နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ် တက်ရောက်မည့် သင်တန်းသား/သူများအား ထောက်ပံ့ငွေပေးအပ်ချီးမြှင့်

ပဲခူး အောက်တိုဘာ ၃၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၃၁) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ် တက်ရောက်မည့် သင်တန်းသား/သူများအား ထောက်ပံ့ငွေပေးအပ်ချီးမြှင့် အခမ်း အနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ် တက်ရောက်မည့် သင်တန်းသား/သူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းသား/သူများသည် နိုင်ငံတော် အစိုးရမှ အလေးထားဆောင်ရွက်လျက်ရှိသော နိုင်ငံအတွင်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် …

Read More »

“ရာဂီ”မုန်တိုင်းသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြားဌာနနှင့် အဖွဲ့အစည်း များ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၃၀           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ “ရာဂီ”မုန်တိုင်းသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အခြားဌာနနှင့် အဖွဲ့အစည်းများ ဂုဏ်ပြုပွဲအခမ်းအနားအား အောက်တိုဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ရာဂီ”မုန်တိုင်းအရှိန်ကြောင့် စစ်တောင်း မြစ်ရေ မြင့်တက်ခဲ့ပြီး စက်တင်ဘာလ(၁၁)ရက်နေ့တွင် ရေတာရှည်၊ ရေနီနှင့် သာဂရမြို့တို့တွင် စတင်ရေ ဝင်ရောက်ခဲ့ရာမှ တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုစတင်ဖြစ်ပွားခဲ့ကြောင်း၊ ရေကြီးရေလျှံမှုစတင်မဖြစ် ပွားမီအချိန်ကပင် ကြိုတင်ပြောင်းရွေ့နိုင်ရေး စီမံဆောင်ရွက်ခဲ့ခြင်းကြောင့် အသင့်စုဖွဲ့ထားသည့် တပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် လူမှုကယ်ဆယ်စောင့်ရှောက်ရေးအသင်းများ စုပေါင်းအားဖြင့် ပြည်သူများဘေးလွတ်ရာသို့ သက်စွန့်ကြိုးပမ်း ရွေ့ပြောင်းပေးနိုင်ခဲ့သည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ …

Read More »

ဒိုက်ဦး၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေး

ဒိုက်ဦး အောက်တိုဘာ ၂၉           ဒိုက်ဦးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား အောက်တိုဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ဒိုက်ဦးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြ သည်။           ထို့နောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား အောင်ရတနာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ်(၁)အခြေခံပညာအထက်တန်းမှာ ကျောင်းသား /ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ ကြသည်။           …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၈) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးနှင့် အောင်မြင်မှုများရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စခန်းသွင်းလေ့ကျင့် လျက်ရှိသည့် အားကစားနည်းအလိုက် တာဝန်ခွဲဝေပေးထားသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများက အလှည့်ကျသွားရောက် ကြီးကြပ်ခြင်း၊ လိုအပ်ချက်များ ဖြည့်ဆည်းပေး ခြင်း၊ အားပေးစကားပြောခြင်းတို့ကို ဆောင်ရွက်ပေးရန်လိုအပ်သလို အားကစားသမားတိုင်း မိမိတို့ ယှဉ်ပြိုင်မည့် အားကစားနည်း အလိုက်အမြင့်ဆုံးရည်မှန်းချက်၊ ယုံကြည်မှုအပြည့်ဖြင့် ပဲခူးတိုင်းဒေသကြီး အား အကောင်းဆုံးအဆင့် တစ်ခုထိရောက်ရှိအောင် ကြိုးစားယှဉ်ပြိုင်သွားရန်နှင့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးမှ အောင်မြင်မှုများရရှိနိုင်ရေး အားလုံး …

Read More »

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်အားပေးထောက်ပံ့

ပဲခူး အောက်တိုဘာ ၂၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်း ဒေသကြီး ကိုယ်စားပြု အားကစားသမားများ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့၊ အားကစားဥယျာဉ်၌ အမျိုးသား/အမျိုးသမီးဖူဆယ်အားကစားနည်း စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အောက်တိုဘာလအတွင်း ရန်ကုန်မြို့၌ ကြီးမှူးကျင်းပခဲ့သည့် အသက်(၁၉)နှစ်အောက် Royal D Cup ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား ပထမဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ်သိန်း(၂၀)အား ထောက်ပံ့ ပေးအပ်ခဲ့သည်။ ၎င်းနောက် မြန်မာ့သိုင်း၊ ဗိုဗီနမ်နှင့် လက်ဝှေ့အားကစားနည်းအလိုက် စခန်းသွင်း လေ့ကျင့်နေမှုလည်းကောင်း၊ ပဲခူးတက္ကသိုလ်၌ အမျိုးသား/အမျိုးသမီး ဘောလီဘောအားကစားနည်း စခန်းသွင်းလေ့ကျင့်နေမှုအားလည်းကောင်း အသီးသီး သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမား …

Read More »