နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

ညောင်လေးပင် ဇွန် ၁၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ သူနာပြု/သားဖွား သင်တန်းကျောင်း၊ ဂျုတီကုတ်/ဦးဆောင်းအပ်နှင်းပွဲနှင့် ပညရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းကျောင်း အတွက် ထောက်ပံ့ငွေကျပ်သိန်း(၅၀) ထောက်ပံ့ပေးအပ်ခဲ့ရာ တတိယနှစ် သင်တန်းသူတစ်ဦးက ကျေးဇူတင်စကား ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရသင်တန်းသား/သူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူခဲ့ကြပြီး သင်တန်းသား/သူတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်ခရိုင်၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေတာရှည်မြို့၊ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်

တောင်ငူ ဇွန် ၁၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ယမန်နေ့ မွန်းလွှဲပိုင်းက တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး မျိုး၊ မြေ၊  ရေ၊ နည်း ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် အချိန်တိုအတွင်း အဓိကသီးနှံ (၆)မျိုးနှင့်နွေစပါး ပန်းတိုင်အထွက်နှုန်း ရရှိခဲ့ပြီဖြစ်ကြောင်း၊ ယခင်တုန်းက စိုက်ပျိုးရေး အသိပညာပေးခြင်း သာ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအပြင်  တောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းကျောင်း ရှိသည့် မြို့နယ်များတွင်လည်း ဆက်ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ဒေသနှင့် ကိုက်ညီသည့် အဓိကသီးနှံများအတွက် လက်တွေ့ဦးစားပေး သင်ကြားခြင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ လစဉ်စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၁           ပဲခူးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဇွန်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက လစဉ်စာဖတ်ရှိန် မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လောကလူသားတိုင်း ဘဝအသက်ရှင် ရပ်တည်နိုင်ရေးအတွက် ရုန်းကန်ကြသည့်အခါ ပညာဆိုင်သည့် အရင်းအနှီးသည အင်မတန်တန်ဖိုးကြီးမား ကြောင်း၊ စာဖတ်ခြင်းမှ ခွဲခြားသိမြင်နိုင်သော အသိဉာဏ်ကို ရရှိနိုင်မှာဖြစ်ပြီး ကောင်းတဲ့သူနဲ့ မကောင်းတဲ့ သူကို ပညာက ခွဲခြားသတ်မှတ်ပေးနိုင်မှာဖြစ်ကြောင်း၊ စာကြည့်တိုက်များသည် လူသားများအတွက် ဘဝတက္ကသိုလ်ကြီးအဖြစ် အလားသဏ္ဍာန်တူသဖြင့် လူငယ်မောင်မယ်များအနေဖြင့် စာပေများများ ဖတ်ရှုလေ့လာရန်လိုအပ်ပြီး စာဖတ်ရှိန်ကောင်းလာလျှင် ဖတ်သင့်သည့်စာနှင့် မဖတ်သင့်သည့်စာကို ခွဲခြားသိမြင်လာမှာဖြစ်ကြောင်း၊ သုတစာပေဖတ်ရှုခြင်းအားဖြင့် ဉာဏ်ပညာထက်မြတ်စေပြီး ရသစာပေ ဖတ်ရှုခြင်းအားဖြင့် နှလုံးစွမ်းအင်ကို ပြည့်ဝလာစေမှာဖြစ်ကြောင်း၊ ထူးချွန်သော လူငယ်မောင်မယ်များ ဖြစ်လာစေရေန် အမျှော်အမြင်ရှိခြင်း၊ မေတ္တာတရားရှိခြင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇွန် ၈ =========== ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးအားကစားကွင်း၌ ဇွန်လ(၇)ရက်နေ့၊ ညနေပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ အားကစားဝါသနာရှင်ပရိတ်သတ်များ ကြည်ရှုအားပေးခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးခရိုင်ဘောလုံးအသင်းနှင့် သာယာဝတီခရိုင် ဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအားကြည့်ရှု့အားပေးခဲ့ရာ ပဲခူးခရိုင်ဘောလုံးအသင်းက သာယာဝတီခရိုင်ဘောလုံးအသင်းအား (၂)ဂိုး(၁)ဂိုး အနိုင်ရဗိုလ်စွဲခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ဗိုလ်လုပွဲနေ့ပွဲစဉ်တွင် အကောင်းဆုံး အားကစားသမားဆု(Man of the Match)ရရှိသူ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုရရှိသူ၊ အကောင်းဆုံးနောက်တန်းဆုရရှိသူ၊ အကောင်းဆုံးအလယ်တန်းဆုရရှိသူ၊ အကောင်းဆုံးရှေ့တန်းဆုရရှိသူ နှင့် အကောင်းဆုံး အားကစားသမားဆုရရှိသူတို့အား ပဲခူးတိုင်းဒေသအစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့် ဝန်ကြီးများကလည်းကောင်း၊ တတိယဆုရရှိသော နတ်တလင်းခရိုင်ဘောလုံးအသင်းအား …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

ပဲခူး ဇွန် ၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သည် ဇွန်လ(၇)ရက်နေ့၊ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ဧရိယာအတွင်း ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် ရာသီဥတုမျှတကောင်းမွန်ပြီး တိုင်းပြည်၏ စိုက်ပျိုးသီးနှံများကို အဓိကထုတ်လုပ်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အပြင် အရှေ့ အနောက် ပိုင်းခြားထားသည့် ပဲခူးရိုးမကြီးပိုင်ဆိုင်ထားပြီး သစ်မျိုးစုံပေါက်ရောက်ရာ၊ သားငှက်တိရစ္ဆာန်များ မှီတင်းနေထိုင်ရာ နေရာတစ်ခုလည်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးဧရိယာတစ်ခုလုံး၏(၄၂)ရာခိုင်နှုန်း ကျော်သည် အမြဲစိမ်းသစ်တောများ ဖုံးလွှမ်းလျက်ရှိပြီး လျော့နည်းသွားခဲ့ရသည့် သစ်တောဧရိယာများတွင် အဖိုးတန် ကျွန်း၊ ပျဉ်းကတိုး၊ ယမနေစသည့် သစ်မျိုးများအား နိုင်ငံတော်မှ အကုန်အကျခံ၍ နှစ်စဉ်စိုက်ပျိုး လျက်ရှိကြောင်း၊ သစ်တောများအပါအဝင် သဘာဝ သယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက်ပေးခြင်းသည် လူသားအကျိုး စီးပွားအပြင် နောင်အနာဂတ်အတွက် …

Read More »