ပဲခူး ဇန္နဝါရီ ၁ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့၊ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ်အနီးရှိ ယာဉ်ရပ်နားကွင်းတွင် ၂၀၂၂ခုနှစ် ဇန္န္ဝါရီလ(၁)ရက်နေ့ ညပိုင်းအချိန်က နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင် ပထမနေ့ကျင်းပပြုလုပ် သည်။ အဆိုပါ နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်သို့ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ဓမ္မစင်္ကြာဝတ်ရွတ်အသင်းများ၊ တရားနာပရိတ်သတ်များ လာရောက်ကြပြီး နိုင်ငံတော်သံဃ မဟာနာယက၊ သ.စ.သ.အ ဓမ္မာစရိယ၊ B.A(Myanmar)Q.PhD(India). မဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ ပဲခူးမြို့ သာမဏေကျော်စာသင်တိုက်များ၏ မဟာနာယကချုပ်ဆရာတော် ဒေါက်တာအရှင်ဝိစက္ခဏာလင်္ကာရာဘိဝံသမှ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များကိုယ်စား လူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် ဥပဒေချုပ်ဦးခင်မောင်တင့်တို့က ဓမ္မပူဇာအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်အား ဇန္နဝါရီလ(၂)ရက်နေ့ ဒုတိယနေ့တွင် ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက် မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့ဓဇဓမ္မာစရိယ …
Read More »(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့တွင် အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁ ========= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (၇၆)နှစ…
စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်း ထွက်ရှိနိုင်ရေးကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား
ပဲခူး ဇန်နဝါရီ ၃၀ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ဒုတိယ)အကြိမ်ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်း ခြင်း အောင်ပွဲအခမ်းအနားနှင့် ဆေးနှင့်ဆေးပစ္စည်းများ၊လှူဖွယ်ဝတ္ထုများ လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၉ =========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးမှူးကျင်းပပြုလုပ်သည့် (ဒုတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃) ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၈ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေ…
ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်
ပဲခူး ဇန်နဝါရီ ၂၇ ============= ပဲခူးတက္ကသိုလ် အားကစားခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်း တန်ခိုးကြီးဘုရားစေတီပုထိုးများတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်လျက်ရှိ
ပဲခူး ဇန်နဝါရီ ၂၆ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်
ပဲခူး ဇန်နဝါရီ ၂၅ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း ဝါသီးနှံ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင် ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၄ ====================== ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်း…
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ (ဒုတိယ) အကြိမ် ဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၃ =========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (ဒ…
သာယာဝတီမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်ဖြင့် နွေစပါးစိုက်တောင်သူများအား သွင်းအားစု ပစ္စည်းများ ပေးအပ်ပွဲကျင်းပပြုလုပ်
သာယာဝတီ ဇန်နဝါရီ ၁၈ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၂၉ ============= ပဲခူးမြို့ ဥဿာမြို့သစ်အားကစားကွင်း၌ ဒီဇင်ဘာလ(၂၉)ရက်နေ့ ညနေပိုင်းအချိန်က ၂၀၂၁ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစား နေမှုအား ကြည့်ရှု့အားပေးကြသည်။ ထို့နောက် အမျိုးသမီးမီတာ(၁၀၀) အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသားမီတာ(၁၀၀) အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသမီးမီတာ (၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော မြို့နယ်အသင်းများ၊ အမျိုးသား မီတာ(၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော မြို့နယ်အသင်းများအား …
Read More »ဒေသအတွင်း ဆီဖူလုံမှုရှိစေရေးနှင့် နွေစပါးအထွက်တိုး စိုက်ပျိုးထုတ်လုပ်သွားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ပဲခူး ဒီဇင်ဘာ ၂၉ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှေးဦးစွာ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ လုံခြုံရေးဂရုပြု ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကိုလည်း အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားကြရန်၊ ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် နေကြာအား သီးညှပ်စိုက်ပျိုးသွားရန် စီမံချက်ချ ဆောင်ရွက်လျက်ရှိရာ ဖြစ်ထွန်းအောင်မြင်မှု ရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ မြေပြင်ကွင်းဆင်း စစ်ဆေးသွားရန်လိုအပ်ကြောင်း၊ နွေစပါးစိုက်ပျိုးရာတွင် အထွက်နှုန်း တိုးတက်စေရေး၊ စိုက်ဧက တိုးတက်စေရေး စည်းရုံးဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေ အခက်အခဲရှိပါက ခရိုင်အလိုက် Mobile Solar Pump စက်များ ထောက်ပံ့ပေးထားပြီးဖြစ်၍ အကျိုးရှိရှိသုံးစွဲကြရန် လိုအပ်ကြောင်း၊ သဘာဝဓါတ်မြေဩဇာအဖြစ် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူလယ်သမားများအား အသိပညာပေးဆောင်ရွက်ကြရန် …
Read More »တင်ဒါလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြား
ပဲခူး ဒီဇင်ဘာ ၂၈ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဌာနဆိုင်ရာရုံးများ၊ စစ်ဆေးရေးဂိတ်များ လုံခြုံရေးအထူးဂရုစိုက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများလည်း အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုအခါသည် နှစ်ဝက်(Mini Budget) ဖြစ်၍ တင်ဒါလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လယ်ယာမြေအခြားနည်းသုံးစွဲခွင့် လျှောက်ထားမှုများအပေါ် သေချာစိစစ်၍ စိုက်ပျိုးနိုင်သည့် လယ်ယာမြေများ ဆုံးရှုံးမှုမရှိစေရေး ဌာနဆိုင်ရာ အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ဖြစ်ကြောင်းနှင့် စစ်တောင်းမြစ် ကမ်းပြိုနေရာများ၌ ဒီရေကာကွယ်တောများ စနစ်တကျစိုက်ပျိုးနိုင်ရေး …
Read More »ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၃/၂၀၂၁) ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၂၈ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၇)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၃/၂၀၂၁) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်သလို တိုင်းဒေသကြီး အတွင်းမှာရှိသော ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး ဝင်ငွေတိုးတက်ရရှိရေးအတွက် အရေးပါသည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအနေဖြင့် ရှိပြီးသားခရီးစဉ်ဒေသများကို သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိသလို ခရီး စဉ် ဒေသအသစ်များကိုလည်း ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အင်း၊ ဆည်၊ ရေလှောင်တမံများမှာလည်း အပန်းဖြေစခန်းများ တည်ဆောက်နိုင်ရေး မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လျက် ရှိသူအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် (၂၂)ရာခိုင်နှုန်းခန့် ကျန်ရှိနေ၍ အပြည့်အဝ ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအနေ …
Read More »