နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၅ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီး၏ လူမှုစီးပွား နယ်ပယ်အသီးသီး ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ ဒေသန္တရစီမံကိန်းကို နိုင်ငံတော်မှ ချမှတ်ထားသော စီးပွားရေးမူဝါဒများနှင့် အညီ ချိတ်ဆက်ပေါင်းစပ်ပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အပေါ် အခြေခံ၍ ရေးဆွဲထား ခြင်းဖြစ်ကြောင်း၊ တာဝန်ပေးအပ်ထားသည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ပြည့်မီအောင် အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ပြီး သာမန်လုပ်ရိုးလုပ်စဉ်မျိုးမဟုတ်ဘဲ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက် စေရေးအတွက် …

Read More »

ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၄ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လယ်မြေအခြားနည်းအသုံးပြုခွင့်များနှင့် ပတ်သက်၍ စိုက်ပျိုးမြေများအတွင်း မြို့သစ်ဖော်ထုတ်ခြင်း၊ စက်ရုံတည်ဆောက်ခြင်းနှင့် အိမ်ရာမြေ ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခြင်းမပြုရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လမ်းညွှန်မှာကြားထားပြီး ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင်နေသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် လယ်ယာမြေများအပေါ် မည်သည့် လုပ်ငန်းကိုမျှ အခြားနည်းအသုံးပြုခွင့် ခွင့်ပြုပေးသွားမည်မဟုတ်ကြောင်း၊ တောင်သူလယ်သမားများ ဓာတ်မြေဩဇာ သွင်းအားစုစရိတ်ကြီးမြင့်မှုပေါ် ပြန်လည်ကုစားပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအစီ အစဉ်ဖြင့် မကြာမီ ဓာတ်မြေဩဇာ သွင်းအားစုများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးရန် စီစဉ်ထားရှိပြီးဖြစ်၍ တောင်သူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေး အဖွဲ့စနစ်ဖြင့် စနစ်တကျ ကြီးကြပ် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်း စေတီတော်မြတ်ကြီး၌ ဓါတ်လှေကားတည်ဆောက်ခြင်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၃ ========================================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်း စေတီတော်မြတ်ကြီးတောင်ဘက်မုခ်တွင် အောက်တိုဘာလ(၁၂)ရက်နေ့၊ မင်္ဂလာအခါ တော်အချိန် နံနက်(၉:၃၆)နာရီအချိန်က ဓါတ်လှေကားတည်ဆောက်ခြင်း ပန္နက်တော်တင်မင်္ဂလာအခမ်း အနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ဟင်္သာကုန်းစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်များက နေ့နံအလိုက် သတ်မှတ်နေရာ အသီးသီးတွင် နေရာယူကြပြီးနောက် မင်္ဂလာအခါတော်အချိန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများက ပန္နက်တော်တင်ခြင်း၊ အမွှေးနံသာရေများ ပက်ဖျန်းခြင်းများ ပြုလုပ်ဆောင်ရွက်ကြရာ ဩဝါဒါစရိယ ဆရာတော်/သံဃာတော်များက ဇယန္တော ဗောဓိယာမူလေ အစရှိသည့် အောင်ဂါထာ (၃)ပိုဒ်ကို ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ ဟင်္သာကုန်းစေတီတော် ဓမ္မာဗိမာန်တော်ကြီး၌ အခမ်းအနား ဒုတိယပိုင်းကျင်းပ ပြုလုပ်ရာ ဆရာတော်/ သံဃာတော်များနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် …

Read More »

ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

အောက်တိုဘာ ၁၁ ==================== ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများနှင့် လုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါခေါ်ယူနေမှုအား သိရှိနိုင်ပါရန် အသိပေးကြော်ငြာအပ်ပါသည်- အပြည့်အစုံဖတ်ရှုရန်———————

Read More »