ပဲခူး မေ ၃၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၃၀)ရက်နေ့၊ နံနက် ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးလုပ်ငန်းညှိနှိုင်း အစည်းဝေး အမှတ်စဉ်(၃/၂၀၂၄) ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၆)မျိုးအပြင် နွေစပါးပန်းတိုင်အထွက်နှုန်း ရရှိခဲ့ပြီးဖြစ်၍ မိုးစပါးစိုက် ရေတော်မိုးတော်ဧကများအားလုံး ပန်းတိုင်အထွက် နှုန်းရရှိရေး အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ပြီး ယခင်နှစ်မိုးစပါးစိုက်ရာသီတွင် ကြုံတွေ့ခဲ့ရတဲ့ အားသာချက်၊ အားနည်း ချက်များ၊ စိန်ခေါ်မှုများ၊ ရေကြီးနစ်မြှုပ်ထိခိုက်ပျက်စီးခဲ့မှုများပေါ် သုံးသပ်၍ ယခုနှစ် မိုးစပါး စိုက်ရာသီတွင် အကောင်းဆုံး ပြင်ဆင်၍ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ နွေစပါးနောက်ကျသည့် တစ်နှစ် (၃)သီးစိုက် လယ်မြေများအတွက် ကြိုတင်ပျိုးထောင်သည့်စနစ်ကို ဆောင်ရွက်သွာရမှာဖြစ်ပြီး စိုက်ပျိုးမည့် မျိုးစပါးများအား မျိုးစေ့သန့်စင်ခြင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီး၂ဝ၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပ
ပဲခူး အောက်တိုဘာ ၁၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆…
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ အောက်တိုဘာ ၁၆ အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိ…
၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ
ပဲခူး အောက်တိုဘာ ၁၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုန…
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် MSME ကဏ္ဍ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
ပဲခူး အောက်တိုဘာ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တေ…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပြည် အောက်တိုဘာ ၁၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ပြည်မြို့၌ မြန်မာ့ရိုးရာ ပြည်ဒေသအစားအစာ ပြိုင်ပွဲ ကျင်းပပြုလုပ်
ပြည် အောက်တိုဘာ ၁၂ ပြည်မြို့၊ ခေတ္တရာပြည်သု့ခန်းမ၌ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက မြန်…
တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းတို့မှ (၄၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပြည် အောက်တိုဘာ ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူအထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
တောင်ငူ အောက်တိုဘာ ၁၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄) ကျင်းပပြုလုပ်
ပဲခူး မေ ၂၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၂၉)ရက်နေ့၊နံနက်ပိုင်း က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် မုတ်သုန်ရာသီဝင် ရောက်ခဲ့ပြီဖြစ်၍ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲတော်များ မြို့နယ်အနှံ့ပြုလုပ်ရာတွင် ဌာနပိုင်မြေနေရာအပြင် လမ်းနယ်ကင်းလွတ်သော လမ်းဦးစီးပိုင်လမ်းဘေးဝဲယာ၊ ကျေးလက်လမ်း လမ်းဘေးဝဲယာများတွင် စိုက်ပျိုး သွားရမှာဖြစ်ကြောင်း၊ မကြာမီကျောင်းဖွင့်ရာသီရောက်ရှိတော့မည်ဖြစ်၍ အပတ်စဉ်စနေနေ့တိုင်း သန့်ရှင်း ရေးပြုလုပ်ရာတွင် အခြေခံပညာကျောင်းများအား ဦးစားပေးဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကျောင်းသား/သူ များ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို တစ်ပတ်တစ်ကြိမ် ပြုလုပ်သွားရန် နှင့် ကျောင်းစာကြည့်တိုက် များတွင် သုတ/ရသ စာအုပ်များအပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးစာအုပ်စာဆောင် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိးဆွေဝင်း ကြည့်ရှု့အားပေး
ပဲခူး မေလ ၂၈ =========== ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်း၌ မေလ(၂၇)ရက်နေ့၊ ညနေပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာပရိသတ်များ ကြည့်ရှု့အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင်ဘောလုံးအသင်းနှင့် ညောင်ပင်ခရိုင်ဘောလုံးအသင်းတို့ ဖွင့်ပွဲ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးခဲ့သည်။ ၎င်းနောက် ပွဲစဉ်အတွင်း အကောင်းဆုံးဘောလုံးသမားဆု ရရှိသူ တောင်ငူခရိုင်အသင်းမှ ကျောနံပါတ်(၁၀) ရဲသူရကျော်အား လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား မေလ(၂၇) ရက်နေ့မှ ဇွန်လ(၇)ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး မေလ(၂၈)ရက်နေ့တွင် ပဲခူးခရိုင်အသင်းနှင့် ပြည်ခရိုင် အသင်း၊ …
Read More »(၁၀၇)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာ ရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
ပဲခူး မေ ၂၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက (၁၀၇)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ တည်ထောင်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်ပြုစုစောင့်ရှောက်ရေး၊ မိခင်ရော ကလေးပါကျန်းမာစွာ မွေးဖွားနိုင်ရေး၊ မိခင်နှင့်မွေးကင်းစကလေး ကျန်းမာရေးမြှင့်တင်ပေးမှုလုပ်ငန်းအတွက် သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း သူနာပြုနှင့် သားဖွားနှီးနွယ် သင်တန်းကျောင်း(၄)ခုရှိပြီး သူနာပြုနှင့် သားဖွား ဆရာ/ဆရာမများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိကာ ပြည်သူလူထုအတွက် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် …
Read More »၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ချီးမြှင့်
ပဲခူး မေ ၂၃ ပဲခူးတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ(၂၃)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြို့အနောက်-ခ)မှ ကျောင်းသား၊ကျောင်းသူ များက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် လိုအပ်သည့် လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများအပြင် ပြည်သူ တစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်မှာသာ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အနှောက်အယှက် အဟန့် အတားများကို ကျော်ဖြတ်နိုင်ပြီး အောင်မြင်မှုများရရှိလာနိုင်မှာဖြစ်ကြောင်း၊ ကလေးငယ်များ၏ ဘဝရှေ့ရေး ရပ်တည်မှုအတွက် ပညာသင်ကြားရေးသည် အလွန်အရေးကြီးသဖြင့် ကျောင်းနေရွယ်ကလေးအားလုံး ကျောင်း အပ်နှံနိုင်ရေး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website