နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် မြို့/ရွာ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး အောက်တိုဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား အောက်တိုဘာလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတက္ကသိုလ်၌ ကျောင်းဖွင့်ချိန်အမှီ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအားလှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တက္ကသိုလ်အတွင်းအစဉ်အမြဲ သန့်ရှင်းသပ်ရပ် စေရေး၊ စိမ်းလန်းစိုပြေစေရေး၊ ပန်းပေါင်းစုံဖူးပွင့်ဝေဆာစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက် သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ကားလမ်း (ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်အတွင်းလမ်း(ဝဲ/ယာ)၊ အများနှင့် သက်ဆိုင်သောပန်းခြံများနှင့် သောက်သုံးရေကန်များတို့တွင် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၅) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၄) ကျင်းပပြုလုပ်သည်၊ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသ ကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ်၍ စိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုအားထည့်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဧကများအတွက် ပြန်လည်ကုစား နိုင်ရေး ဆောင်းသီးနှံနှင့် နွေစပါးရာသီတွင် ပြန်လည်တိုးချဲ့စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ သီးထပ်စွမ်းအား တိုးတက်ရေးအတွက် စိုက်ပျိုးရေရရှိရေးကို နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီပေးသွားမှာဖြစ်၍ ရရှိနိုင်သည့် ရေအရင်းအမြစ်များ ဖော်ထုတ်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၁၀)မျိုးအား စံပြစိုက်ကွက်(၃၆၉၁၁)ဧက ဖော်ထုတ်သွားမည်ဖြစ်၍ ယခုအချိန်ကတည်းက ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်သွားရမှာဖြစ်သည့်အပြင် …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် (၇/၂၀၂၄)လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် (၇/၂၀၂၄) လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများသည် မိမိတို့မြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ် များကို အနီးကပ်ဆောင်ရွက်နေ ကြသူများဖြစ်သလို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ကွင်းဆင်း စစ်ဆေး ကြီးကြပ်ရန်တာဝန်ရှိကြောင်း၊ မြို့နယ်အလိုက် အဓိကသီးနှံ(၁၀)မျိုးအနက်မှ ဒေသနှင့်ကိုက်ညီ ပြီး ပန်းတိုင်အထွက်နှုန်းရရှိသည့် တစ်အုပ်တစ်မ သီးနှံစံပြစိုက်ခင်းများ ဖော်ဆောင်သွားရမှာ ဖြစ်သလို သဘာဝမြေဆီမြေနှစ်ကြွယ်ဝစေရေးနှင့် ဓါတ်မြေဩဇာသုံးစွဲမှု လျော့ချနိုင်ရေး ပိုက်ဆံလျှော် စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ ဒေသအလိုက် ကြက်၊ …

Read More »

(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ဗဟိုအဆင့် ဆုရရှိခဲ့သူများအား ထပ်ဆင့်ချီးမြှင့်ပွဲ ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၅           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၂၄)ရက်နေ့၊ နံနက်ပိုင်းက (၂၅)ကြိမ်မြောက် ငွေရတု  အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ဗဟိုအဆင့် ဆုရရှိခဲ့သူများအား ထပ်ဆင့်ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၅)ကြိမ်မြောက် ငွေရတု  အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးမှ ဘာသာရပ်(၁၁၃)ခုတွင် ပြိုင်ပွဲဝင် အမျိုးသား(၁၂၆)ဦး၊ အမျိုး သမီး (၉၅)ဦး၊ စုစုပေါင်း ပြိုင်ပွဲဝင်(၂၂၁)ဦး ဝင်ရောက်ယဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁၄)ခု၊ ငွေတံဆိပ်(၁၇)ခု၊ ကြေးတံဆိပ်(၂၈)ခု စုစုပေါင်းဆုတံဆိပ်(၅၉)ခုရရှိခဲ့၍ ပြိုင်ပွဲဝင်များ အား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ မဟာတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီက ကျင်းပပြီးစီးခဲ့သည့် သီတင်းကျွတ်မီးထွန်းပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ရာတွင် ပဲခူးမြို့သူ/သားများက မိမိတို့နေထိုင်ရာ ပဲခူးမြို့၏ ပုံရိပ်ထူးခြား ကောင်းမွန်စေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်ကို မြင်တွေ့ရသည့်အတွက် အထူးဝမ်းမြောက်ပါ ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရာသီအလိုက်ပွဲတော်များကို အစဉ်အလာမပြတ် စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးလျက်ရှိပြီး မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး လပြည့်နေ့တွင် လူဦးရေ(၁၅၀၀၀)အား စတုဒီသာ ကျွေးမွေးခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များအပြင် မီးပုံးပျံလွှတ်ပွဲ၊ MSMEs ဈေးရောင်းပွဲတော်များ၊ ဖျော်ဖြေရေးယာဉ်ဖြင့် မြို့တွင်းလှည့်လည်ဖျော်ဖြေခြင်းများကိုလည်း ထည့်သွင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မီးပုံပျံလွှတ်တင်သည့် …

Read More »