နောက်ဆုံးရသတင်းများ

တိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးတက္ကသိုလ်၌ Grade 12 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူး မေ ၁၅ =============           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် မေလ (၁၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ ဖွင့်လှစ်သည့် Grade 12 သင်ရိုးသစ် ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းမွန်ရေးသည် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ဖြစ် ကြောင်း၊ နိုင်ငံသားတို့၏ အတွေးအခေါ် အယူအဆ၊ သဘောထားများ၊ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများဖြင့် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရမည်ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိသလို ခေတ်မီပညာများကို သင်ယူတတ်မြောက်စေရေး သင်ရိုးညွှန်းတမ်းများကို အဆင့်မြှင့်တင် ရေးဆွဲလျက်ရှိကာ သင်တန်းနှစ်အလိုက် စနစ်သစ်ပညာရေးကို …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း များ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး မေ ၁၁ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် မေလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းသို့ ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးသောင်းရွှေက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လူသုံးကုန်ပစ္စည်းများ မြို့နယ်အလိုက် ဖြန့်ခွဲထားရှိမှု အခြေအနေ များနှင့် သိုလှောင်ရုံအတွင်း လူသုံးကုန်ပစ္စည်းများ စနစ်တကျ သိုလှောင်သိမ်းဆည်းထားရှိမှု အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည့် နေရာ ဒေသသို့ လူသုံးကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ မဖြစ် မနေလိုအပ်သည့် ဆေးဝါး၊ အဝတ်အထည်၊ ရိက္ခာခြောက်များ ထပ်မံဖြည့်ဆည်းဆောင်ရွက်ထားရန်နှင့် သီးခြားလိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ …

Read More »

ပဲခူးတိုင်းဒသကြီးဝန်ကြီးချုပ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ၊ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြဆု ချီးမြှင့်ခြင်းအခမ်းအနားများ တက်ရောက်ချီးမြှင့်

ပဲခူး မေ ၉ =============       ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၉)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်သည့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ၊ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြဆုချီးမြှင့်ခြင်း အခမ်းအနားများသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။         ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့အနေဖြင့် မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မူဝါဒများ၊ ရည်မှန်းချက်၊ မဟာ ဗျူဟာများ ရေးဆွဲချမှတ်၍ ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်များအကို မြန်ဆန် သွက်လက် စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်း​ဒေသကြီးအတွင်း ပြည်သူလူထု၏ လူမှု စီးပွားရေး နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် ဒေသန္တရစီမံကိန်းဥပဒေကို ရေးဆွဲဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း/တံတားများ၊ …

Read More »

(၁၀၅)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာ ရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ တက်ရောက်ချီးမြှင့်

ပဲခူး မေ ၈ ===================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၈)ရက်နေ့၊ နံနက်ပိုင်းက (၁၀၅)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြု လုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့မှ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဦးတည် ချက်များအနက် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အလေးထားဆောင်ရွက် ပေးလျက်ရှိကြောင်း၊  ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ တည်ထောင်ရာတွင် ကျန်းမာရေးစောင့် ရှောက်မှုသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်ပြုစုစောင့်ရှောက်ရေး၊ မိခင်ရော ကလေးပါကျန်းမာစွာ မွေးဖွားနိုင်ရေး၊ မိခင်နှင့်မွေးကင်းစကလေး ကျန်းမာရေးမြှင့်တင်ပေးမှုလုပ်ငန်း အတွက် သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း သူနာပြုနှင့် …

Read More »

ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းဖြင့် ရင်ဆိုင် တုံ့ပြန်နိုင်ပါက ပျက်စီးဆုံးရှုံးမှု လျော့နည်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူး မေ ၇ ========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၆)ရက်နေ့၊ ညနေ ပိုင်းက တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ်ပြောင်းလဲ၍ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ရန် လမ်းကြောင်း များ ကြိုတင်ခန့်မှန်းချက်များအရ ပဲခူးတိုင်းဒေသကြီးသည်လည်း မုန်တိုင်းဒဏ်ခံရနိုင်သည့် အလာအလား များရှိနေကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထား ပြီးဖြစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တည်မြဲအမိန့်အတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း၊ မြစ်ချောင်းဘေးရှိ ရပ်ကွက်/ကျေးရွာများနှင့် မုန်တိုင်းလမ်းကြောင်းဖြတ်သန်းရာ မြို့နယ်များအား မုန်တိုင်းအန္တရာယ်ကြိုတင်အသိပညာပေးခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် ဘေး သင့် ပြည်သူများအတွက် ခိုနားရန်နေရာများအား ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းများ အညီ ပြင်ဆင်ဆောင်ရွက်ခြင်း၊ ဆန်၊ ဆီ၊ …

Read More »