆရာ/ဆရာမများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိကာ ပြည်သူလူထုအတွက် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် …
Read More »၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ချီးမြှင့်
ပဲခူး မေ ၂၃ ပဲခူးတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ(၂၃)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြို့အနောက်-ခ)မှ ကျောင်းသား၊ကျောင်းသူ များက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် လိုအပ်သည့် လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများအပြင် ပြည်သူ တစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်မှာသာ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အနှောက်အယှက် အဟန့် အတားများကို ကျော်ဖြတ်နိုင်ပြီး အောင်မြင်မှုများရရှိလာနိုင်မှာဖြစ်ကြောင်း၊ ကလေးငယ်များ၏ ဘဝရှေ့ရေး ရပ်တည်မှုအတွက် ပညာသင်ကြားရေးသည် အလွန်အရေးကြီးသဖြင့် ကျောင်းနေရွယ်ကလေးအားလုံး ကျောင်း အပ်နှံနိုင်ရေး …
Read More »ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲ
ပဲခူး မေ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့)၊ မေလ(၂၂)ရက်နေ့ ညနေပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး အရှေ့ဖက်မုခ် မဟာဗောဓိညောင်ပင်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ပဲခူးမြို့နေ ပြည်သူများက ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။ ထို့နောက် ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားအား အခမ်းအနားမှူးမှ “မဟာဗောဓိ ဒုမေနာထော ဗောဓိပူဇနာဝန္ဒနာ” ဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍ အခမ်းအနား ကိုဖွင့်လှစ်ပြီး ဂေါပကအဖွဲ့မှ “မဟာဗောဓိပင်ဘုရားရှိခိုး” ရွတ်ဆို၍ ဗဟာဗောဓိပင်ကိုရှိခိုးပူဇော်ခြင်း၊ “ပတျာဝတ္တဂါထာ” ကိုရွတ်ဆို၍ မဟာဗောဓိပင်ကို ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်းများ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပထမအကြိမ် ဆီဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်
ပဲခူး မေ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပထမအကြိမ် ဆီဆွမ်းလောင်းလှူပွဲအား ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ မေလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတေီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်လောင်းလှူ ပူဇော်ခဲ့ကြသည်။ ရှေးဦးစွာ ကြွရောက်လာသည့် သံဃာတော်အပါး(၁၀၀၀)တို့က ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတေီတော်မြတ်ကြီး နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ခဲ့ကြပြီး မေတ္တာသုတ် ပရိတ်တော်များ ရွတ်ပွားပူဇော်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦမျိုးဆွေဝင်းသည် ဌာနဆိုင်ရာ များ၊ စေတနာရှင် အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့တို့၏ ဆီဆွမ်းလောင်းလှူပွဲတွင် ပါဝင်လောင်းလှူမည့် လှူဖွယ်ဝတ္တုပစ္စည်းများ ခင်းကျင်းပြသထားမှုနှင့် စတုဒီသာကျွေးမွေးနေမှုတို့အား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အလှူရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။ ထို့နောက် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website