ပဲခူး အောက်တိုဘာ ၁၀ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၉) ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက် ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းလှမြို့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း တည်ဆောက် ထားသည့် Oxygen Plan လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံဝန်းပတ်လမ်း နှင့် မင်းလှမြို့အဝင် (၂)မိုင်(၅)ဖာလုံအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီးနောက် မင်းလှမြို့ရှိ အရှည်(၁၂၀)ပေ အကျယ်(၉၀)ပေ အားကစားရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးနိုင်ရေး အရည်အသွေးကောင်းမွန်စေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် မင်းလှမြို့နယ်၊ တာကလေးကျေးရွာ၊ ကွင်းအမှတ်(၉၈၂)၌ ဆင်းသုခ(၁၁)ဧက နွေစပါး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဗေဒါလက်မှုထုတ်ကုန်တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း သင်တန်း ဖွင့်ပွဲနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
သဲကုန်း ဇန်နဝါရီ ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ စုပေါင်းသန့်ရှင်းရေးပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ …
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၊ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေသူများအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး လူငယ့်အလင်းရောင် စာကြည့်တိုက်ဖွင့်ပွဲ သို့ တက်ရောက်ချီးမြှင့်
ပြည် ဇန်နဝါရီ ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်ခရိုင်၊ ပြည်ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပန်းတောင်း ဇန်နဝါရီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်န…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နတ်တလင်းခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေး
နတ်တလင်း ဇန်နဝါရီ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး
သာယာဝတီ ဇန်နဝါရီ ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး
ညောင်လေးပင် ဇန်နဝါရီ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်…
လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ် စဉ်( ၃/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး ဇန်နဝါရီ ၁၃ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျော…
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၅.၆၅၁)သန်းနှင့် ပြည်တွင်းလုပ်သား(၁၀၀၀)ဦး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့
ပဲခူး ဇန်နဝါရီ ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးရင်းနှီး…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် နေ့စဉ် ဝယ်ယူရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၁၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ…
နောက်ဆုံးရသတင်းများ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ သွားရောက်ကြည့်ရှုစစ်ဆေး
ပြည် အောက်တိုဘာ ၈ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး များတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာ (၈)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ချောင်းကောင်းကျေးရွာအုပ်စု၊ ချောင်းကောင်း-သပြေတောင်လမ်း အရှည်(၂)မိုင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု နှင့် ပြည်မြို့နယ် ဂွေးပင်ကုန်းကျေးရွာ အဝင်တံတား တည်ဆောက်နေမှုတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီးသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဂွေးပင်ကုန်းကျေးရွာ တွင်းနက်စက်ရေတွင်းမှဆိုလာစနစ်ဖြင့် သောက်သုံးရေတင်နေမှုအား သွားရောက်ကြည့်ရှုခဲ့သည်။ ၎င်းနောက် ပြည်မြို့ နည်းပညာတက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး တက္ကသိုလ်ဝန်းအတွင်း ရေဝင်ရောက် မှု၊ အင်တာနက်ရရှိနိုင်ရေးနှင့် လုံခြုံရေးကင်မရာတပ်ဆင်ပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီးပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီ:သို့ ရောက်ရှိခဲ့ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့်တည်ဆောက်ပေးထားသည့် Liquid Oxygen Station လည်ပတ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ် ဇီးအုပ်စခန်းနယ်မြေ RS-CS မျိုးစေ့ ထုတ်စိုက်ခင်း (၅၀)ဧကအား သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများအတွက် အာမို ဓါတ်မြေသြဇာအိတ် (၅၀)ကိုထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ဇီးအုပ်တောင်သူပညာပေးစခန်းသို့ ရောက်ရှိခဲ့ကာ ဆောင်းသီနှံ သီးညှပ် စိုက် နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကာ စခန်းနယ်မြေ (၅)ခုရှိ တောင်သူ(၁၅၀)ဦးအတွက် တစ်ဦးလျှင်နေကြာမျိုးစေ့(၄)ကီလိုဂရမ် တစ်ထုတ်စီ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ပြီး မြန်မာ့တိုင်းရင်းဆေး ဆေးခါးကြီးပင် ပျိုးထောင်ထားရှိမှုအား ကြည့်ရှုခဲ့သည်။ ၎င်းနောက် ပြည်မြို့ ကမ်းနားလမ်း (ညဈေးတန်း) ဆောက်လုပ်ရန် မြေထိန်းနံရံနှင့် မြေဖို့ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်မြို့၊ မူယာပင်ခန်းမသို့ သွားရောက်ခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၆၉၉)ကတ်နှင့် အိမ်ထောင်စု လူဦးရေ စာရင်း(၆၅)ခုတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ရာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြသည်။ ၎င်းနောက် ပြည်မြို့ ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၅)ထပ် အဆောက်အဦ ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး အရည်အသွေးကောင်းမွန်မှုရှိ စေရေးနှင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကန့်တော့ခဲ့ပြီး မျက်နှာကျက် အလယ်ကွက်နှင့် မျက်နှာကျက် ဘေးကွက်အတွက် အလှူငွေကျပ် (၂၅၉၅၀၀ဝိ/)အား လှူဒါန်းခဲ့သည်။ ၎င်းနောက် ပြည်မြို့ မဟာသုဒဿနာရာမကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အားသွားရောက်ဖူးမြော်ကန်တော့ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ ပြီးနောက် ရွှေဆံတော်စေတီတော်သို့ သွားရောက်ဖူးမြော်ကန်တော့ကာ ပန်းရေချမ်းဆီမီးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ပြည်မြို့၌ အကြိမ်(၄၀)မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပပြုလုပ်
ပြည် အောက်တိုဘာ ၅ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၅) ရက်နေ့ နံနက်ပိုင်းက ပြည်မြို့၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ပြည်ခရိုင်အတွင်း မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအား ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လောင်းလှူခဲ့သည်။ ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန့်၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ မဟာသုဒဿနာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တသေဋ္ဌိလထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က (၉)ပါး သီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း (၅)ရာခိုင်နှုန်းအောက် (၂)ရာခိုင်နှုန်းခန့် အထိ ကျဆင်းနေပြီဖြစ်သော်လည်း ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်း ပေါ့ဆ၍မရကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား
ပဲခူး အောက်တိုဘာ ၁ =========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂၁/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ ဒုတိယ ဝန်ကြီးချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြီး ကျောင်းသား/သူများ စာသင်နှစ်(၁)နှစ် ဆုံးရှုံးမှုမရှိစေရေးအတွက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac စတင်ထိုးနှံပေးတော့မည်ဖြစ်၍ စာသင်ကျောင်း များ သန့်ရှင်းသပ်ရပ်စေရေး၊ ကျောင်းသုံးပရိဘောဂများ ပြန်လည်ပြင်ဆင်ခြင်းနှင့် …
Read More »တိုင်းဒေသကြီးအတွင်း ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၂၉ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်မ၌ စက်တင်ဘာလ(၂၉) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း (၅) ရာခိုင်နှုန်းအောက် ရောက်ရှိနေပြီဖြစ်သော်လည်း ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ရုံးလုပ်ငန်းများဆောင်ရွက်ရန်၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းချက်နှင့် အညီ ဆောင်ရွက်သွားရန်၊ မကြာမီ မိုးစပါးများ ရိတ်သိမ်းချွေလှေ့တော့မည်ဖြစ်၍ တောင်သူများ၏ စပါးများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး မြို့နယ်အလိုက်အဓိကထား ဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီ ရောက်တော့မည်ဖြစ်၍ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး ကြိုတင်ဆောင်ရွက်ထားရန်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စတင်တော့ဖြစ်မည်၍ …
Read More »