ပြည် ဇန်နဝါရီ ၁၄ ===================== ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ရွှေဆံတော်ဗုဒ္ဓ ပြတိုက် ဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီလ(၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါပြတိုက်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စေတီတော် ဂေါပကအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ် ပေးခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဆံတော်ဗုဒ္ဓပြတိုက်ရှေ့၌ နေရာယူကြပြီး မင်္ဂလာအချိန်တွင် ဖဲကြိုးဖြတ်၍ ရွှေဆံတော်ဗုဒ္ဓ ပြတိုက်အသစ်အား ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဗည်းမော်ကွန်းအား အမွှေး နံ့သာရည်များ ပတ်ဖျန်းခဲ့ကြပြီး ပြတိုက်အတွင်း ခေတ်ကာလ၊ အမျိုးအစားအလိုက် ခွဲခြားပြသထားသည့် ဗုဒ္ဓရုပ်ပွားတော်များ၊ ပေစာများနှင့် အခြားသာသနိကပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃) ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု
သာယာဝတီ စက်တင်ဘာ ၂၄ =================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် …
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းခြွေလှေ့မှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
သာယာဝတီ စက်တင်ဘာ ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာလ(၂၂)ရက်နေ့၊ မွန်းလွဲပ…
ပြည်ခရိုင်မြို့နယ် စိုက်ပျိုးရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပြည် စက်တင်ဘာ ၂၂ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်…
၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပန်းတောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပြည် စက်တင်ဘာ ၂၁ ================== ပြည်မြို့၊ တည်ဆောက်ရေး(၂)၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၂၀)ရက်နေ့၊ …
(၁၀၆)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာ ရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ တက်ရောက်ချီးမြှင့်
ပဲခူး စက်တင်ဘာ ၁၈ ============== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက (၁၀၆)…
အယ်နီညိုရာသီဥတုဖြစ်၍ ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးနိုင်ရေး ချောင်းပိတ်/မြောင်းပိတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ပဲခူး စက်တင်ဘာ ၁၇ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စက…
၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး စက်တင်ဘာ ၁၆ ================= ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ စက်တင်ဘာလ(၁၆)ရ…
(၂၄)ကြိမ်မြောက် ပဲခူးတို်ငးဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့် ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး စက်တင်ဘာ ၁၅ ================= ပဲခူမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက (၂၄…
ပဲခူးတိုင်းဒေသကြီးသို့ စက်တင်ဘာလတစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၉.၄)သန်း နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ်(၂၂၀.၅)သန်း တိုးတက်ဝင်ရောက်ခဲ့
ပဲခူး စက်တင်ဘာ ၁၄ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ …
နောက်ဆုံးရသတင်းများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပေးအပ်သည့် ဘွဲ့တံဆိပ်များ သွားရောက်ချီးမြှင့်ပေးအပ်
ဇီးကုန်း ဇန်နဝါရီ ၁၄ ================= (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်း ချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူမည့်ပုဂ္ဂိုလ်များအား တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံရယူမည့် ကာယကံရှင်နှင့် မိသားစုဝင်များထံသို့ လက်ရောက်ချီးမြှင့်ပေးအပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇီးကုန်မြို့နယ်၊ ကန္တလီကျေးရွာနေ သခင်လွင်(ခေါ်)ဦးဖိုးသင်ရရှိခဲ့သည့် သီရိပျံချီဆုတံဆိပ်အား ၎င်း၏ မြေးဖြစ်သူ ဦးသိန်းဦးအား သွားရောက်အပ်နှင်းခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး
ဇီးကုန်း ဇန်နဝါရီ ၁၄ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၁၄) ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ နွေစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီးရန်ပုံငွေကျပ်(၄၃၀)သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ဂွေးပင်ကုန်း ရေတံခါးအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် (၂)သီးမှ (၃)သီး ပြောင်းလဲစိုက်ပျိုးနိုင်ရေး အသိပညာပေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးကုန်းမြို့နယ်၊ ရွှေကြို့ပင်ကျေးရွာ အုပ်စုရှိ စနစ်တကျလယ်ယာမြေ ဖော်ထုတ်ပြီးစီးခဲ့သည့် မြေဧရိယာ(၁၃၂)ဧကပေါ်၌ နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေဖြင့် နွေစပါး(ရတနာတိုး) အစေ့ချစိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူစိတ်ကြိုက် သွင်းအားစုများ အချိန်မီရရှိစေရေး အထူးအလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။ …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပဲခူး ဇန်နဝါရီ ၁၃ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ ဇန်နဝါရီလ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက သနပ်ပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သနပ်ပင်မြို့တွင်းတံတား တည်ဆောက်ရေးရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ တံတားအထူးအဖွဲ့(၉)၊ တာဝန်ရှိသူတစ်ဦးက တံတား တည်ဆောက်ခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သနပ်ပင်မြို့တွင်းတံတားသည် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင် လမ်းပေါ်ရှိပြီး သီလဝါနှင့် တိုက်ရိုက် ချိတ်ဆက်လျက်ရှိကာ ကုန်စည်စီးဆင်းမှုအတွက် အလွန်အရေးပါသည့် တံတားဖြစ်၍ သတ်မှတ်စံချိန်စံညွှန်း များအတိုင်း အရည်အသွေးပြည့်မီစွာ တည်ဆောက်ကြရန်လိုအပ်ကြောင်းနှင့် တည်ဆောက်သည့်လုပ်ငန်း အမျိုးအစားအလိုက် QC စစ်ဆေးခြင်းကို စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။ အဆိုပါ သနပ်ပင်မြို့တွင်းတံတားသည် …
Read More »အသက်(၁၈)နှစ်အောက် အခြေံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်ပြိုင်ပွဲ အောင်နိုင်ရေး အလံအပ်နှင်းခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၃ ==================== ပဲခူးတိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အခြေံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစား ပွဲတော်ပြိုင်ပွဲ အောင်နိုင်ရေးအလံအပ်နှင်းခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားအား ဇန်နဝါရီလ (၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပြိုင်ပွဲဝင် အားကစားသများက အားကစားနည်းအလိုက် မိတ်ဆက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာကြံ့ခိုင်သော နိုင်ငံတော်ကိုယ်စားပြု မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးရာတွင် အခြေခံပညာကျောင်းများမှစတင်ရခြင်းဖြစ်၍ ယခု သွားရောက်ယဉ်ပြိုင်မည့် ကျောင်းသားအားကစားပွဲတော်သည် အလွန်အရေးပါကြောင်း၊ မိမိတို့ ပဲခူးတိုင်း ဒေသကြီးကိုယ်စားပြု သွားရောက်ယဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အားကစားစိတ်ဓါတ်ကို အရင်းတည်ပြီး အနိုင်မခံအရှုံးမပေး ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်မောင်/မယ်များအနေဖြင့် အောင်နိုင်ရေးအလံ ပေးအပ်သည့်အချိန်ကစပြီး မိမိတို့၏ ပဲခူးတိုင်းဒေသကြီး၏ ကောင်းမြတ်ခြင်းဂုဏ်ကို မိမိတို့တတ်ကျွမ်းသည့် …
Read More »