ပဲခူး နိုဝင်ဘာ ၁၁ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၁)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေး ကောက်ယူခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၏ မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးကောက်ယူခြင်း ဆိုင်ရာအစည်းအဝေး လမ်းညွှန်မှာကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့ပြီး နောက် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်များ စနစ်တကျမရှိခြင်း၊ နိုင်ငံသား ကတ်များ ဖောင်းပွခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ရ ကြောင်း၊ နောင်လာမည့်ရွေးကောက်ပွဲတွင် အိမ်ခြေအိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)များအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ Server မှ ပြန်လည်ထုတ်ယူပြီး မြေပြင်အခြေအနေ အမှန်နှင့် တိုက်ဆိုင်စစ်ဆေးသွားရမှာဖြစ်ကြောင်း၊ တိုက်ဆိုင်စစ်ဆေးပြီးသည့် …
Read More »တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၇)ဆုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလား ရရှိခဲ့ သော ပဲခူးတိုင်းဒေသကြီး တင်းနစ်အားကစားသမားများ ဂုဏ်ပြုကြိုဆိုပွဲကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁၈ စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင…
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ခြင်း နှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် များ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်…
ပဲခူးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၆ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက ကမ္ဘာ…
ပဲခူးမြို့တွင် အသက်မွေးဝမ်းကျောင်းပညာ (စက်ချုပ်၊ စားသောက်ကုန်၊ လူသုံးကုန်) သင်တန်းများ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး စက်တင်ဘာ ၁၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တပ်မတော်စစ်သည်မိသားစုများ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံပညာကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၁၃၀၀) ချီးမြှင့်ပေးအပ်
ပဲခူး စက်တင်ဘာ ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ…
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး စက်တင်ဘာ ၁၂ ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသ…
ပဲခူးတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၅) ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ…
ပဲခူးတက္ကသိုလ်၌ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် – ၂ဝ၂၅“အတွေ့အကြုံစကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနား ” ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၉ ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက မြန်မ…
ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊…
နောက်ဆုံးရသတင်းများ
၂၀၂၂ ခုနှစ်၊ ဒဿမအကြိမ်မြောက် ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်နှင့် စတုဒီသာကျွေးမွေးလှူဒါန်းခြင်း အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၁ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် တန်ဆောင်တိုင်ပွဲတော်နှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်း အောင်မြင်မှုအထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲအား နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များမှ ဖိတ်ကြားထားသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရွှေမော်ဓောဂေါပကအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့(၁၃)မှ ဖိတ်ကြားထားသူများ၊ မြို့မိ/မြို့ဖများ စုစုပေါင်း (၂၅၀)ဦးကျော် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ တန်ဆောင်တိုင်ကာလအတွင်း ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အဦများတွင် သက်တော်ကြီးရင့်တော်မူကြသည့် ဆရာတော် ကြီးများ၊ နာမကျန်းသူများ၊ သက်ကြီးဘိုး/ဘွားများ၊ မသန်စွမ်းများ သက်တောင့်သက်သာ သွားလာနိုင်ရေး ရွေ့လျားစက်လှေကား၊ ဓါတ်လှေကားနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သလို မြို့မိ/ မြို့ဖများ၊ …
Read More »ကျောင်းသား/သူများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ပဲခူး နိုဝင်ဘာ ၁၀ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်းသို့) တက်ရောက်မည့် ကျောင်းသား/သူများ လမ်းညွှန်မှုခံယူပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့နိုင်ငံသည် လူမျိုးပေါင်း(၁၀၀)ကျော်နှင့် ပေါင်းစည်း ဖြစ်တည်နေသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုကြီးအတွင်း နေထိုင် လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများအားလုံး ညီရင်းအစ်ကို၊ မောင်ရင်းနှမ စိတ်ဓာတ်ဖြင့် သေတပန် သက်တစ်ဆုံး အေးအတူပူအမျှ ဥမကွဲသိုက်မပျက် အတူတကွ လက်တွဲ ပူးပေါင်းနေထိုင်သွားကြမည်ဆိုတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အစဉ်ထာဝရ ကိန်းအောင်းနေရမှာဖြစ်သလို ရောက်ရှိရာဒေသမှာလည်း ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုသင်တန်း၌ အခြားပြည်နယ်/ တိုင်းဒေသကြီး အသီးသီးက …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဓါတ်လှေကားတပ်ဆင်ပြီးစီး ဖွင့်လှစ်ခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းအတွက် ရေစက်ချအလှူတော်မင်္ဂလာ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၉ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စေတနာရှင်ပြည်သူများနှင့် စုပေါင်းကာ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတို့၌ တပ်ဆင်ခဲ့သည့် ဓါတ်လှေကားနှင့် ဘက်စုံပြုပြင်မွမ်းမံ ခဲ့ခြင်းတို့အတွက် နိုဝင်ဘာလ(၇)ရက်နေ့ နံနက်ပိုင်းက ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားအား အဆိုပါဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဗုဒ္ဓအသံဓမ္မဗိမာန် တော်ကြီးတွင် တပ်ဆင်ပြီးစီးခဲ့သည့် ဓါတ်လှေကားရှေ့၌ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကြွရောက်လာ သည့် ဩဝါဒစရိယ ဆရာတော်ကြီးများက ဇယန္တောဗောဓိယာမူလေ အောင်ဂါထာအား ရွတ်ဆိုခဲ့ကြသည်။ ၎င်းနောက် ကြွရောက်လာသည့် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်လှေကားကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြသည်။ ထို့နောက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ တက်ရောက် လာသည့် ဆရာတော်များနှင့် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ တန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ
ပဲခူး နိုဝင်ဘာ ၇ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နိုဝင်ဘာလ(၆)ရက်နေ့နှင့် (၇)ရက်နေ့တို့တွင် ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်၊ ယာဉ်ရပ်နားဝန်းတွင် တန်ဆောင်တိုင်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့မိ/မြို့ဖများ ပူးပေါင်း၍ တန်ဆောင်းမုန်းလပြည့်နေ့ တွင် ဗုဒ္ဓအသံသာသနာ့ဗိမ္မာန်အရှေ့ စတုဒီသာမဏ္ဍပ်၌ ဘုရားဖူးလာပြည်သူများ၊ MSMEs ဈေးရောင်းပွဲ တော်လာ ပြည်သူများ၊ တန်ဆောင်တိုင်ပွဲသို့ လာရောက်သည့် ပြည်သူများ စုစုပေါင်း လူဦးရေ(၁)သောင်း စတုဒီသာကျွေးမွေးနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ထို့နောက် ညပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချု်ပနှင့်အဖွဲ့သည် နိုင်ငံကျော် အဆိုတော်များနှင့် တေးဂီတဖျော်ဖြေ တင်ဆက်နေမှုများ ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။ ပဲခူးမြို့၊ တန်ဆောင်တိုင်ကာလအတွင်း ပဲခူးတိုင်းဒေသကြီး …
Read More »