နောက်ဆုံးရသတင်းများ

တောင်ငူခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မင်္ဂလာကျင်းပပြုလုပ်

FI

သြဂုတ် ၂၃ (ကျောက်ကြီး) ============================== သြဂုတ်လ(၂၃)ရက်နေ့ နံနက်(၈)နာရီအချိန်က တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အေးမြသုခရေတွင်းကုန်းကျောင်းတိုက်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် တောင်ငူခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အဖွင့်သီချင်းသီဆိုကာ အလံတော်ကိုအလေးပြုကြပြီး ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီနာယက ဆရာတော်ဦးကုသလကနှင့် ကျောက်ကြီးမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီနာယက ဆရာတော်ဦးစန္ဒိမာတို့က သြဝါဒစကားမိန့်ကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်ဆန်းဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမင်းလွင်တို့ကအမှာစကားအသီးသီးပြောကြားကာ တောင်ငူခရိုင် စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌတီးကော်စေးဟဲက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော ကရင်တိုင်းရင်းသားများက ချည်ဖြူ ဖွဲ့အသုံးအဆောင်ပစ္စည်းများသယ်ဆောင်ကာ အမိုး ဖီးဘိုမက လိပ်ပြာခေါ်ဆုတောင်းမေတ္တာပို့သကြပြီး လက်ရစ်ချည်ခြင်းအစီအစဉ်ပြုလုပ်ကြသည်။ ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်အဖြစ်ဒုံးယိမ်းအကများ၊ ဝါးညှပ်အကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တောင်ငူခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မင်္ဂလာ အခမ်းအနားကို အိုယူးအိုဖိုသီချင်းဖြင့်သီဆိုဖျော်ဖြေကာ ရုတ်သိမ်းခဲ့ကြောင်းသိရသည်။ ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မင်္ဂလာအား ဝါခေါင်လတွင်ကျင်းပပြုလုပ်ပြီး ရှေးဘိုးဘွားများက …

Read More »

(ပဲခူး-ကျိုက်ထို အဝေးပြေးလမ်းမသစ်)တွင် စစ်တောင်းမြစ်ကူးတံတားသစ်တည်ဆောက် နိုင်ရေး JICA အဖွဲ့မှလာရောက်ရှင်းလင်းတင်ပြ

FI

သြဂုတ် ၂၁ (ပဲခူး) =================== သြဂုတ်လ (၂၁)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ JICA အဖွဲ့၊ ဂျပန်နိုင်ငံသား Mr. Hironor KUROICI နှင့် တံတားဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးကျော်သူတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ (ပဲခူး-ကျိုက်ထို အဝေးပြေးလမ်းမသစ်)တွင် စစ်တောင်းမြစ်ကူးတံတားသစ် တည်ဆောက်နိုင် ရေး ဝန်ကြီးချုပ်ထံသို့ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။ ရှေးဦးစွာ JICA အဖွဲ့မှ ဦးတင်အောင်မိုးက အရှေ့-အနောက် စီးပွားရေးစင်္ကြန် အဝေးပြေးလမ်းမကြီး (သီလဝါ-ခရမ်း-ပဲခူး-ကျိုက်ထို)လမ်းပိုင်းအတွင်း စစ်တောင်းမြစ်ကူး တံတားအသစ် (၁)စင်း တည်ဆောက်ရန် လာရောက်ရှင်းလင်း တင်ပြရခြင်းဖြစ်ပါကြောင်း၊ ၎င်း မြစ်ကူးတံတားသည် အရှည်(၂၃၀၀)ပေရှိပြီး (၄)လမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် ဂျပန်နည်းပညာဖြင့် တည်ဆောက်သွားမည်ဖြစ်ပါကြောင်းနှင့် တံတားအသေးစိတ်အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က လမ်း/တံတားစီမံကိန်းသစ်များသည် အနာဂတ်အတွက် မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ပြီး၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများအတွက် Good Neightbors Internation(Myanmar)မှအထောက်အပံ့ပစ္စည်းများလာရောက်လှူ ဒါန်း

39628898_469047653574980_4920962997049884672_n

သြဂုတ် ၂၁ (ပဲခူး) ================= သြဂုတ်လ(၂၁)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တွင်ဖွင့်လှစ်ထားသော ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးကွပ်ကဲရေးမှုးရုံးသို့ တိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများအတွက် ကိုရီးယားနိုင်ငံအခြေစိုက် Good Neightbors Internation(Myanmar)မှအထောက်အပံ့ပစ္စည်းများလာရောက်လှူ ဒါန်းသည်။ ရှေးဦးစွာ Good Neightbors Internation (Myanmar)မှတာဝန်ရှိသူတစ်ဦးက အထောက်အပံ့ပစ္စည်းများလာရောက်လှူ ဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက လာရောက်လှူ ဒါန်းမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ Good Neightbors Internation (Myanmar)မှ ဆန်(၁၀၄၁)အိတ်၊ ခေါက်ဆွဲခြောက်(၂၄၇)ဖာ၊ မြေသြဇာအိတ်(၁၀၀၀)နှင့် မျိုးစပါး(၁၀၀၀)တင်း စုစုပေါင်းတန်ဖိုး(၆၃၉၄၁၅၁ဝိ/-)ကျပ်ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

Read More »