ပဲခူး မေ ၂၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက နွေရာသီအနုပညာသင်တန်း အတီး ဘာသာရပ် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ နွေရာသီအတီးဘာသာရပ်သင်တန်းမှ ကျောင်းသား/သူများက “မှုံရွှေရည်”သီချင်းဖြင့် သီဆိုဖျော်တင်ဆက်၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရိုးရာယဉ်ကျေးမှု အနုပညာများ တိုးတက် ပြန့်ပွာခြင်းသည် ပြည်သူတို့၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များဖွံ့ဖြိုးစေပြီး လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအားများ မြင့်မားလာစေကာ နိုင်ငံတော်အတွက် များစွာအထောက်အကူပြုစေနိုင်မှာဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုသည် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အသွင်သဏ္ဍာန်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ကာ သင်တန်းတက်ရောက်ခဲ့သည့် အခြေခံပညာ ကျောင်းသား/သူများအနေဖြင့် ရိုးရာယဉ်ကျေးမှု တူရိယာ များကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာတီးခတ်သင်ကြားခွင့် ရရှိခဲ့ပြီဖြစ်ကြောင်း၊ …
Read More »ကျောင်းအပ်နှံမှုရာခိုင်နှုန်းများ တိုးတက်မြင့်မားစေရေး အလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှာကြား
ပဲခူး ဇွန် ၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန်လ ၁ ရက်နေ့၊ မွန်း…
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် စာသင်တိုက်များသို့ ပိဋကတ် သုံးပုံ အဋ္ဌကထာကွန်ပျူတာစာမူ ကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇွန် ၁ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် စာသင်တိုက်များသ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှု ပြုလုပ်ပေး
ပဲခူး မေ ၃၁ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀…
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သင်္ကန်းတော် ရွှေအစစ်ချ ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း မင်္ဂလာအောင်ပွဲ အခမ်းအနားကျင်းပ
ပဲခူး မေ ၃၁ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သင်္ကန်…
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များအတွက်ဖွင့်လှစ်ခဲ့သော “အခြေခံစက်ချုပ်သင်တန်း” ဆင်းပွဲအခမ်းအနားကျင်းပ
ပဲခူး မေ ၃ဝ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိတိုင်းရင်းသားလူငယ်မျ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး မေ ၂၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ ၂၉ ရက်နေ့၊ နံန…
ပဲခူးမြို့၌ MSMEs အေဂျင်စီမှ ကြီးမှူးကျင်းပသည့် ထုပ်ပိုးမှုဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မေ ၂၉ ပဲခူးတိုင်းဒေသကြီး MSMEs အေဂျင်စီမှ ကြီးမှူးကျင်းပသည့် ထုပ်ပိုးမှုဆိုင်ရာအသိပညာပေး ဆွေးန…
ရက်(၁၀၀)စီမံချက်ဖြင့် ပဲခူးမြို့၌ သဘာဝတိုင်းရင်းငါး ဆေးထိုးသားဖောက်ပြုစုမွေးမြူခြင်းသင်တန်း ဖွင့်လှစ်
ပဲခူး မေ ၂၇ ပဲခူးမြို့၊ တိုင်းဒေသကြီးငါးလုပ်ငန်းသင်တန်းကျောင်း၌ ရက် ၁၀၀ စီမံချက်ဖြင့် သဘာဝ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး မေ ၂၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ…
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး မေ ၂၆ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ ၂၆ ရက်နေ့၊ နံနက်ပို…
နောက်ဆုံးရသတင်းများ
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး မေ ၂၂ ပဲခူးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ(၂၂)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ များက “အနာဂတ်မျှော်တွေး စဉ်ဆက်ပညာရေး”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ် ပေးခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “တစ်နိုင်ငံလုံး အသိပညာ၊ အတတ် ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကာလာရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဆိုသည့် ဦးတည် ချက်ကို အကောင်အထည်ဖော်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများအပြင် လူထုလူတန်းစားအသီးသီး ပြည်သူ တစ်ရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်မှာသာ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အနှောက်အယှက် အဟန့် …
Read More »၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်း အပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပပြုလုပ်
ပဲခူး မေ ၁၆ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်“ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားအား မေလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ တောင်ငူလမ်းနှင့် ဆေးရုံလမ်းထောင့်ရှိမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်း အနားသို့ ရောက်ရှိလာခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ဘင်ခရာတီးခတ်ခြင်းနှင့် ပန်းပွားအက ကပြခြင်း တို့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်တို့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်း အပ်နှံကြပါစို့” ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
Read More »ပဲခူးတိုင်းဒေသကြီးအဆောက်အဦများပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၅) ကျင်းပပြုလုပ်
ပဲခူး မေ ၁၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ မေလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ငလျင်ဘေးဒဏ်သင့် အဆောက်အဦများ ကွင်းဆင်းစိစစ်နိုင်ရေး ပဲခူးတိုင်းဒေသကြီးအဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့်အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း လူသေဆုံးမှုနှင့် လမ်း/ တံတားအပါဝင် အဆောက်အဦများလည်း ထိခိုက်မှုရှိခဲ့ကြောင်း၊ ငလျင်ဖြစ်ပွားပြီး နောက်တစ်ရက်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံးကောင်းမွန်စေရေး ကွင်းဆင်းစိစစ် ၍ ရက်ပိုင်းအတွင်း အမြန်ဆုံးပြုပြင်ပေးနိုင်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် ပုဂ္ဂလိကပိုင် အဆောက် အဦများသည် ၎င်းတို့နီးစပ်ရာ အင်ဂျင်နီယာမဟုတ်သောသူများနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ နံရံပြိုကျ ခြင်း၊ ခေါင်မိုးပြိုကျခြင်းများကြောင့် လူသေဆုံးရခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ် ကြောင့် ပြိုကျ၊ ပျက်စီး၊ ထိခိုက်ခဲ့သည့် အဆောက်အဦများအား အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အပတ်စဉ် နိုင်ငံ့ဝန်ထမ်းအိမ်ရာများ၌ အခြေခံစားသုံးကုန်နှင့် အသား/ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး
ပဲခူး မေ ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အပတ်စဉ် နိုင်ငံ့ဝန်ထမ်းအိမ်ရာများတွင် အခြေခံ စားသုံးကုန်နှင့် အသား/ ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား မေလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုက်လံကြည့်ရှုအားပေး ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရှင်စောပုဝန်ထမ်းအိမ်ရာသို့ ရောက်ရှိခဲ့ ရာ ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့အား လက်လီအဆင့်ဆင့်မရှိဘဲ တိုက်ရိုက်ဈေးနှုန်းဖြင့် ရောင်းချနေမှု နိုင်ငံ့ဝန်ထမ်းများမှ ဝယ်ယူနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဝန်ထမ်း အိမ်ရာများတွင်သာမက အခြေခံစားသုံးကုန်များအား ရပ်ကွက်များအတွင်းသို့လည်း Mobile Shop များ ဖြင့် ရောင်းချပေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဘုရင့်နောင် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website